Wednesday, November 13, 2013

တိုက်ကြီးမြို့နယ်တွင် လူသတ်မှုဖြစ်

0 comments
13.11.2013

တိုက်ကြီးမြို့နယ်၊ ကတိုင်စိန်ကျေးရွာအုပ်စု၊ ဆောက်ဝိုင်းကြီးကျေးရွာနေ ကိုလွှမ်းမိုးအောင်သည်တော်လတီကျေးရွာတွင် ရေတုံကင်တူးသည့်လုပ်ငန်းအား ညအိပ်သွားရောက်လုပ်ကိုင်နေရာမှ ၁၃.၁၁.၂၀၁၃ရက်နေ့ ၀၈၀၀အချိန်ခန့်တွင် ၎င်း၏ဇနီးဖြစ်သူ မတင်တင်ဝင်းသည် နေအိမ်တွင် ဒဏ်ရာများဖြင့်လဲကျနေကြောင်း ကြားသိရ၍သွားရောက်ကြည့်ရှုခဲ့ပါသည်။

နေအိမ်တွင်ဇနီးဖြစ်သူမှာ ဦးခေါင်းနောက်စေ့၊ မျက်နှာ၊၀ဲ/ယာလက်တို့တွင်ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရပြီး မတင်တင်ဝင်းမှ အိမ်နီးချင်းနေ ကိုတင်အုန်းလေး (ဘ)ဦးထွန်းရွှေထံ ငါးဖမ်းပိုက်ဖိုးငွေအကြွေးတောင်းသည့် ကိစ္စကို မကျေနပ်ဖြစ်ကာ တင်အုန်းလေးမှ မတင်တင်ဝင်းအား ထင်းခုတ်ဓါးမဖြင့် ခုတ်သောကြောင့် ဒဏ်ရာရသေဆုံးခြင်း ဖြစ်ကြောင်းသိရှိရ၍ တင်အုန်းလေး အားအရေးယူပေးရန် တိုင်တန်းသဖြင့် ကတိုင်စိန်နယ်မြေရဲစခန်း(ပ)၄၉/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here