Friday, November 8, 2013

လက်ရှိ အချိန်သည် နိုင်ငံတော် တည်ငြိမ် အေးချမ်းရန်နှင့် ဖွံ့ဖြိုး တိုးတက်ရန် အခြေအနေ ကောင်းများ ရရှိ ထားပြီဖြစ်၊ အားလုံး ညီညီ ညွတ်ညွတ်ဖြင့် ပူးပေါင်း ဆောင်ရွက်

0 comments



ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ၊ ဒုတိယ ဝန်ကြီးများ၊ တာဝန်ရှိ သူများ နှင့်အတူ ယနေ့နံနက် ၈နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ခပေါင်းခန်းမ၌ တောင်ငူခရိုင် အတွင်းရှိ မြို့နယ်(၅) မြို့နယ်မှ ရေဘေးသင့် ပြည်သူများအား တွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။

ထိုသို့ တွေ့ဆုံရာတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဥာဏ်ဝင်းက တောင်ငူခရိုင်အတွင်း ရေကြီး နစ်မြုပ်ခဲ့မှု ၊ ရေဘေးသင့် ဒေသများတွင် ကယ်ဆယ်ရေး လုပ်ငန်း များ ဆောင်ရွက်ခဲ့မှု၊ ထောက်ပံ့ကူညီ ဆောင်ရွက်ခဲ့မှု အခြေအနေနှင့် ဆက်လက် ဆောင်ရွက်မည့် ရေကြီး နစ်မြုပ်မှု ကာကွယ်ရေး လုပ်ငန်း အစီအစဉ်များ ကိုလည်း ကောင်း၊ ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်က လယ်ယာမြေများ ပျက်စီး ဆုံးရှုံးခဲ့မှုအား လယ်ယာမြေ စစ်တမ်း ကောက်ယူနေမှုနှင့် ပံ့ပိုးကူညီ ဆောင်ရွက်ပေးမည့် အစီ အစဉ်များ၊ တစ်နိုင်ငံလုံး၌ လယ်ယာမြေ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေမှု အခြေအနေများနှင့် ပဲခူးတိုင်း ဒေသကြီးအတွင်း မျိုးကောင်းမျိုးသန့်များ ဖြန့် ဖြူးပေးမည့် အစီအစဉ် များကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ နှင့်အတူ လိုက်ပါလာကြသည့် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေသက်ခင် ၊ ဒေါက်တာ ဒေါ်မြတ်မြတ် အုန်းခင်၊ ဦးဝင်းမြင့်နှင့် ခေတ္တ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးမြင့်တို့က ကဏ္ဍအလိုက် ပံ့ပိုးကူ ညီဆောင်ရွက်ပေး သွားမည့်အစီအစဉ် များကို ရှင်းလင်းတင်ပြကြသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အမှာစကား ပြောကြားရာတွင် ရေကြီး နစ်မြုပ်မှုဒဏ်ကို ခံစားခဲ့ရ သည့် ပြည်သူ များအား ပြည်ထောင်စု အစိုးရနှင့် တိုင်းဒေသကြီး အစိုးရတို့ ပူးပေါင်း အကူ အညီပေး နိုင်ရန်အတွက် လာရောက်ခြင်း ဖြစ်ပါကြောင်း၊ ယခုနှစ်တွင် ရာသီဥတု ဖောက်ပြန်မှု များကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် မိုးခေါင်မှုများ ဖြစ်ပေါ် ခဲ့သကဲ့သို့ ကရင်ပြည်နယ်၊ မွန်ပြည်နယ် များတွင်လည်း မကြာမီ လများအတွင်း က ရေကြီး နစ်မြုပ်မှုများ ဖြစ်ပေါ် ခဲ့ပါကြောင်း၊ နိုင်ငံတော် အစိုးရ အနေဖြင့် ထိုဒေသများတွင် ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ ရပါကြောင်း၊

ယခု တောင်ငူ၊ ရေတာရှည်၊ ထန်းတပင်၊ အုတ်တွင်းမြို့နယ် များတွင်လည်း အခါမဟုတ် မိုးကြီးခဲ့သည့် အတွက် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ရသဖြင့် လိုအပ်သည်များ ကူညီပံ့ပိုး ပေးနိုင်ပါရန် မိမိတို့ လာရောက် ရခြင်း ဖြစ်ပါကြောင်း၊ သဘာဝ ဘေးဒဏ်များကို ဟန့်တားနိုင်ခြင်း မရှိသော်လည်း ထိခိုက်မှု နည်းပါးစေရန်အတွက် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း ဖြစ်ပွားချိန်တွင် ကယ်ဆယ်ရေး လုပ်ငန်းများကို လျင်မြန်ထိရောက် စွာဆောင် ရွက်ခြင်းနှင့် ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်များကို သင်ခန်းစာယူပြီး လိုအပ်သော ကြိုတင် ပြင်ဆင်မှုများကို လုပ်ဆောင် နိုင်ပါကြောင်း၊ တောင်သူလယ်သမားများ အနေဖြင့် ရေကြီး နစ်မြုပ်မှု ဒဏ်ခံခဲ့ရသည့် စပါး စိုက်ခင်း များကို အမြန်ဆုံး ရိတ်သိမ်းရန်၊

