Monday, November 11, 2013

ငါးခိုးဖမ်းသည့်သီရိလင်္ကာငါးဖမ်းစက်လှေ(၂)စီးဖမ်းမိထား

0 comments

မြန်မာ့ရေပိုင်နက်ထဲသို့ကျူး ကျော်ဝင်ရောက်ပြီး ငါးများဖမ်း ဆီးနေသည့်သီရိလင်္ကာနိုင်ငံသား ငါးဖမ်းရေ ယာဉ်(၂)စီးကို ဓည၀တီရေတပ်စခန်းစစ်ရေယာဉ်များ အုပ်စုမှ တစ်ဆင့်ကျောက်ဖြူရေ လုပ်ငန်းဌာနသို့ လွှဲပြောင်းပေးအပ် ခဲ့ကြောင်းကျောက်ဖြူခရိုင်ငါးလုပ် ငန်းဦးစီးဌာနမှ သိရသည်။

မြန်မာရေပိုင်နက်သို့ဝင် ရောက်လာသော သီရိလင်္ကာ နိုင်ငံသား(၁၂)ဦးပါဖိုင်ဘာအမျိုး အစား ငါးဖမ်းလှေနှစ် စီးကိုမြန်မာ့ ရေပိုင်နက်မာန်အောင်ကျွန်း၏ အနောက်မြောက်ဖက်မိုင်(၁၅၀) ခန့်အကွာ ပင်လယ်ပြင်တွင် အောက်တိုဘာလ (၂၃)ရက်နေ့ က ဖမ်းဆီးရမိခဲ့ပြီးဓည၀တီရေ တပ်စခန်းဌာနချုပ် သို့လူနှင့်လှေ များကိုလွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ် သည်။

အဆိုပါ ငါးဖမ်းစက်လှေ(၂) စီးကို ရေလုပ်ငန်းဌာနမှ ရေလုပ် ငန်းအက်ဥပဒေလုပ်ထုံးလုပ်နည်း များအရမြန်မာ့ရေပိုင်နက်သို့ ၀င် ရောက်လာခြင်းနှင့်ပတ်သက်၍ အဆင့်ဆင့်စစ်ဆေးဆောင် ရွက်နေ ကြောင်းကျောက်ဖြူ ခရိုင်ငါးလုပ် ငန်းဦးစီးမှူး ဦးထွန်းတင်က ပြော သည်။
““ငါးဖမ်းလှေနှစ်စီးက ကျွန်တော်တို့ဌာနဆိုင်ရာအဖွဲ့ဖွဲ့ ပြီးလက်ခံမှုအောက်မှာထိန်းသိမ်း ထားပါတယ်။ လူတွေကိုတော့ လ.၀.ကရုံးမှာ ယာယီသဘော နဲ့ထားပါတယ်။ သီရိလင်္ကာနိုင်ငံ ကိုဘယ်အချိန် လွှဲပြောင်းပေးဖို့ အစီအစဉ်ရှိလည်းဆိုတာကပြော လို့မရသေးဘူး။ပြည်နယ်အစိုးရ ကိုတင်ပြထားပါတယ်”” ဟု လှေ နှစ်စီးကို လက်ခံထားသည့်အဖွဲ့တွင် အဖွဲ့ဝင်ဖြစ်ပါဝင်သည့် ခရိုင်ငါး လုပ်ငန်းဦးစီးမှူး ဦးထွန်းတင်က ပြောကြားသည်။

ငါးဖမ်းသမား(၁၂)ဦးနှင့်အတူ ငါးဖမ်းလှေ(၂)စီးကိုသီရိလင်္ကာ နိုင်ငံသို့ပြန်လည်လွှဲပြောင်းရယူရန် လာရောက်သည်ဟုယူဆရသော သီရိလင်္ကာနိုင်ငံမှရေလုပ်ငန်းနှင့် သက်ဆိုင်သည့် အရာ ရှိနှစ်ဦး နေပြည်တော် သို့ရောက်ရှိနေ ကြောင်းလည်းသတင်းအချို့ထွက် ပေါ်လျက်ရှိသည်။

Hot News Journal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here