Friday, November 22, 2013

KIA လေ့လာရေးနှင့် သုတေသနဌာနညွှန်ကြားရေးမှူးသို့ အိတ်ဖွင့်ပေးစာ

0 comments
22.11.2013

၁။ ၂၀၁၃ နိုဝင်ဘာ ၁၅ ရက်နေ့ထုတ် First Weekly ဂျာ နယ်တွင် “လွှတ်တော်ကိုယ်စား လှယ်ဖြစ်တဲ့ ဇခုန်တိန့်ယိန်း ဦး ဆောင်တဲ့ ပြည်သူ့စစ်တွေဟာ KIO မှ ခွဲထွက်ခဲ့ကြတဲ့ အဖွဲ့များ သာဖြစ်၊ ပြည်သူ့စစ် ပုံသဏ္ဌာန် မဟုတ်ဘဲ တိုက်ပွဲဝင်ရန် ဖွဲ့စည်း ထားတဲ့ ပုံသဏ္ဌာန်များကို တွေ့လာ ရတဲ့အတွက် မိမိတို့ KIA အနေနဲ့ အဆိုပါပြည်သူ့စစ်များကို တုံ့ပြန် တိုက်ခိုက် သွားမည်ဆို”သော KIA တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အားကိုးကားပြီး ခေါင်းစဉ် တပ် ဖော်ပြ ထားသည် ကို တွေ့ရပါ သည်။ ဂျာနယ်၏သဘောသဘာဝ အရ သူ့သတင်းကို လူစိတ်ဝင်စား စေရန် လက်နက်ကြီးများ တပ်ဆင် နေသော KIA အဖွဲ့၏ အင်အားပြ ဓာတ်ပုံများနှင့်ပူးတွဲတင်ဆက်ထား ပါသည်။

၂။ KIA လေ့လာရေးနဲ့ သုတေ သနဌာန ညွှန်ကြားရေးမှူး ဗိုလ်မှူး ကြီး မရန်ဇော်တောင်၏ ပြောကြား ချက်များကို သတင်း အဖြစ် ဖော်ပြ လိုက်ခြင်းဖြစ်ပါသည်။ ထိုဗိုလ်မှူး ကြီးဆိုသူသည် မည်သည့် အချက် အလက်များကိုစုဆောင်း၍ သုတေ သနပြု ထားကြောင်းမရှင်းလင်းပါ။ ရှင်းရှင်းလင်းလင်း မြင်နေရသည် မှာ ထိုဗိုလ်မှူးကြီးဆိုသူထံတွင် သမာသမတ်ကျသော အမြင်များ မရှိ၊ သမိုင်းအချက်အလက်မှန်များ ကို စုဆောင်းထားနိုင်ခြင်းမရှိ (သို့ မဟုတ်) ထိုသူသည် သမိုင်းကိုပင် မသိသူ၊ သမိုင်းအမြင် ကန်းနေသူ ဖြစ်နေခြင်းပင် ဖြစ်ပါသည်။

၃။ ခေါင်းစဉ်ပါ စာသားများက စပြီး တစ်ဆင့်ချင်း ကြည့်ပါသည်။ သတင်းခေါင်းစဉ်တွင် ““ဇခုန်တိန့် ယိန်း ဦးဆောင် တဲ့ ပြည်သူ့စစ်တွေ ဟာ KIO မှခွဲထွက်ခဲ့ကြတဲ့ အဖွဲ့ များသာဖြစ်”” ဟူသော အချက်ပါ ရှိသည်။ စိတ်ပျက်စရာကောင်းလှ သော KIA သုတေသနဆရာများ၏ အမှတ်မှားဖြစ်ပါသည်။ ကချင်ပြည် နယ်ထဲရှိ တိုင်းရင်းသားမှန်သမျှကှိုဗ ထဲဇွတ်တင်းထိုးတည့် အမျိုး စပ်နေခြင်းပင်ဖြစ်သည်။ ကချင် မျိုးနွယ်စုဝင် တိုင်းရင်းသား မှန် သမျှက KIA ကိုထောက်ခံနေ သည်၊ထောက်ခံခဲ့သည်ဟု ထင်မြင် နေပုံရပါသည်။

ဦးဇခုန်တိန့်ယိန်း KIA ကို စွန့်ခွာထွက်သွားသည်မှာ (၁၉၆၈)ခုနှစ်။ “ခွဲထွက်အဖွဲ့” ဟူ သည်မှာ အမြင်မတူ၍ ခွဲထွက်သွား ပြီးနောက် ကိုယ်တိုင်ခေါင်းဆောင် ကာ အင်အားစုတစ်ခုကို သီးခြား တည်ထောင်ပြီး မူလအင်အားနှင့် ယှဉ်ပြိုင် ရပ်တည်ခြင်း ကို ခေါ်ဆိုပါ သည်။ (ကချင်ပြည်နယ်မှ ဦးလ ဆန်အောင်ဝါ၊ ရှမ်းပြည်နယ်မှ ဦး မထုနော်တို့သည် KIA မှ ခွဲထွက် ပြီး၊ သူတို့ကိုယ်တိုင် ခေါင်းဆောင် သည့် သီးခြားအဖွဲ့များ ထူထောင် ကာ ရပ်တည်နေကြပါသည်။ သို့ သော်ထိုသူတို့သော်မှ KIA ခွဲထွက် အဖွဲ့ဟူသော အမည်ကိုမယူကြပါ။ မသုံးကြပါ။)

