Friday, November 8, 2013

တိုးမြှင့်လိုက်သော လျှပ်စစ်မီတာခများ ပြန်လျှော့ချရေး သီးသန့်အဆိုတင်နိုင်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း သုံးသပ်ပြောကြား

0 comments


အဆိုတင်သွင်းမည်ဖြစ်ရာ အောင်မြင်ပါက လျှပ်စစ်ဝန်ကြီးဌာနအနေဖြင့် လက်ရှိသတ်မှတ်သည့် ဓာတ်အား ခနှုန်း ထားများကို ပြန်လည်ပြင်ဆင်ရမည်  

8.11.2013


ယခုလ ၈ ရက်(ယနေ့)ပြုလုပ်မည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် လျှပ်စစ်စွမ်းအား ဝန်ကြီး ဌာန ကတိုးမြှင့်ကောက်ခံတော့မည့် လျှပ်စစ်မီတာခများ လျှော့ချရန်အဆိုတစ်ရပ်ကို ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီအတွင်းရေးမှူး ဦးအေးမောက်က တင်သွင်း သွားမည်ဖြစ်သည်။

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဒသမမြောက်နေ့တွင် အာရှဖွံ့ဖြိုးရေးဘဏ်မှ အတိုးနှုန်းသက်သာသော ချေးငွေ အမေရိကန် ဒေါ်လာသန်း ၆ဝချေးယူပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ကွန်ရက်များကို တိုးတက်ကောင်းမွန်ရန် ဆောင်ရွက်ရေးကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင်ခေါင်းစဉ် နှင့် မသက်ဆိုင်သော အထက်ပါကိစ္စရပ်များ ပါဝင်သဖြင့် ပြည်ထောင်စုလွှတ်တော် နာယကသူရ ဦးရွှေမန်းက ယင်းအကြောင်းအရာကို အဆိုတစ်ရပ်ဖြင့် တင်သွင်းရန် သုံးသပ်ခြင်းကြောင့် ယခုလ ၈ ရက်(ယနေ့)တွင် အဆိုအဖြစ်တင်သွင်းမည်ဟု သိရသည်။   

ပြည်ထောင်စုလွှတ်တော်နာယကက''တင်ပြ ဆွေးနွေးတဲ့နေရာမှာ လျှပ်စစ်ဓာတ်အားပြည့်စုံမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ပိုလာမယ်ဆိုတဲ့ စကားမှန်ပါတယ်။        

ဒီ့ထက်ပိုလိုအပ်တာကတော့ ပြည်တွင်းမှာရှိတဲ့နိုင်ငံသားများ လျှပ်စစ်ဓာတ် ပိုမိုရရှိရေးဟာ ပိုလို့တောင် အရေး ကြီးတယ်လို့ ယူဆပါတယ်။ နောက်တစ်ခုကတော့ တင်ပြ ဆွေးနွေးသွားတဲ့နေရာမှာ လျှပ်စစ် ဓာတ်အား ဈေးနှုန်းမြင့်တက်မှုကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေး တာ ဒီခေါင်းစဉ်နဲ့မဆိုင်ပါဘူး။ တကယ်လို့ လျှပ်စစ်ဓာတ်အား မြင့်တက်မှုကို ပြန်လျှော့ချဖို့ လိုတယ်ဆိုရင်၊ လိုတယ်ဆိုတဲ့ခံယူချက်ယုံကြည် ချက်ရှိတယ် ဆိုရင် သီးခြားအဆို တစ်ရပ် လွှတ်တော်မှာတင်ပြဆွေးနွေးသွားဖို့လိုပါတယ်''ဟု ဦးအေးမောက်၏ ယနေ့ ဆွေးနွေးမှု အပြီး၌ သုံးသပ် ပြောကြားခဲ့သည်။       

