Monday, November 4, 2013

အကြမ်းဖက် တိုက်ခိုက်ခံရ၍ ပေါက်တောမြို့နယ်တွင် အမျိုးသမီး တစ်ဦး သေဆုံး၊ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရ

0 comments


၎.၁၁.၂၀၁၃

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ ငါးရှာ ဂုံးကောက်နေသော အမျိုးသမီး အုပ်စု တစ်ခုအား ဆင်တက်မော် ဒုက္ခသည် စခန်းမှ မွတ်ဆလင် အချို့မှ ဓါးလှံများဖြင့် တိုက်ခိုက်သဖြင့်အမျိုးသမီးတစ်ဦးပွဲချင်းပီး သေဆုံးပြီးတစ်ဦးမှာဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသည်ဟု သတင်း ရရှိသည်။

သေဆုံးသွားသူု အမျိုးသမီးမှာ ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာမှ ကလေး (၄) ယောက် မိခင် ဦးအောင်ထွန်းဖြူ၏ ဇနီး ဒေါ်မလှခင် (၃၈) နှစ် ဖြစ်ကြောင်း ကျေးရွာ လူကြီး တစ်ဦးဖြစ်သူ ဦးထွန်းအေးသိန်းက နိရဉ္စရာသို့ ပြောသည်။

အခြား ဒဏ်ရာ ရရှိသွားသူု အမျိုးသမီးမှာ မမေသန်းခင် (၁၇) နှစ်ဖြစ်ပြီး လက်မောင်းတစ်ဘက် ပြတ်ထွက်သွားခဲ့သည်ဟု သူက ဆိုသည်။၎င်းအဖြစ်အပျက်မှာ ယနေ့ နိုဝင်္ဘာလ ၂ ရက်နေ့ ညနေ ၄ နာရီခွဲတွင် ဆင်အိုင်ကျေးရွာအနီးရှိ မြစ်တွင် ငါးရှာနေစဉ် ဖြစ်ပွားခဲ့သည်ဟု ဦးထွန်းအေးသိန်းက ပြောသည်။

“ ငါးရှာ ဂုံးကောက်သွားတဲ့ အမျိုးသမီးက တစ်ဆယ်ကျော် ဖြစ်ပါတယ်။ ပထမ ငါးယောက် ခြောက်ယောက်က ငါးရှာပြီး မြစ်ကမ်းကနေ အိမ်ကို ပြန်တက်လာကြတယ်။ နောက် ငါးယောက်က ကျန်နေခဲ့ပါတယ်။ အဲဒီကျန်နေခဲ့တဲ့ အုပ်စုကို ဆင်တက်မော် စခန်းက ဘင်္ဂလီ အုပ်စု တစ်ခုက နှင်တို့ ရခိုင်တွေ မဟုတ်ဘူးလားဆိုပြီး လှံတွေနဲ့ထိုး၊ ဓါးတွေနဲ့ ခုတ်ကြပါတယ်။ မလှခင်က လှံနဲ့ အထိုးခံရတဲ့ အတွက် ပွဲချင်းပီး ဆုံးပါတယ်။ မမေသန်းခင်က လက်မောင်း ပြတ်ထွက်သွားပါတယ်” ဟု ဆိုသည်။

မမေသန်းခင်ကို ဒဏ်ရာ ပြင်းထန်သဖြင့် ချက်ချင်း စစ်တွေ ဆေးရုံကို ပို့လိုက်ရပြီး ညနေ (၆) နာရီကျော်တွင် စစ်တွေ ဆေးရုံကြီးသို့ ရောက်ရှိပြီး အတွင်းလူနာ အဖြစ် တင်ထားရသည်ဟု သိရသည်။

ရခိုင်အမျိုးသမီးများအနေဖြင့် သူတို့နှင့် တစ်စုံတစ်ရာ စကားများ ရန်ဖြစ်ခြင်း မရှိဘဲ အလိုလို လာရောက်ပြီး တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ အဓိက ဆင်တက်မော် စခန်းသို့ ပြောင်းရွှေ့နေထိုင်သူ ငှက်ချောင်း ဒုက္ခသည် စခန်းမှ ဘင်္ဂလီ သုံးဦးမှ ဦးဆောင် တိုက်ခိုင်ခြင်းဖြစ်ကြောင်း ဦးထွန်းအေးသိန်းက ပြောသည်။

ပေါက်တောမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင်အား နိရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ ရခိုင်အမျိုးသမီး တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာ ရရှိသွားခြင်းမှာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားပြီး တပ်အင်အား နည်းနေသဖြင့် ဒေသခံများက လုံခြုံရေး အကူအညီတောင်း၍ ပေါက်တောမြို့ရှိ ဗျူဟာမှူးကို အကြောင်းကြားခဲ့သည်ဟု ၎င်းက ပြောဆိုသည်။ပေါက်တောရဲစခန်းအား ဆက်သွယ်မေးမြန်းရာ ရဲတပ်ဖွဲ့ဝင်များကို စေလွှတ်ထားပြီ ဖြစ်ပါသဖြင့် လုံခြုံရေး စိုးရိမ်စရာမရှိပါဟု ပြောသည်။

ယခုအခါ ဆင်အိုင် ကျေးရွာသို့ ခမရ ၅၃၁ မှ တပ်ဖွဲ့တစ်ခုနှင့် ရဲတပ်ဖွဲ့ တစ်ခုတို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ ယခု သတင်းရေးချိန် ညနေ ၁၀ နာရီ အထိ အာဏာပိုင်များမှ ပြစ်မူ ကျူးလွန်သူများကို တစ်စုံတစ်ရာ ဖမ်းဆီး အရေးယူမူများ မရှိသေးဟု သိရသည်။


နိရဉ္စရာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here