ဦးဇခုန်တိန့်ယိန်း KIA ကိုစွန့်ခွာထွက်သွားမှုမှာ KIA နှင့် အမြင်မတူမှု၊ ယုံကြည်ရာ မတူမှု၊ KIA လျှောက်လှမ်းနေသော ပန်း တိုင်ကို သဘောမတူမှုများမှစသော ဇာတ်လမ်းဖြစ်ပါသည်။ KIA မှ စွန့်ခွာခဲ့ပြီးနောက် ကိုယ်တိုင်အဖွဲ့ သစ်ထောင်ပြီး စင်ပြိုင် ရပ်တည်ခဲ့ ခြင်းမဟုတ်ပါ။ ထိုကာလက သူ ယုံကြည်ရာလမ်းဖြစ်သော ကွန်မြူ နစ်ဝါဒဆီလျှောက်လှမ်းသွားခဲ့ခြင်း သာဖြစ် ပါသည်။ ထို့နောက် ကွန်မြူ နစ်တပ်မှူးတစ်ယောက်အဖြစ် နှစ် ပေါင်းများစွာ ဖြတ်သန်းခဲ့သည်မှာ ဗဟိုကော်မီတီဝင်ဖြစ်သည်အထိ။ KIA နှင့် သီးခြားစင်ပြိုင်အဖွဲ့ကို ထူထောင်ရပ်တည်ခဲ့ခြင်းမဟုတ်။ ထိုအချက်အလက်များသည် “ှုဥ မှခွဲထွက်ခဲ့ကြတဲ့ အဖွဲ့များသာဖြစ်၊” ဟူသည့် KIA သုတေသီများ၏ စွပ်စွဲချက်နှင့် လုံးဝကွဲလွဲ ဆန့်ကျင် နေပါလိမ့်မည်။ “ပြည်သူ့စစ်များ” ဟူသော စကားရပ်ကို ကြည့်လျှင် လက်ရှိဖွဲ့စည်းထားသော ပြည်သူ့ စစ်များကိုရည်ညွှန်းကြောင်း သိသာ ပါသည်။ 

ထိုပြည်သူ့စစ်များသည် ဦးဇခုန်တိန့်ယိန်း KIA ကို စွန့်ခွာ ခဲ့စဉ်က သူနှင့်အတူ ပါဝင်ခဲ့သူများ မဟုတ်။ လက်ရှိပြည်သူ့စစ်များ သည်တော်လှန်ရေးကာလနှစ်ပေါင်း များစွာကိုလွန်ပြီးနောက် ငြိမ်း ချမ်းရေးယူထားသော ခေတ်တွင်မှ လူလားမြောက်ခဲ့ သူများသာဖြစ်သည်။ သူတို့သည် KIA ၏ ခွဲထွက်အဖွဲ့ မဖြစ်နိုင်။မည်သည့်တစ်ကြိမ်တစ်ခါ မျှ KIA ထဲ ပါဝင်ခဲ့ကြဖူးသူများ မဟုတ်။ ဒေသခံစစ်စစ်များသာ ဖြစ်ကြသည်။ အဆိုပါ ပြည်သူ့စစ် များသည်မည်သည့်အတွက်ကြောင့် KIA မှ ခွဲထွက် အဖွဲ့ ဖြစ်ကြောင်း ဆိုနိုင်သည်ကိုသုတေသနညွှန်ကြား ရေးမှူး ဗိုလ်မှူးကြီးက ရှင်းလင်း ပြောပြစေလိုပါသည်။

၃။ “ကချင်ပြည်နယ်ကျေးရွာတွေ မှာဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်ဆို တာတွေက ပြည်သူ့စစ်သက်သက် မဟုတ်ဘဲ တိုက်ပွဲ ၀င်နိုင်လောက် တဲ့အနေအထားမျိုးအထိ ဖွဲ့စည်း ထားတာကို ကျွန်တော်တို့ တွေ့ရ ပါတယ်။ ကချင်ပြည်နယ် အတွင်း ဒေသလုံခြုံရေးအတွက်လို့ အ ကြောင်းပြပြီး ဖွဲ့စည်းထားတဲ့ ပြည် သူ့စစ်တွေကို မိမိတို့ KIA အဖွဲ့မှ ပြန်လည်တုံ့ပြန် တိုက်ခိုက် သွား မယ်” ဟု ကြိမ်းမောင်းခြိမ်းခြောက် ရေးသားပါသည်။စစ်ပွဲတစ်ခုဖြစ်ပွားနေ ချိန်တွင် “သူကသတ်လို့ ကိုယ် အသေခံမလား၊ ကိုယ်က ဦးအောင် အရင်သတ်မလား”ဟူသည့်မေးခွန်း ကသာ ထိုစစ်ပွဲကို စိုးမိုးပါသည်။ သုတေသန ညွှန်ကြားရေး မှူးကြီး ပြောလိုသည်မှာ “ငါတို့ကို တိုက် ခိုက်နိုင်တဲ့ အနေအထားမျိုးဖြစ် အောင် မင်းတို့မလုပ်ထားနဲ့။ အင် အားမဖြည့်ထားနဲ့၊ လက်နက် ဆောင်မထားကြနဲ့။ ငါတို့လာ တိုက်တာကို ကိုယ့်ရွာ ခြံစည်းရိုး ထဲကနေခံကြ”ဟု ဆိုလိုရာရောက် ပါမည်။ 