တင်သွင်းမည့်အဆိုနှင့်စပ်လျဉ်း၍ စီမံကိန်း နှင့်ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ အတွင်း ရေးမှူး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်က ဓာတ်အားခများ တိုးမြှင့် ကောက်ခံခြင်းအပေါ် ပြည်သူလူထုအသံ ထွက် လာခြင်းကြောင့် တင်သွင်းရခြင်းဖြစ်ကြောင်း၊ လက်ရှိသတ်မှတ်လိုက်သည့်နှုန်းကို လျှော့ချစေ မည် ဖြစ်ကြောင်း၊ တစ်ယူနစ် ၃၅ ကျပ်နှုန်းကို ယူနစ် ၁ဝဝ အထိသတ်မှတ်သည်ဆိုပါက ယူနစ် ၂ဝဝအထိ တိုးမြှင့်ပေးရန်နှင့် ဈေးနှုန်းများလျှော့ချ ပေးရန်၊ ဝန်ဆောင်မှုများကို နိုင်ငံတကာစနစ်သို့ ပြောင်းလဲသွားရန် အဓိက ထားတင်ပြသွားမည် ဖြစ်ကြောင်း ပြောကြားသည်။ 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရဲထွန်း က ''လျှပ်စစ် ဓာတ်အားခများမှာ ဖြစ်သင့်ဖြစ် ထိုက်သည်ထက် ပိုနည်းနေလျှင်လည်း မကောင်း သလို ဖြစ်သင့်ဖြစ်ထိုက်သည်ထက်ပိုများနေလျှင် လည်း မကောင်းပါ ။ ဖြစ်သင့် သည်ထက်ပိုနည်း နေလျှင် နိုင်ငံတော်က အမြဲတမ်းအရှုံးပြနေမည်။ အခြား လျှပ်စစ် ဓာတ်အား မရရှိသော ပြည်သူများ အတွက် ထပ်မံတိုးချဲ့ပေးဝေရေးတွင် အနှောင့် အယှက်ဖြစ်မည်။ ထို့ပြင် လျှပ်စစ် ဓာတ်အားကို ဈေးပေါပေါရသဖြင့် ချွေတာစွာမသုံးဘဲ အလ ဟဿဖြုန်းတီးမှုများပေါ်လာမည်။ သို့ဖြစ်လျှင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနှောင့် အယှက်ဖြစ်စေလိမ့်မည်။ ဖြစ်သင့်ဖြစ်ထိုက်သည် ထက် ပိုမိုများပြား နေလျှင်လည်း ပြည်သူလူထုမှာ လျှပ်စစ်မီတာခအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်မည်။ လူနေမှု အဆင့်အတန်း များကျဆင်းမည်။ ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွင် လျှပ်စစ်ဓာတ်အားခ ဈေးကြီးသဖြင့် အိမ်နီးချင်းနိုင်ငံများ၏ ထုတ်ကုန် များကိုမပြိုင်ဆိုင်နိုင်ဖြစ်မည်။          

သို့ဖြစ်လျှင် နောက် ဆက်တွဲအဖြစ် ကုန်ထုတ်လုပ်ငန်းများ ရပ်ဆိုင်း ကုန်မည်။ အလုပ်လက်မဲ့များ ပေါ များလာမည်။ သို့ဖြစ်ရာ လျှပ်စစ်မီတာခမှာ ရှိသင့်ဖြစ်သင့်သည့် အတိုင်းအတာတစ်ခုအတွင်းဖြစ်သင့်ပြီး အဓိက ထားလုပ်ဆောင်သင့်သည်မှာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုတွင် အလေအလွင့် မဖြစ်ရေး (လူကြောင့်တရားမဝင် ခိုးယူမှုများပပျောက်ရေးနှင့် လုပ်ငန်း သုံးပစ္စည်းများခေတ်မီရေး)တို့ကို အာရုံစိုက်လုပ် ဆောင်ပြီးမှသာ ဓာတ်အားခများကို အလျော့ အတင်းပြုလုပ်သင့်ပါသည်''ဟု သဘောထား မှတ်ချက်ပြုသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here