Wednesday, November 6, 2013

ဘူးသီးတောင်၊ မောင်တောဒေသတွင် ထိရောက်သော အုပ်ချုပ်ရေးအစီအမံများ အမြန်ဆုံးချမှတ်ရန်အဆို ကိုယ်စားလှယ်တစ်ဦးကန့်ကွက်သော်လည်း အဆိုအောင်

0 comments
ဘူးသီးတောင်- မောင်တော ဒေသတွင် လုံခြုံရေး၊ လူဝင်မှုကြီးကြပ်ရေး၊ အုပ်ချုပ်ရေးအစီအမံများကို ယခင်က ထက်ကောင်းမွန်သည့် အစီအမံဖြင့် အမြန်ဆုံးချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရ အား တိုက်တွန်းသည့်အဆိုကို ဘူးသီးတောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ခေါ် ဦးအဒူရာဇတ်က ကန့်ကွက်ခဲ့သည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်ခင်စောဝေက နိုဝင်ဘာ ၄ ရက်၌ ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တင်သွင်းသည့် အထက်ပါအဆိုကို ဦးရွှေမောင်က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်လွှတ်တော်ဥပဒေများတွင် ရခိုင်ပြည်နယ် အမျိုးသားအကျိုး စီးပွားဟူ၍ မပါဘဲ ပြည်နယ် တစ်ခုအတွင်းတွင် လူမျိုးစုတစ်ခုကို နှိမ်၍ ခွဲခြားဆက်ဆံစေလိုသော အဆို သည် နိုင်ငံတော် အတွက် အကျိုးမရှိဘဲ လူမျိုးစု တစ်စုကိုသာ ရှေးရှုရာရောက်မည်ဟုဆိုကာ ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် အဆိုကို ကြားဖြတ်ကန့်ကွက်ပိုင်ခွင့်မရှိဘဲ အဆိုကို ခွင့်ပြုသည်၊ မပြုသည်မှာလည်း လွှတ်တော် ဥက္ကဋ္ဌ၏ လုပ်ပိုင်ခွင့်သာဖြစ်သဖြင့် ကြားဖြတ်တင်ပြမှုကို အတည်မပြုဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က ဆုံးဖြတ်ခဲ့သည်။

ဒေါ်ခင်စောဝေ အဆိုတင်သွင်းပြီးနောက် ဦးအေးမောင်က အဆိုကို ထောက်ခံခဲ့ကာ သက်ဆိုင်ရာ နယ်စပ်ရေးရာ ၀န်ကြီးဌာနက လည်း ပြန်လည်ရှင်းလင်း၍ အဆိုကို မှတ်တမ်းတင်ထားရှိရန် ပြောကြားပြီးမှ သာ ကန့်ကွက် သည့် အတွက် ကန့်ကွက်မှုသည် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် မညီဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်ကပြောကြားသည်။

လွှတ်တော်ဆန္ဒ ရယူရာတွင် ကန့်ကွက်သူမရှိဘဲ အတည်ပြုမှတ်တမ်း တင်နိုင်ခဲ့ သည်။

ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်းအေးချမ်းရေးအတွက် ရေတို ရေရှည် နည်းဗျူဟာများကို အစိုးရအနေဖြင့် အကောင်အထည်ဖော်နေသည့်အပြင် အဆိုရှင်၏ ပြောကြားချက်များကိုလည်း အလေးထားသုံးသပ်သွားမည်ဟု နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီးကလည်း အဆိုကို မှတ်တမ်းတင်ရန်အတွက် အကြံပြုပြောကြားသည်။

ဘူးသီးတောင်-မောင်တော ဒေသတွင် ရခိုင်တိုင်းရင်းသား ဦးရေသည် နိုင်ငံခြားလူမျိုး ဘင်္ဂါလီလူမျိုးများ၏ ၁၀ ပုံ ၁ ပုံသာရှိပြီး တစ်ဖက်နိုင်ငံနယ်စပ်နှင့် နီးစပ်နေသည့်ဒေသဖြစ်သည့်အတွက် လုံခြုံရေးကို အမြန်ဆုံး ပိုမိုဆောင်ရွက်ပေးရန် ဒေါ်ခင်စောဝေ က ပြောကြားခဲ့ခြင်းဖြစ်သည်။

7Day Daily

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here