မောင်းပြန်သေနတ်မျိုးစုံ လက်နက်ကြီးငယ်မျိုးစုံကိုင်ဆောင် ထားသော KIA တပ်တော်ကြီးကို ပြည်သူ့စစ်များက လေးခွ၊ ဓားလှံ၊ တူးမီးလောက်ဖြင့်သာ ခုခံစေချင်ပုံ ရနေပါသည်။ KIA ဗိုလ်မှူးကြီးတွင် အသက်တစ်ချောင်းရှိသလို၊ ပြည် သူ့စစ် ရဲဘော်တစ်ယောက်တွင် လည်း အသက်တစ်ချောင်းသာရှိ ပါသည်။ သူ့အသက်အိုးအိမ်စည်း စိမ်၊ သူ့မိသားစုနှင့် သူ့နယ်မြေ ဒေသကိုကာကွယ်ရန် ပြည်သူ့စစ် များက သူတို့ တတ်နိုင်သလောက် ကြိုးပမ်းမည်မှာ အသေအချာ ဖြစ် ပါသည်။ ထိုးစစ်သည် အကောင်း ဆုံးသောခံစစ်ဖြစ်ကြောင်း၊ ပြည်သူ့ စစ်များသိကြပါသည်။ ကိုယ့်အိမ် ကိုယ့်မြေကို လောင်မီးကျအောင် လာတိုက်မှ ထခုခံကြမည်မဟုတ် ပါ။ ကိုယ့်နယ်မြေ လုံခြုံငြိမ်းချမ်း မှုရှိပြီဟု စိတ်မချရမချင်း၊ ဒေသ တွင်းရောက်ရှိ တပ်စွဲနေထိုင်သော (ထိုသို့ တပ်စွဲအခြေချခြင်းမှ တစ် ဆင့် အချိန်မရွေး ကိုယ့်အသက်အိုး အိမ်စည်းစိမ်ကို ဖျက်ဆီးလာနိုင် သော)မည်သည့် ရန်သူကိုမဆို ရှင်း လင်း ဖယ်ရှားသွားကြမည်ဖြစ် သည်။ တုန့်ပြန် တိုက်ခိုက်သွားမည်၊ ချေမှုန်းပစ်မည်ဟု အမြဲခြိမ်းခြောက် နေသော KIA ၏ ကြိမ်းဝါးသံတွေ ကိုမည်သူကမျှ ဓားမြှောင်ခါးထိုး ခုခံနေမည် မဟုတ်ဟူသော ရိုးးရှင်း လှသည့်သဘောတရားကိုမျှ သုတေ သနဌာနက မရိပ်စားမိသည်မှာ အံ့ဖွယ်ဖြစ်ပါသည်။ ယခုအခါ ကချင်ပြည်နယ်တစ်ခုလုံးတွင် ပြည် သူ့စစ်အင်အား တစ်သောင်းငါး ထောင်ကျော်ရှိနေသည်။ ပြည်သူ့စစ် အဖွဲ့ပေါင်း ၃၇၆ ဖွဲ့ရှိသည်။ (KIA ၏ လက်ရှိ စစ်အင်အားထက် လုံးဝမလျော့ပါ)။

ကြည့်ရသည်မှာ၊ တိုက် ပွဲဝင်ပြည်သူ့စစ်တို့၏ အင်အားတိုး ပွားလာနေမှုအပေါ် KIA တို့ ကြောက်ရွံ့ ထိတ်လန့်နေပုံပေါ်ပါ သည်။ ဤနေရာတွင် တစ်ခုပြော လိုပါသည်။ KIA များအနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို မစွန့် လွှတ်ဘဲ ပြည်တွင်းစစ်မီးတောက် ကြီးစေရန် လက်နက်ကိုင်တိုက်ပွဲ လောင်စာများကို ထပ်မံရှို့နေဦး မည်ဆိုပါက ထိုဖြစ်ပေါ်လာမည့် စစ်ပွဲများကြောင့် နစ်နာကြရမည့် ပြည်သူများသည် သူတို့ကိုယ်သူတို့ ခုခံကာကွယ်နိုင်ရေးအတွက် ပြည် သူ့စစ်များစွာ ဖွဲ့စည်းအာခံလာကြပါ လိမ့်မည်။ ထိုသို့ဖြင့် ပြည်သူ့စစ် တပ်ဖွဲ့သစ်ပေါင်းများစွာ ထပ်မံပေါ် ပေါက်အင်အားကြီးလာနိုင်ပြီး KIA တို့ သည် ဒေသခံပြည်သူ့စစ်များ၏ နွံထဲတွင်ရုန်းမရအောင် နစ်သွားနိုင် ကြောင်း KIA သုတေသနဌာနက ဂရုပြုကြိုတင် တွက်ဆတင်ပြထား သင့်ကြောင်း အကြံပြုလိုပါသည်။

