Sunday, November 17, 2013

ရန်ကုန်-မော်လမြိုင် ခရီးသည်တင် မှန်လုံယာဉ် မုဒုံတွင် လမ်းဘေးချောင်းထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ပြီး ခရီးသည် ၂၂ ဦး ဒဏ်ရာရရှိ

0 comments
(နိုဝင်ဘာ ၁၆ ရက်က ခရီးသည်တင် မှန်လုံယာဉ် မုဒုံမြို့နယ် ကမာဝက်တိုက်နယ် ဖောင်စိန်ကျေးရွာ ဖောင်စိန်ချောင်းထဲသို့ ထိုးကျနေစဉ်)

မုဒုံမြို့နယ် ကမာဝက်တိုက်နယ် ဖောင်စိန်ကျေးရွာ ဖေါင်စိန်ချောင်းထဲသို့ ရန်ကုန်-မော်လမြိုင် ပြေးဆွဲနေသော အောင်သီဟ ယာဉ်လိုင်းမှ မှန်လုံကားတစ်စီး ထိုးကျတိမ်းမှောက်မှု နိုဝင်ဘာလ (၁၆) ရက် နံနက် ၄ နာရီ ၃၀ မိနစ်တွင် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အောင်သီဟ မှန်လုံယာဉ်လိုင်းမှ ဟီးနိုးအမျိုးအစား ယာဉ်အမှတ် ၄ခ။---သည် ကမာဝက် တိုက်နယ် ဖေါင် စိန်ကျေးရွာ အရောက် မောင်လမြိုင်-သံဖြူဇရပ်-ရေး လမ်းမိုင်တိုင်အမှတ် (၃၇။၃) တံတားအမှတ် ၃၈။၂ (သံဖြူဇရပ် မြို့အ၀င်) အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တံတားပေါင်ကိုတိုက်ပြီး ဖေါင်စိန်ချောင်းထဲသို့ ထိုးကျတိမ်းမှောက် ခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါလာသူ ၂၂ ဦးလုံး ထိခိုက်ဒဏ်ရာများ အသီးသီး ရရှိခဲ့ကာသံဖြူဇရပ်မြို့ ပြည်သူ့ ဆေးရုံသို့ တင်ပို့ဆေးကုသမှု ခံယူခဲ့သည်။

"ကျွန်တော်က လမ်းမှာအိပ်ပျော်လာတာ။ ကားနဲ့တံတားပေါင် တိုက်မိပြီး ချောင်းထဲကျတဲ့ အချိန်မှ နိုးလာတာ။ ဖြစ်ဖြစ်ချင်း မထနိုင်ဘူး။ ကားသမားတွေ အော်တော့မှ အတင်းထပြီး လမ်းပေါ်ပြန်တက်လာတာ" ဟု ယာဉ်ပေါ်ပါလာသူ ခရီးသည် တစ်ဦးက ပြောကြားသည်။

"ကားက အရှိန်များပြီး လမ်းရဲ့ ညာဘက်မှာရှိတဲ့ လမ်းဘေးက ပန်းခုံကို အရင်တိုက်တယ်။ နောက် တံတားရဲ့ ဘယ်ဘက် တံတားပေါင်ကိုတိုက်ပြီး ချောင်းထဲကျသွားတယ်။ ချောင်းထဲမှာ ရေနည်းနေတဲ့ အချိန်ဖြစ်လို့ ခရီးသည်တွေ သက်သာ တာ။ ချောင်းရေများနေရင် မလွယ်ဘူး" ဟု ကမာဝက် တိုက်နယ်ရဲစခန်းမှ တာဝန်မှူးက ပြောကြားသည်။
ထို့ကြောင့် အောင်သီဟ မှန်လုံကားမှ ယာဉ်မောင်း ဦးအေးကျော်အား ယာဉ် (ပ) ၁၁။ ၂၀၁၃ ပုဒ်မ ၃၃၇။၃၃၈ အရ ကမာဝက် တိုက်နယ်ရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here