ငြိမ်းချမ်းရေးဖော်ဆောင် နေစဉ်ကာလအတွင်းရုံးလုပ်ငန်း များလုပ်ဆောင်ရန် တပ်ဖွဲ့မှ ထုတ်ပေးထားသော ကားများမဟုတ်ဘဲ ၎င်းင်ုးNU/KNLA မှ ဗိုလ်မှူးချုပ် စောထူးဂေ၏ လက်မှတ်ကို အတုပြုလုပ်၍ စာရွက်စာတမ်း များ ထုတ်ပေးစီးနင်းစေခြင်း၊ အဖွဲ့အစည်း၏အမည်ကို အလွဲသုံးစားပြုလုပ်၍ စီးနင်းစေခြင်းတို့ ကို ပြုလုပ်နေခြင်းဖြစ်ကြောင်း KNU/ KNLA မှ တာဝန်ရှိသူများကပြောသည်။
နိုင်ငံတော်မှ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်သည့် တပ်ဖွဲ့များကို လုပ်ငန်းဆောင်ရွက်ရန်အတွက် လိုင်စင်မဲ့ကားများ စီးနင်းခွင့်ထုတ်ပေးခြင်းကို အဆိုပါ စောမောင်မောင်ဆိုသူက ဒုဗိုလ်မှူးကြီးအယောင်ဆောင်၍ လက်မှတ်များအတုပြုလုပ်၍ ကားစီးနင်းခွင့်ထုတ်ခဲ့ခြင်းဖြစ
ထိုသူသည် တပ်မတော်၏ ရာထူးအဆင့်ဖြစ်သည့် ဒုဗိုလ်မှူးကြီး ရာထူးတံဆိပ်များကို KNU/ KNLA ၏ ယူနီဖောင်းတွင် တပ်ဆင်သုံးစွဲခဲ့၍ အဖွဲ့အစည်းကို နိုင်ငံတော်မှပေးအပ်သည့် အခွင့်အရေးများကို အယောင်ဆောင် တောင်းခံခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်မှူးချုပ်စောထူးဂေက အောက်တိုဘာ ၃၁ ရက်တွင် ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
စောမောင်မောင်ဆိုသူကို ဖမ်းဆီးနိုင်ရေးအတွက် KNU/
““သူက ကျွန်တော်တို့တပ်ဖွဲ့ နာမည်ကို အလွဲသုံးစားလုပ်တာကြောင့် လက်ရှိငြိမ်းချမ်းရေးဖော်ဆောင်ေ
၎င်း၏လုပ်ဆောင်ပုံနှင့် ပတ်သက်ပြီး ကားစီးနင်းခွင့် (သို့မဟုတ်) လိုင်စင်များကို မည်သို့လုပ်ဆောင်သလဲ ဆိုသည်ကိုမူ ဖမ်းဆီးမိ၍ စစ်ဆေးပြီးမှသာ သိနိုင်မည်ဟု KNU/KNLA ဒုဥက္ကဋ္ဌ ဦးအောင်ကျော်သိန်း က ပြောသည်။““ပြည်သူတွေကို ကားရမယ်။ လိုင်စင်ရအောင် လုပ်ပေးမယ်ဆိုပြီး ပြောတာလို့ ကြားရတယ်။ သူ့အိမ်မှာဝင်ရှာတော့ သူ့ နာမည်နဲ့လုပ်ထားတယ်ဆိုတဲ့ ၄၇ စီးရှိတဲ့ စာရွက်တွေ တွေ့ရှိတယ်။ အဲဒါကို ဘယ်လိုပုံစံနဲ့လုပ်လဲတော့ မသိဘူး။ ဖမ်းဖို့လည်း လုပ်နေတယ်။ နောက်ဒါမျိုးမဖြစ်အောင်တော့ တားဆီးသွားမှာပါ”” ဟု ဦးအောင်ကျော်သိန်းက ပြောသည်။
7 Day Daily