၎။ နိုင်ငံတော်အစိုးရနဲ့ အလုံးစုံ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ရရှိအောင် ကြိုးစားဆောင်ရွက်နေ တဲ့ ကချင်ပြည်နယ် အတွင်းရှိ ကျေး ရွာတွေမှာ ဖွဲ့စည်းထားတဲ့ ပြည်သူ့ စစ်များဟာ ယခင် KIO အဖွဲ့မှ ခွဲထွက်ပြီး ငြိမ်းချမ်းရေး အဖွဲ့များ ဖြစ်ကာ အဆိုပါ ပြည်သူ့စစ်အဖွဲ့ကို လွှတ်တော်ကိုယ်စားလှယ် ဇခုန် တိန့်ယိန်းက ဦးဆောင်ဖွဲ့စည်းထား ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။“နိုင်ငံတော်အစိုးရနှင့် အလုံးစုံအပစ်ခတ်ရပ်စဲရေး၊ ငြိမ်း ချမ်းရေးရရှိအောင်” KIA က ဆောင်ရွက်နေသည့်မည်သည့် ကြိုး ပမ်းမှုမျိုးကိုမဆို ကချင်ပြည်သူ များက နှစ်ထောင်းအားရ ကြိုဆို နေကြပါသည်။ ကချင်ပြည်သူထဲ တွင်အပါ အ၀င်ဖြစ်သော ပြည်သူ့ စစ်များကလည်း ၀မ်းမြောက်ကျေ နပ်စွာကြိုဆိုနေကြပါသည်။ သို့ သော် ငြိမ်းချမ်းရေးစားပွဲကို ခုတုံး လုပ်ကာ ပြည်သူတွေကို ဖမ်းဆီးပြီး KIA စစ်သားအတင်းလုပ်ခိုင်းခြင်း၊ လက်နက်အားကိုးဖြင့် အနိုင်ကျင့် ကာ စစ်ပွဲများ ဆင်နွှဲ လာခြင်း၊ ဒေသ တွင်းတပ်တည်များ အခြေစိုက်ကာ ပြည်သူကိုစိုးမိုးဖို့ လုပ်ဆောင်လာ ခြင်း၊ အခွန်ဝန်ထုပ်ဝန်ပိုးများ ပြည် သူ့ပခုံးပေါ်လာတင်ခြင်း၊ မိုင်း ထောင်ကာ လမ်းပန်းဆက်သွယ် ရေးများကို ဖြတ်တောက်ခြင်း၊ ကိုယ့်အိုးကိုယ့်အိမ် ကိုယ့်လုပ်ငန်း ခွင်များကို စွန့်ခွာရပြီး ဒုက္ခသည် များဘ၀ရောက်ရှိစေမည့် အခြေ အနေဖန်တီးနေခြင်းတို့ကိုတော့ မည်သူက မျှ နှလုံး စိတ်ဝမ်း ပျော်ရွှင် စွာဖြင့် လက်ခုပ်လက်ဝါးတီး အား ပေးနေကြမည်မဟုတ်ပါ။

KIA သုတေသနဌာန ငိုက်မြည်းနေပုံရပါသည်။ ကချင် ပြည်နယ်အတွင်းရှိ ပူတာအိုဘက် က ရ၀မ်ပြည်သူ့စစ်များ၊ သံလမ်း ရိုးတစ်လျှောက်ရှိ ပြည်သူ့စစ်များ၊ ဖားကန့်လမ်းပေါ်က ပြည်သူ့စစ် များ၊ “တာလောကြီး” က ရှမ်းပြည် သူ့စစ်များသည် KIA က ခွဲထွက် လာခဲ့ကြသူများ ဖြစ်ကြပါသလား၊ (တာလောကြီးရှမ်းများသည် KIA က ခွဲထွက်လာသူများမဟုတ်၊ အတင်းအဓမ္မ စစ်သားအစုဆောင်း ခံရပြီးမှ KIA ကိုစွန့်ခွာလာသူများ သာဖြစ်သည်) ထိုသူတို့ (ပြည်နယ် အတွင်းရှိ တစ်သောင်း ငါးထောင် ကျော်ရှိသော ပြည်သူ့စစ်အဖွဲ့တို့) ကို ဦးဇခုန်တိန့်ယိန်း ဦးဆောင် ဖွဲ့စည်းခဲ့ပါသလားဟု မေးလာလျှင် သုတေသန ဌာနက မျက်လုံးပွတ်ပြီး ပြန်ဖြေရခက်နေမည် ထင်ပါသည်။

၅။ KIA တပ်တို့သည် ရာစုနှစ် ၀က်လောက်အတွင်း မေခမြစ်အရှေ့ ကမ်းရှိ ချီဖွေနှင့် ဆော့လော်မြို့နယ် များတွင် အခြေမချခဲ့ဖူးကြောင်းကို လည်းသုတေသနဌာနက မေ့လျော့ နေပုံရပါသည်။ တမင် မေ့ချင် ယောင်ဆောင် ထားသည်လည်း ဖြစ် နိုင်ပါသည်။ KIA သည် ထို အကြောင်းကို မည်သည့် မီဒီယာ ကိုမျှ ထုတ်ဖော်မပြောခဲ့။ ကချင် ပြည်နယ် အတွင်းက နေရာဒေသ မှန်သမျှသည် KIA စိုးမိုး ချုပ်ကိုင် ထားနိုင်သော နေရာများသာ ဖြစ် သည်ဟု သွေးနား ထင်ရောက်နေပုံ ပေါ်ပါသည်။

မေခမြစ်၏ အရှေ့ဘက် ကမ်းဖြစ်သော ချီဖွေ၊ ဆော့လော် မြို့နယ်ရှိ လော်ဝေါ်၊ လချိဒ်ဒေသ တွင် KIA တို့ ခြေမချနိုင်ခဲ့ပါ။ ဗမာပြည်ကွန်မြူနစ်ပါတီ ၀င် ရောက်လာပြီးသည့် ၁၉၆၈ ခုနှစ်မှ စ၍ KIA တို့သည် မြစ်အနောက် ဘက်ခြမ်းတွင်သာ ရှိခဲ့သည်။ လေ့ လာမှုမရှိသော သတင်းမီဒီယာ တချို့နှင့် KIA ဘက်ကို ဘက် လိုက်ထားသော ၀က်ဘ်ဆိုက်တချို့ သည် ပန်ဝါပြည်သူ့စစ်များက KIA တပ်ရင်း ၁၀ ၏ တပ်များ ကိုတိုက်ခိုက်သည်ဟု ရေးသားဖော် ပြကြသည်။ ၂၀၁၂ ဧပြီလမှစပြီး KIA တပ်တချို့ မြစ်အရှေ့ဘက် ကမ်း (မည်သည့်အခါကမျှ သူတို့ စိုးမိုးခွင့်မရှိခဲ့သည့်နေရာ) များတွင် ၀င်ရောက်တပ်စွဲ နေရာယူလာကြ သည်။ သူ့ဒေသတွင်းသို့ နယ်ကျွံ ကျူးကျော်လာသော KIA တပ်များ ကို ပန်ဝါဒေသခံပြည်သူ့စစ်များက သူ့ဒေသအတွင်းတွင်သာ အကန့် အသတ်ဖြင့် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ 

