Tuesday, November 26, 2013

ရှမ်းပြည်နယ်တောင်လမ်း၌ ၂မိုင်လမ်းကို သန်း ၃၀၀ အသုံးပြု၍ ပြုပြင်မည်

0 comments
26.11.2013

ရှမ်းပြည်နယ်တောင်ပိုင်း အင်တောမြို့နယ်နှင့် ကျောက်ဂူကျေးရွာသို့ ဆက်သွယ်ထားသော လမ်းမကြီး သည် မိုးတွင်း ကာလများတွင် သွားလာရန် ခက်ခဲသည့် အတွက် ဆောက် လုပ်ရေး လေယာဉ် ကွင်း အထူး အဖွဲ့ (၁) မှ တာဝန်ယူကာ ပြည်ထောင်စုဘတ်ဂျက် သန်း ၃၀၀ အသုံးပြု၍ လမ်းခင်း နေကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။

အဆိုပါလမ်းသည် အင်တောမြို့နယ်မှ ကျောက်ဂူကျေးရွာအထိ ၁၄မိုင်ရှိ ကြောင်းသော် လည်း ပြည်ထောင် စု အစိုးရမှ ချမှတ်ပေးသည့် ၂၀၁၃-၂၀၁၄ခုနှစ်ဘတ်ဂျက်အရ သုံးလအတွင်း သန်း ၃၀၀ဖြင့် ၂မိုင် ၄ဖာလုံ အား အပြီးသတ်ခင်းရန် လျာထားကြောင်း လမ်းအင်ဂျင်နီယာတစ်ဦးက ပြောသည်။

 “ကျွန်မတို့က ဒီနှစ် ၁ လပိုင်းအထိ ပြီးအောင်ခင်းမယ်လို့ ရည်မှန်းထားတယ်၊ အစိုးရရဲ့ ဘတ်ဂျက်က အကန့် အသတ်ရှိ တာကြောင့် ဒီနှစ်တော့ ၂မိုင် ၄ဖာလုံ အထိပဲ ခင်းနိုင်မယ်၊ နောက်ဘတ်ဂျက်ကျလာမှ ထပ်ပြီး ခင်း ဖြစ်မှာ” ဟု ၄င်းက ပြောသည်။

အဆိုပါလမ်းပိုင်းသည် အင်တောမှ နောင်ချိုသို့ ဆက်ထားသည့် ကတ္တရာလမ်းဖြစ်ပြီး အဆိုပါ လမ်း အား ပြင်ဆင်ရမည်ဖြစ်သော် လည်း ကျောက်ဂူကျေးရွာအထိသာ ပြင်ဆင်နိုင်ရန် လျာထားကြောင်း၊ ယ ခုနှစ်ဘတ်ဂျက်ဖြင့် ၂မိုင် ၄ဖာလုံသာ ပြင်ဆင်နိုင်မည် ဖြစ်ပြီး ကျန်လမ်းပိုင်းများအတွက် လာမည့်နှစ် ဘတ်ဂျက် ရမှသာ ဆောင်ရွက်နိုင်မည်ဖြစ်သည်ဟု ၄င်းက ဆိုသည်။

“ လမ်းတွေခင်းလိုက်လို့ ပြီးသွားတော့ လမ်းပန်းဆက်သွယ်မှုက ပိုကောင်းသွားတာပေါ့။ ပညာရေး၊ ကျန်း မာရေး အတွက်လည်း အဆင်ပြေသွားတာပေါ့၊ ပြောင်းဖူးဆိုရင်လည်း နောင်ချိုဘက်ကိုပဲ သွားရောင်း တာ များတယ် လေ၊ ဘာပဲဖြစ်ဖြစ် ဒီလမ်းခင်းလို့ ပြီးသွားရင် အဆင်ပြေသွားတာပေါ့”ဟု အင်တောဒေသခံ ဦးအောင်ရှိန်က ပြောသည်။

အဆိုပါလမ်းအား ကျောက်ချောဖြင့် ၈လက်မ အထူခင်းကာ အပေါ်မှ ကတ္တရာဖြင့် ခင်းသွား မည်ဖြစ်ကြောင်း၊ လမ်းခင်း ကျောက်ချောဖြင့် ၈ လက်မ ခင်းရသည့်အတွက် ကုန်ကျစရိတ် ပိုမိုကြီးမြင့်ရကြောင်း၊ လမ်းပိုင်း ၂မိုင် ၄ဖာလုံအတွက် ပြည်ထောင်စုဘတ်ဂျက် သန်း ၃၀၀ (ငွေလုံးငွေရင်း)ဖြင့် လမ်းခင်းမည်ဖြစ်သည်။

မြစ်မခ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here