Monday, November 4, 2013

ကိုယ်ကျိုးရှာ ဗိုလ်မှူးနှင့် ရဲ တို့ ပူပေါင်းပြီး အပြစ်မဲ့ ပြည်သူတွေကို နှိပ်စက်နေခြင်းလား---

0 comments



အေးသာယာ၊၂-၁၁-၂၀၁၃။

တောင်ကြီးမြို့ နယ် အေးသာယာမြို့ သစ် နမ(၉)ရက(၆) အကွက်ကြီး(၅၂)သည်ဦးကြာပွါးလက်ရှိစိုက်

ပျိုးနေသော အကွက်ဖြစ်ပါသည်။ထိုအကွက်နှင့်ကပ်လျှက် တည်ရှိသောမြေကွက်တွင်ယခုရက်ပိုင်း အတွင်း ရန်ကုန်မြို့ မှလုပ်ငန်းရှင်တစ်ဦးသည်ဟိုတယ်ဆောက်မည်ဟုရည်ရွယ်လျှက်မြေကြီးများ တူးဖေါ်နေကြောင်း သိရပါသည်။ယင်းစွန့် ပစ်မြေများကို ဦးကြာပွါးလက်ရှိစိုက်ပျိုးနေသောရေမွှေးသပြေခြံထဲသို့ ကား
ကြီးများနှင့် အခေါက်ခေါက်အခါခါ သယ်ယူစွန့် ပုံလျှက်ရှိခြင်းကြောင့် စိုက်ခင်းပိုင်ရှင်ဦးကြာပွါး ၏သပြေပင် (၅၀၀၀)ခန့် ပျက်စီးသွားကြောင်းသတင်းရရှိပါသည်။

ရေမွှေးသပြေစိုက်ခင်းပိုင်ရှင်ဦးကြာပွါးမှပြောပြရာတွင်-ကျွန်တော်ဒီ မြေကွက်ပေါ်မှာစိုက်ပျိုးလာတာနှစ်ပေါင်း (၂၃)နှစ်ရှိပါပြီ၊ရေမွှေးသပြေစိုက်တာကလွန်ခဲ့တဲ့(၃)နှစ်ကပါ၊။အခုကျွန်တော့်ကိုဘာမှလည်းအကြောင်းမကြားဘဲစိုက်ခင်းထဲကိုဒီမြေနီတွေလာပုံနေတာပါ၊ကျွန်တော့ရဲ့သပြေပင်တွေလည်းမြင်ရတဲ့အတိုင်းအားလုံး ပျက်စီးကုန်ပါပြီ။ကျွန်တော့မြေကွက်နဲ့ အဲဒီအဆောက်အဦးဆောက်နေတဲ့မြေကွက်ကြားထဲမှာရေချောင်း တစ်ချောင်းခြားပါတယ်။အဲဒီရေချောင်းကိုလည်းသူတို့ ရဲ့စွန့် ပစ်မြေတွေဖို့ ပစ်လို့ ပျောက်သွားပါပြီ။ ဆက်ပြီးတော့ကျွန်တော့ခြံထဲကိုတောက်လျှေက်လာပုံပစ်နေတာပါ-ဟုစိုက်ခင်းပိုင်ရှင်မှပြောပြပါသည်။

ဦးကြာပွှါး ၏သပြေစိုက်ခင်းနှင့်ကပ်လျှက်မြေကွက်သည် ဗိုလ်မှူးကြီးခင်မောင်ညိုပိုင်ဆိုင်သည့်မြေ ကွက်ဖြစ်ကြောင်း၊ယခုအဆောက်အဦးဆောက်သည့်လုပ်ငန်းရှင်မှာရန်ကုန်မှ လာသောလုပ်ငန်းရှင်ဖြစ်ကြောင်း စည်ပင်သာယာဥပဒေအရဆိုလျှင် အဆောက်အဦးတစ်ခုဆောက်မည်ဆိုပါကအရပ်လေး မျက်နှာဘေး ပါတ်ဝန်းကျင် ၏သဘောတူညီမှုလက်မှတ်ကိုရယူရကြောင်း၊သို့ သော်ယခုကိစ္စတွင် သဘောတူညီမှုရယူရန်အထိပင်မစဉ်းစား၊လက်ရှိလုပ်ကိုင်နေသောစိုက်ခင်းပိုင်ရှင်ကိုအလေးမထား၊အကြောင်းမကြားခွင့်မပန်၊ စိုက်ခင်းအားလုံးပျက်စီးသွားမှုကိုလည်း ဂရုမစိုက်ဘဲလုပ်ဆောင်နေကြကြောင်းစိုက်ခင်းပိုင်ရှင် မိသားစုမှပြောပြပါသည်။

အဆောက်အဦးဆောက်လုပ်ရန်ရည်ရွယ်နေသောမြေကွက်လုပ်ငန်းခွင်ဝင်နေသောအလုပ်သမားများကပြောပြရာတွင်- ယခုမိမိတို့  ၏လုပ်ငန်းရှင်မှာရန်ကုန်မှဖြစ်ပြီး၊ဒီနေရာသည် ဟော်တယ်ဆောက်လုပ်မည့်နေရာဖြစ်ကြောင်း ၊မြေကွက်ကိုပိုင်ဆိုင်သည့်သူမှာဗိုလ်မှူးကြီးခင်မောင်ညိုမှပိုင်ဆိုင်ပြီးလုပ်ငန်းအတွက်အောက်ခြေဖောင်ဒေးရှင်း တူးရာမှထွက်ရှိသောမြေစာများကိုကပ်လျှက်ခြံတွင်းသို့ စွန့် ပစ်နိုင်သည်ဟု အေးသာယာရဲစခန်းမှစခန်း
မှူးဦးသိန်းတန်မှ ပြောထားသဖြင့် မိမိတို့ အနေနှင့်ပစ်ကြရကြောင်း၊ကပ်လျှက်မြေတွင် စိုက်ပျိုးခြံ ရှိနေခြင်းကိုတော့ မိမိတို့ ရန်ကုန်မှလာကြရသောကြောင့်မသိရကြောင်း-ပြောပြသည်။

“ဥပဒေဘက်တော်သားဖြစ်လျှက်နှင့်တစ်ဦးတစ်ယောက်တည်း၏ငွေကြေးအကျိုးစီးပွါးကိုအကာအကွယ်ပေးပြီး အများပြည်သူအကျိုးစီးပွါးပျက်စီးအောင် မင်းမဲ့စရိုက်ဆန်ဆန်ပြု လုပ်နေသော ပြည်သူ့ ရဲဟုအမည်ခံထားသူများ ၏ လုပ်ရပ်ကြောင့် ယနေ့ လက်ရှိအချိန်တွင် ဆင်းရဲနွမ်းပါးသောလက်လုပ် လက်စား၊တောင်ယာသမား၊ လယ်သမားတို့ မှာ အကျိုးပျက်ဆီးနစ်နာဆုံးရှုံှး မှုများစွာကြုံတွေ့ နေကြ ရကြောင်း’’ရေမွှေးသပြေစိုက်ခင်း
ပိုင်ရှင်ဦးကြာပွားမှပြောကြားပါသည်။

ဈာန်လင်းလက်-(မောဌာနီ)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here