မေခအနောက်ဘက်ခြမ်းသို့ကူးကာ တပ်ရင်း ၁၀ ဧရိ ယာထဲထိ လိုက်တိုက်နေကြခြင်း မဟုတ်။ ထိုသို့သော တိုက်ပွဲများ အပေါ် KIA တပ်ရင်း ၁၀ ကို တိုက်နေကြပါသည်ဟု အသံကုန် ဟစ်ကြပါသည်။ အိမ်ရှင်ကို ဧည့် သည်က သူခိုး ဟု အော်ဟစ် စွပ်စွဲ နေပုံနှင့်တူပါသည်။မေခမြစ် အရှေ့ ဘက်ကမ်းသည် ခေတ်အဆက် ဆက် (ကွန်မြူနစ် ၁၀၁ စစ်ဒေသ ခေတ်၊ NDAK ခေတ်၊ BGF ခေတ်) တစ်လျှောက်လုံး ထိုဒေသခံ များကသာ စိုးမိုးထိန်းချုပ်ကာ ဖွံ့ ဖြိုးမှု တည်ဆောက်ခဲ့သည့်ဒေသ ဖြစ်ခဲ့ကြောင်း ဘာကြောင့် မေ့ချင် ယောင်ဆောင်နေကြပါသလဲ။ ကိုယ့်ဒေသကိုယ်ကာကွယ်ခြင်းသည် စစ်ပွဲများကို ဖော်ဆောင်နေခြင်း မဟုတ်။ KIA တို့ သွားလိုသည့် လမ်းနှင့်ငေါ့ချန်းခ ပြည်သူတွေသွား လိုသည့်လမ်း လုံးဝမတူပါ။ ထို့ ကြောင့် ဤဒေသခံပြည်သူတို့သည် KIA ခေါ်ဆောင်သွားမည့်လမ်းကို ခေါင်းငုံ့ကိုယ်ရို့ပြီး လိုက်ပါကြ မည့်သူများ မဟုတ်ကြောင်းလေး တော့ သိသင့်ပါသည်။ သူတို့သည် သူ့ဒေသ ငြိမ်းချမ်းဖွံ့ဖြိုးမှုကိုသာ လုပ်ဆောင်ကြမည့်သူများ ဖြစ်ပါ သည်။ သူတို့ နှစ်ပေါင်းများစွာ တည်ဆောက်ထားသော ငြိမ်းချမ်းမှု ဖွံ့ဖြိုးမှုတို့ကိုဖျက်ဆီးလာမည့် မည် သည့်ရန်သူကိုမဆို သူတို့စွမ်းသမျှ တုံ့ပြန်တိုက်ခိုက် သွားကြမည်သာ ဖြစ်ပါသည်။

၆။ “ဒီလို ကျွန်တော်တို့ ဘာ ကြောင့် ဆုံးဖြတ်ရသလဲဆိုတော့ အဲဒီဒေသ ပြည်သူ့စစ်တွေဟာ ကျေးရွာဒေသ ကာကွယ်ရုံတင် မဟုတ်ဘူး၊ တိုက်ပွဲဝင်ရန် အသင့် အနေအထားနဲ့ လူအင်အားတွေ ရသလောက်စုနေတယ်။ ရွာတွေထဲ မှာ တစ်အိမ်တစ်ယောက် ပြည်သူ့ စစ်မလုပ်မနေရ ပုံစံမျိုးလုပ်ဆောင် နေတယ်။ ပြီးတော့ သူတို့အသုံးပြု တဲ့ လက်နက်တွေ ကလည်း ပြည် သူ့စစ်တွေသုံးတဲ့ လက်နက်မျိုး တင်မကဘူး လက်နက်ကြီးတွေ လည်းပါတယ်။ ၆၀မမ မော်တာ တို့၊ ၅၇ မီလီမီတာ နောက်ပွင့် ရိုင်ဖယ်တို့၊အဲဒီလက်နက်တွေကိုင် တဲ့ပြည်သူ့စစ်ဆိုတာ ကျွန်တော် ဘယ်မှာမှမတွေ့ဖူးဘူး။ပန်ဝါဒေသ က ပြည်သူ့ စစ်တွေမှာ အဲဒီလို လက်နက်တွေ သုံးနေတယ်ဆိုတာ တိုက်ခိုက်ရေးအတွက် တမင်ရည် ရွယ်ပြီးတော့ ဖွဲ့စည်းနေတာ ပဲဖြစ် တယ်။”

