Thursday, November 14, 2013

ဖုန်းငွေဖြည့်ကတ် ထုတ်လုပ်မည့် ကုမ္ပဏီများကို တင်ဒါခေါ်ယူထား

0 comments
14.11.2013

ကြိုတင်ငွေပေးစနစ်သုံးဖုန်းများအတွက် ဖုန်းငွေဖြည့်ကတ်ထုတ်လုပ်မည့်အခြားကုမ္ပဏီများကို လုပ်ကိုင် ရန် တင်ဒါခေါ်ယူ ထားကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ဒု-၀န်ကြီး ဦးသောင်းတင်က နိုဝင်ဘာ ၁၃ ရက် ပြည်သူ့လွှတ်တော်တွင် ပြောကြားသည်။

“Prepaid Top Up Card ကို ပိုမိုကျယ်ပြန့်စွာထုတ်လုပ်ရောင်းချနိုင်ဖို့အတွက် လက်ရှိကုမ္ပဏီငါးခုအပြင် အခြားကုမ္ပဏီများကိုလည်း တင်ဒါခေါ်ယူထားပါတယ်။ ကုမ္ပဏီတစ်ခုချင်းကို စိစစ်ပြီး နည်းပညာပိုင်း အရ ဆောင်ရွက်နိုင်ခြင်းရှိ မရှိ၊ ငွေရေးကြေးရေး လုံလောက်မှုရှိ မရှိ စိစစ်ပြီးဆောင်ရွက်နေပါတယ်”ဟု ဦးသောင်းတင်က ပြောသည်။

ယင်းအပြင် ဖုန်းငွေဖြည့်ကတ်ထုတ်လုပ်နေသည့်ပြည်တွင်းနည်းပညာကုမ္ပဏီများကို ဈေးကွက်တွင် အပြိုင်အဆိုင်ဖြင့် ဈေးလျှော့ ရောင်းချသည့်လုပ်ရပ်များအတွက် ကန့်သတ်ဆောင်ရွက်မှုများ မပြုလုပ်ကြောင်းကိုလည်း ဒု-၀န်ကြီး ဦးသောင်းတင်က ပြောသည်။

နိုဝင်ဘာ ၁၃ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ပေါက် မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ညို၏ “ဖုန်းငွေဖြည့်ကတ်ရောင်းချသည့် ကုမ္ပဏီများကို ဈေးကွက်အတွင်း အပြိုင်အဆိုင်ဈေးလျှော့ရောင်းချနေမှုများအပေါ် ဆက်သွယ်ရေးလုပ် ငန်းက တားမြစ်ကန့်သတ်ခြင်းများ ရှိ၊ မရှိ” မေးမြန်းချက်များကို ဒု-၀န်ကြီးက ဖြေကြားခဲ့ခြင်းဖြစ်သည်။

“လွတ်လပ်သော ဈေးကွက်ရဲ့ သဘောတရားကို ဟန့်တားတဲ့ကိစ္စများဖြစ်တဲ့ ဖုန်းငွေဖြည့်ကတ်ဈေးနှုန်း ကန့်သတ်ခြင်းများကို ညွှန်ကြားချက်အမိန့် စသည်တို့ကို ညွှန်ကြားချက် ထုတ်ပြန်ပြီးတော့ တားမြစ်ခြင်း မျိုး၊ ကန့်သတ်ခြင်းမျိုး ပြုလုပ်ခြင်းမရှိခဲ့ပါဘူး”ဟုလည်း ဒု-၀န်ကြီးက ပြောသည်။

လက်ရှိတွင် GSM၊ WCDMA၊ CDMA 800MHz နှင့် CDMA-450 MHz မိုဘိုင်းဖုန်းများတွင် အသုံးပြုသည့် ငွေဖြည့်ကတ် (Prepaid Top Up Card) များကို ကုမ္ပဏီငါးခုက ထုတ်လုပ်ရောင်းချနေပြီး အဆိုပါ ကုမ္ပဏီများမှာ Asia Mega Link Co., Ltd.၊ Global Telephone Co., Ltd.၊ တာမိုးညဲချမ်းသာထွန်းဝေ သာကုမ္ပဏီ၊ ရတနာပုံတယ်လီပို့နှင့် Elite Tech IT Services Co., Ltd. တို့ဖြစ်သည်။

ဖုန်းကတ်ထုတ်လုပ်ရောင်းချနိုင်မည့် ကုမ္ပဏီများကို ဆက်သွယ်ရေးလုပ်ငန်းက ၂၉-၉-၂၀၁၃ က စတင်တင်ဒါခေါ်ယူခဲ့ပြီး တင်ဒါပိတ်သိမ်းသည့် ၁၄-၁၀-၂၀၁၃ အထိ တင်ဒါတင်သွင်းသည့်ကုမ္ပဏီ ၂၁ခုအထိ ရှိကြောင်း သိရသည်။

နောက်ပိုင်းတွင်လည်း ခဲခြစ်ရသည့် ဖုန်းငွေဖြည့်ကတ်များအပြင် Electric Charger စနစ်ဖြင့် ဖုန်းပြော ဆိုခ ငွေဖြည့်သွင်း နိုင်သည့် စနစ် ကိုလည်း အကောင်အထည်ဖော်ပြုလုပ်သွားမည်ဖြစ်သည်ဟုလည်း ဒု-၀န်ကြီးက ပြောသည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here