လုံးဝပျက်စီးသွားသော စပါးစိုက်ခင်းများ အစား ဆောင်းသီးနှံများကို အချိန်မီ ပြန်လည် စိုက်ပျိုးနိုင်ရန်အတွက် လုပ်ဆောင်စေ လိုပါကြောင်း၊ နိုင်ငံတော် အစိုးရ အနေဖြင့်လည်း ဆောင်းသီးနှံအတွက် မျိုးကောင်းမျိုးသန့် များ ထောက်ပံ့ရန်၊ စပါးစိုက်ပျိုးရန်အတွက် ချေးယူထားသည့် စိုက်ပျိုး စရိတ်များကို ဆိုင်းငံ့ပေးနိုင်ရန် အတွက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်မှု ကာကွယ်နိုင်ရန် အတွက် လိုအပ် သည့် ရေတား တမံများ၊ ရေ တံခါးများနှင့် မြစ်ကြောင်း ထိန်းသိမ်းရေး လုပ်ငန်းများကို ၂ဝ၁၂ ခုနှစ် မှ စတင် ဆောင်ရွက် ခဲ့သော်လည်း ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများ ကျန်ရှိ နေသေးပါကြောင်း၊ ထိုလုပ်ငန်း များကိုလည်း ဆက်လက် အကောင် အထည်ဖော် သွားမည်ဖြစ် ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတော် သမ္မတက နိုင်ငံတော် အစိုးရ အနေဖြင့် ပြည်သူ့ဆန္ဒ နှစ်ရပ်ဖြစ်သည့် တည်ငြိမ် အေးချမ်း မှုနှင့် တရားဥပဒေ စိုးမိုးမှု၊ နိုင်ငံနှင့် ပြည်သူများ၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုး တိုးတက်မှုဟူသည့် ဆန္ဒနှစ်ရပ် ကို ဖြည့်ဆည်း နိုင်ရန်အတွက် နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်နေမှု အခြေအနေ များ၊ တောင်သူလယ်သမား များ၏ လူမှု စီးပွား ဘဝ ဖွံ့ဖြိုး တိုးတက်စေရန် အတွက် လယ်ယာ ကဏ္ဍ ပြုပြင် ပြောင်း လဲရေး ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း ပြောကြားပြီး လက်ရှိအချိန် တွင် နိုင်ငံတော် တည်ငြိမ်အေးချမ်းရန်နှင့် ဖွံ့ဖြိုး တိုးတက်ရန်အတွက် အခြေအနေ ကောင်းများ ရရှိ ထားပြီ ဖြစ်သောကြောင့် အားလုံး ညီ ညီ ညွတ်ညွတ်ဖြင့် ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။

ယင်းနောက် နိုင်ငံတော် သမ္မတက ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင် အတွင်း ရေဘေးသင့်မြို့နယ် (၅)မြို့နယ်ရှိ တောင်သူများအတွက် ငွေကျပ်သိန်း ၁ဝဝနှင့် မျိုးစေ့ များကို မြို့နယ်အလိုက် တောင်သူများထံ လက်ဝယ် အရောက် ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေသက်ခင်က သဘာဝ ဘေးအန္တရာယ် ကျရောက်ချိန်တွင် အသုံးပြုသည့် အရေးပေါ်သုံး ဆေး ပစ္စည်း များနှင့် ဘလီးချင်း ပေါင်ဒါတစ်ပုံးကို လည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က ရေကြီးနစ်မြုပ်သည့် (၅)မြို့ နယ်တွင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ငွေကျပ်သိန်း ၅ဝကိုလည်းကောင်း၊ CB ဘဏ်နှင့် ဒေါက်တာ ကိုကိုကြီးတို့ က ငွေကျပ်သိန်း ၁ဝဝဝစီကို လည်းကောင်း ပေးအပ် လှူဒါန်းကြသည်။ အခမ်းအနား အပြီးတွင် နိုင်ငံတော် သမ္မတသည် ရေဘေးသင့် ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here