(၁) လူအင်အားစုတဲ့ နေရာမှ KIA ဘယ်လိုစုခဲ့ပါသလဲ။ ကချင်လူမျိုး ခေါင်းစဉ်မှာ ထိပ်ဆုံးကရှိသော ဂျိမ်းဖေါများကိုသာမက ကချင် မျိုးနွယ်စုဝင် လော်ဝေါ်၊ လချိဒ်၊ လီဆူ၊ ရ၀မ်ကစလို့ ရခိုင်၊ ကုလား၊ မြန်မာ၊ ရှမ်းစသဖြင့် မဲမဲမြင်ရာ လူအကုန်ကို ဖမ်းဆီးပြီး စစ်သား စုဆောင်းပါသည်။ KIA ၏ စစ် ရေးရည်ရွယ်ချက် အောင်မြင်ဖို့ပါ။ NDAK က လူဘယ်လိုစုပါသလဲ။ သူ့ဒေသတွင်းက လူတွေကိုပဲ သီး သန့်စုပါသည်။ ကိုယ့်ဒေသကို ကိုယ်တိုင်ကာကွယ်နိုင်ရေး ရည် ရွယ်ချက်အောင်မြင်ဖို့ပါ။ ဤနေရာ မှာပင် လူစုမှု(တပ်သားစုဆောင်းမှု) အခြေအနေ အတော်ကွာဟနေပါ ပြီ။ ငါတော့ မင်းတို့ကိုသတ်ဖို့၊ ကျူးကျော်ဖို့ နယ်ပေါင်းစုံ လူမျိုး ပေါင်းစုံက လူစုမယ်။ မင်းကတော့ ငါ့ကိုခုခံဖို့ မင်းဒေသထဲကလူတွေ ကို စုတာမလုပ်နဲ့ဟုပြောလျှင် လူ ရယ်စရာသာ ဖြစ်ပါမည်။ စစ်ပွဲတွင် နှစ်ဘက်စလုံးက စိတ်ကြိုက်ပြင် ဆင်ခွင့်ရှိပါသည်။ တစ်ဖက်အင် အားကို ကိုယ်က ကြောက် လန့် တကြားပါးစပ်ဖြင့် ကန့်သတ်လွှမ်း မိုး၍ မရနိုင်ပါ။

(၂) NDAK သည် ၁၀၁ စစ်ဒေသ ခေတ်ကတည်းက ၅၇မမ၊ ၇၅မမ၊ လေယာဉ်ပစ် စက်သေနတ်ကနေ၊ ၁၂၀ မမ လက်နက်ကြီးအထိ ပိုင် ဆိုင်ခဲ့သည်။ KIA ကိုပင် ၁၂၀မမ လက်နက်ကြီးရော၊ လက်နက်ကြီး ပစ်တပ်ဖွဲ့ကော ပေးကူခဲ့ဖူးသည်ကို သုတေသနဌာနက မေ့လျော့နေပုံ သို့မဟုတ် နည်းနည်းမျှ မသိရှိခဲ့ပုံ ရပါသည်။ ကိုယ့်အိမ်ကို ဓားပြ ၀င်တိုက်သည့်အခါ ရှိသည့်လက် နက်ထုတ်သုံးပါမည်။ ငြိမ်းချမ်း သည့်ကာလတစ်လျှောက်လုံး ထို လက်နက်များကို နိုင်ငံတော်၏ လက်နက်ဂိုဒေါင်ထဲတွင် သိမ်း ဆည်းထားပါသည်။ သမိုင်းလိုအပ် ချက်အရ ဖြစ်စဉ်များသည် ပြောင်း လဲနေပါသည်။
“အဲဒီလက်နက်တွေ ကိုင်တဲ့ပြည်သူ့စစ်ဆိုတာကျွန်တော် ဘယ်မှာမှမတွေ့ဖူးဘူး”ဟု ဆိုလျှင် ဗိုလ်မှူးကြီးတို့အနေနှင့် ယခုတွေ့ဖူး အောင်ကြည့်ထားပြီး သုတေသန စာရင်းတွင် မှတ်တမ်းတင်ထားဖို့ပဲ ရှိပါသည်။ ပန်ဝါဒေသသည် ခေတ်အဆက်ဆက် စစ်ပွဲများစွာ ကြားတွင် ရှင်သန်ခဲ့ရသောစစ်ရည်ဝ ပြည်သူများနေသည့် ဒေသဖြစ် ကြောင်းကို မမေ့လျှင် အခြားအရပ် ပြည်သူ့စစ်များ မကိုင်တွယ်နိုင် သည့်လက်နက်ကြီးများ ကိုင်တွယ် နိုင်ခြင်းစွမ်းရည်ရှိသည်ကို အံ့သြ ကြမည်မဟုတ်ပါ။ သမိုင်းသည် လိုအပ်ချက်အရ အမြဲရွေ့လျား ပြောင်းလဲနေပါမည်။ စစ်ပွဲမှာ မင်း ကတော့ လေးခွလေးကိုင်၊ ငါက တော့ လောင်ချာကိုင်မယ်ဟု ပြော လို့မရနိုင်ပါ။

၇။ အဲဒီ ပြည်သူ့စစ်တွေကို ဦးဆောင်ဖွဲ့စည်းတာ ဇခုန်တိန့် ယိမ်း၊ သူက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်တယ်။ ဦးအောင်မင်း ဦးဆောင်တဲ့ ပြည် ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ကော်မီတီမှာလည်း အဖွဲ့ဝင်ဖြစ် တယ်။ ဒါပေမယ့် သူက ပြည်သူ့ စစ်တွေ ဘာတွေဖွဲ့စည်းတယ်။ ဒီလိုတိုက်ပွဲတွေကို ဖန်တီးလာတဲ့ အခါမှာ ကျွန်တော်တို့ နားမလည် နိုင်ဘူး။ ဘာ့ကြောင့် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်တွေက ပြည် သူ့စစ်ကိုဖွဲ့စည်းတယ်။ တိုက်ပွဲ တွေဖြစ်အောင် ဘာ့ကြောင့် ဖန်တီး နေသလဲ။

(၁) ဗိုလ်မှူးကြီး မရန်ဇော်တောင် တို့၏ သုတေသနဌာနက အချက် အလက်မှားများကို မှတ်ယူနေ ကြောင်း ပြောလိုပါသည်။ ဦးဇခုန် တိန့်ယိန်းသည်“ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်” မဟုတ်ပါ။ ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန် မြို့နယ် သုံးခုက ရွေးကောက်တင်မြှောက် ထားသည့်“အမျိုးသားလွှတ်တော် ကိုယ်စားလှယ်”သာ ဖြစ်ပါသည်။ KIA ၏ သုတေသနပြုမှတ်တမ်း များကိုပြန်လည်ပြင်ဆင်မှတ်တမ်း အသစ်တင်ထားသင့်ပါသည်။

