Friday, November 8, 2013

ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေးဆိုင်ရာအစီရင်ခံစာ တစ်လနောက်ကျတင်သွင်းခြင်းကို လွှတ်တော်ကအတည်ပြု

0 comments
ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေး ဆိုင်ရာအစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော် သို့တင်သွင်းရမည့် သတ်မှတ်ရက်နောက် တစ်လ နောက်ကျတင်သွင်းခြင်းကို ယနေ့ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်သည်။

ယနေ့ကျင်းပသည့်ပထမအကြိမ်ပြည်ထောင်စု လွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေး ဒသမ မြောက်နေ့တွင် ဖွဲ့ စည်း ပုံ အခြေခံဥပဒေလေ့လာ သုံးသပ်ရေးပူးပေါင်းကော်မတီက အဆိုပြုတင်ပြ ချက်တစ်ခု ကို ပြည်ထောင်စု လွှတ်တော် သို့ တင် သွင်းရာတွင် ပြည်ထောင်စုလွှတ်တော်ကအတည် ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါကော်မတီက ပြည်ထောင်စု လွှတ် တော်အမိန့်ကြော်ငြာစာအမှတ် (၅၉/၂ဝ၁၃) အရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏အစီရင်ခံစာကို ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ ပြည်ထောင်စု လွှတ် တော်သို့ တင်ပြရန်အစား ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မတိုင် မီ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရန်ပြင်ဆင်ချက်အဆိုတင်သွင်းခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီဝင် ရှမ်းတိုင်းရင်းသားဒီမို ကရက် တစ်ပါတီ မှ ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ်ဒေါက်တာစိုင်းကျော်အုန်းအား ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီးအဖြစ်ခန့်ထားပြီးဖြစ်သဖြင့် ၄င်းအစား သိန္နီမဲဆန္ဒနယ်မှ ဦးစိုင်းဝင်းခိုင် အား ပြောင်းလဲတာဝန်ပေးအပ်ရန်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှအမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)အစား မဲဆန္ဒနယ်အမှတ်(၂) မှ ဦးဝင်းမောင်ကိုပြောင်းလဲတာဝန်ပေးအပ်ရန် အဆိုကိုလည်း တင်သွင်းခဲ့သည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here