အရွေးကောက်ခံ ကိုယ် စားလှယ်တစ်ယောက်သည် သူ့မဲ ဆန်္ဒနယ်ရှိ ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေးစသော ကိစ်္စအ၀၀အတွက် တာဝန်ရှိသူဖြစ်ပါသည်။ သူ့နယ် မြေမလုံခြုံလျှင် သူဦးဆောင်ကူညီ ဖြေရှင်းပေးရပါမည်။ ထိုသို့ ဆောင် ရွက်ခြင်းသည် တိုင်းပြည်တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ လွှတ် တော်အမတ်တစ်ယောက်၏တာဝန် ကိုထမ်းဆောင်နေခြင်းဖြစ်ပါသည်။ ထိုအခြေအနေကို နားမလည်စရာ အကြောင်းမရှိပါ။

(၂) ကချင်အထူးဒေသ (၁) နယ် မြေဟုခေါ်သော ပန်ဝါဒေသသည် BGF သို့ အသွင်ပြောင်းပြီးက တည်းက ပြည်သူ့စစ်မရှိတော့ပါ။ ၂၀၁၂ ဧပြီလ ၂၅ ရက်နေ့တွင် ထိုဒေသသို့ KIA တို့ ဘီလူးစီးပြီး ကျူးကျော်ဝင်ရောက်လာချိန်တွင် လည်း ပြည်သူ့စစ်များ မဖွဲ့ခဲ့ပါ။ ပြန်လည်မဆုတ်ခွာဘဲ ထိုဒေသတွင် တပ်စွဲအနိုင်ကျင့်လာသည့်အခါမှ မလွှဲမရှောင်သာ ပြည်သူ့စစ်များ ပြန်လည်ဖွဲ့စည်းခဲ့ရပါသည်။ KIA များ မိမိတို့ဒေသတွင် ခြေကုပ်ယူ လာပြီးနောက်ပိုင်း ဒေသခံများသည် အိုးအိမ်များ၊ လုပ်ငန်းခွင်များ၊ လယ် ယာများကိုစွန့်ခွာကာ စစ်ရှောင်ဒုက်္ခ သည်ဖြစ်လာခဲ့ရသည်။ ထိုအချိန်မှ စပြီး ကိုယ့်အိုး ကိုယ့်အိမ်ကို မပြန် နိုင်ကြတော့သည်မှာ ယနေ့တိုင် ဖြစ်ပါသည်။ ဒေသအတွက် စီမံ ကိန်းချမှတ် ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို မည်သို့မျှ လုပ်ဆောင်နိုင်ခြင်း မရှိ တော့သည်မှာလည်း ယနေ့တိုင်ဖြစ် ပါသည်။ထိုအခြေအနေတွင် ကိုယ့် အရပ်ကိုယ့်ဒေသ၊ ကိုယ့် ပြည်သူ ကို ကာကွယ်ဖို့ ပြည်သူ့စစ်များ ပြန်လည်ဖွဲ့စည်းရပါသည်။ ပြည် သူ့အတွက် တာဝန်ရှိသူတစ်ဦးအနေ ဖြင့် ထိုကိစ်္စတွင်လည်း ဦးဆောင်ဦး ရွက်ပြုရပါသည်။ ဥပဒေဘောင် လွတ် ဆောင်ရွက်ခဲ့ခြင်းမဟုတ်ပါ။ ထိုအချက်အလက်များကို သုတေ သနဌာနဥသျှောင် ဗိုလ်မှူးကြီးက မသိချင်ယောင်ဆောင်နေခြင်းသာ ဖြစ်ပါမည်။ ဒေသတွင်း ပြည်သူ့ စစ်များ ဖြစ်ပေါ်လာရခြင်းမှာ KIA တို့၏နယ်လွန်ကျူးကျော်တိုက်ခိုက် လာခြင်းကြောင့်သာ ဖြစ်ပါသည်။ ထိုဒေသသို့စစ်ပွဲများ ယူဆောင် လာသူမှာ KIA သာဖြစ်သည်။ဒေသခံပြည်သူ့စစ်များမဟုတ်ပါ။

(၃) တိုက်ပွဲတွေဖြစ်အောင် ဘာ ကြောင့် ဖန်တီးနေသလဲဟူသော မေးခွန်းအတွက် စစ်ပွဲတွေ တိုက်ပွဲ တွေကို မည်သူကစတင် ဖန်တီးခဲ့ ပါလဲဟူသော မေးခွန်းကိုမေးရပါ မည်။ ဆယ်စုနှစ်ပေါင်းများစွာ အေးချမ်းတည်ငြိမ်နေသော မေခ မြစ်အရှေ့ဘက်ခြမ်းကို ကျူးကျော် ၀င်ရောက် တိုက်ခိုက်ခဲ့သူများမှာ ဘယ်သူတွေပါလဲ။ ကိုယ့်အိမ်ထဲဝင် လာပြီး မီးလာရှို့သူကို ခုခံကာ ကွယ်နေရသူများက စစ်သွေးဆာ နေသော တိုက်ပွဲဖန်တီးသူများ လော။ ပုံမှန်ဦးနှောက်ဖြင့် စဉ်းစား လျှင်ပင် အဖြေမှန်ပေါ်နေပြီးသား ဖြစ်ပါသည်။ မိမိတို့ဒေသတွင် KIA က စစ်မီးစတင်ရှို့ခဲ့သည်။ မိမိတို့ဒေသခံများက ခုခံကာကွယ် သော ပြည်သူ့စစ်ပွဲကို ဆင်နွှဲကြ သည်။ ထိုအဖြစ်ကြောင့် ဒေသ တွင်း စစ်မီးတောက်ခဲ့ရသည်။ စစ်ပွဲ ၏ အဓိကတရားခံမှာ စစ်ကြောင့် နောက်ပိုင်းမှ ဖွဲ့စည်းခဲ့ရသည့် ပြည် သူ့စစ်များမဟုတ်ပါ။ စစ်ကိုစတင် ဖန်တီးသူ KIA အရှင်သခင်ကြီး များသာဖြစ်ပါသည်။

(၄) ပန်ဝါဒေသသည် KIA တို့ အား မိမိတို့ ဒေသမှ ငြိမ်းချမ်းစွာ ပြန်လည်ဆုတ်ခွာပေးပါရန် အကြိမ် ကြိမ် မေတ်္တာရပ်ခံခဲ့ပါသည်။ ပြန် လည်ဆုတ်ခွာမည့် လမ်းကြောင်း တစ်လျှောက် လိုအပ်သမျှကို အကူ အညီပေးကာ လာရာလမ်းအတိုင်း ပြန်လည်ပို့ဆောင်ပေးလိုကြောင်း ကမ်းလှမ်းခဲ့ပါသည်။ စာဖြင့်လည်း ကောင်း၊ ဘာသာရေးဆိုင်ရာ ဆရာ များမှ တစ်ဆင့်လည်းကောင်း၊ ကချင်ပြည်နယ်၏ လူကြီးလူ ကောင်း မြို့မိမြို့ဖများမှလည်း ကောင်း၊ လူထုအစည်းအဝေးပွဲက တစ်ဆင့် ပြည်သူလူထုများထံမှ လည်းကောင်း ကြိမ်ဖန်များစွာ မေတ္တာရပ်ခံခဲ့ပါသည်။
ကိုယ့်ဒေသကိုယ် ပြန် လည်ဆုတ်ခွာသွားခြင်းက သွေး ထွက်သံယိုမှုကင်း၊ ညီနောင်ချင်း သတ်ဖြတ်ရသော စစ်ပွဲများမှ ကင်း ပြီး အကောင်းဆုံးသော ဖြေရှင်း နည်းဖြစ်ကြောင်းလည်း ပြောခဲ့ပြီး ပါပြီ။ KIA က ဆုတ်ခွာရေးလမ်း ကြောင်းကို မရွေးချယ်ဘဲ၊ ဗိုလ် ကျစိုးမိုးရေး၊ နယ်မြေ ကျူးကျော် ရေး ရည်ရွယ်ချက်များကိုသာ ဆက်လက်ဆောင်ရွက်နေခဲ့သဖြင့် ဒေသပြည်သူများ လက်နက်ပြန် ကိုင်နေကြရပါသည်။

(၅) ပန်ဝါဒေသ ပြည်သူ့စစ်များ သည်မိမိဒေသကို မိမိကာကွယ်နေရ ခြင်းသာဖြစ်ပါသည်။ KIA ကို တွေ့ရာသင်္ချိုင်းဓားမဆိုင်း လိုက်လံ တိုက်ခိုက်နေမည်မဟုတ်ပါ။ တိုက် လည်း မတိုက်ခိုက်ခဲ့ပါ။ KIA နယ်မြေထဲထိ လိုက်လံတိုက်ခိုက် ရန် ရည်မှန်းချက်လည်း မရှိပါ။ သို့သော် မိမိဒေသတွင် KIA များ လာရောက်စိုးမိုးဗိုလ်ကျနေသရွေ့၊ ၅၇မမလည်း ကိုင်ပါမည်။ ၁၂၀မမ လည်း ကိုင်ပါမည်။ ကျူးကျော်သူ များ ကင်းစင်သွားချိန်တွင် ဒေသ သားတို့သည်ပေါက်တူးပေါက်ပြား နှင့်ဓားများသာ ကိုင်ဆောင်ကြ မည်ဖြစ်ပါသည်။

၈။ ဤမျှ အကျဉ်းချုပ်ပြောပြရုံဖြင့် “ကျွန်တော်တို့ နားမလည်နိုင်ဘူး” ဟူသော ကချင်လွတ်မြောက်ရေး လက်နက်ကိုင်တပ်ဖွဲ့၊ သုတေသန ဌာန ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး မရန်ဇော်တောင်နှင့် KIA သုတေ သနအဖွဲ့ဝင်များ တစ်စုံတစ်ရာ နား လည်နိုင်လောက်မည်ထင်ပါသည်။
ကျွန်တော်တို့ မေးမြန်း လိုသော မေးခွန်းတစ်ခုမှာ မေခမြစ် အရှေ့ခြမ်းကို ကျူးကျော်ပြီး KIA က ဘာကြောင့် တိုက်ပွဲကြီးများ ဆင်ခဲ့ပါသလဲ၊ ညီနောင်ချင်းသွေး မြေကျစေမည့်၊ စိတ်ဝမ်းကွဲစေမည့် နည်းလမ်းကို ဘာကြောင့်ရွေးချယ်ခဲ့ ကြပါသလဲဟူသော မေးခွန်းဖြစ်ပါ သည်။ ဗိုလ်မှူးကြီးဇော်တောင် တို့၏ သုတေသနအဖွဲ့က ချက်ကျ လက်ကျ ပြည်သူအား ရဲရဲဝံ့ဝံ့ ရှင်းလင်းပြောကြားလာမည့်နေ့ကို စောင့်မျှော်နေပါမည်။

ရေးသားသူ-ငေါ့ချန်းခ
First Weekly Journal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here