Wednesday, November 13, 2013

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ကို UNFC အစွမ်းကုန်ကူညီမည်

0 comments
13.11.2013

အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး မူဘောင်များ ချမှတ်နိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ကို အစွမ်းကုန်ကူညီမည်ဟု ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ထုတ်ဖော် ပြောဆိုလိုက်သည်။

“NCCT မှာက UNFC အဖွဲ့မဟုတ်တဲ့ အဖွဲ့တွေပါတယ်။ အဲဒီအဖွဲ့တွေက ရုံးနဲ့စုဖွဲ့ပြီး မနေကြဘူး။ UNFC မှာတော့ ရုံးရှိတယ်။ အလုပ်စနေတာပေါ့။ ဒါကြောင့် UNFC ကဘဲ ဒိုင်ခံပြီး အရင် မူကြမ်းဖြစ်အောင် ပြု စု ရေးဆွဲမှာ။ ပြီးတော့ NCCT နာမည်ကနေပြီး အဖွဲ့အစည်းအားလုံးရဲ့ သဘောထားတွေအပေါ်မှာ တစ်ခါ ပြန် NCCT မူဖြစ်အောင် ပူးတွဲ သဘောတူညီချက်တစ်ခု ပေါ်လာမယ်ဆိုပြီး ကြိုးပမ်းသွားမှာပါ”ဟု UNFC ၏ တွဲဖက်အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။ 

အဆိုပါမူကြမ်းကို NCCT က အဖွဲ့အစည်းအသီးသီး၏ အကြံဉာဏ်များကို ရယူကာ ရေးဆွဲပြုစု၍ မကြာမီ အဆိုပြု တင်ပြသွားနိုင်ရန် စီစဉ်လျက်ရှိပြီး UNFC အနေဖြင့်လည်း အစွမ်းကုန် ပူးပေါင်းပါဝင် လုပ်ဆောင် သွားမည်ဖြစ်သည်ဟု နိုဝင်ဘာ ၁၂ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး လာမည့် အောက်တိုဘာ ၂၅ ရက်တွင် အဆိုပါမူကြမ်းအား အပြီးရေးဆွဲသွားရန် စီစဉ်ထားသည်ဟု ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ရက်မှ နိုဝင်ဘာလ ၅ ရက်ထိ ကျင်းပ ခဲ့ကြသော မြစ်ကြီး နား မြို့ဆွေး နွေပွဲများ၊လိုင်ဇာညီလာခံနှင့်ထိုလိုင်ဇာညီလာခံမှထွက်ပေါ်လာသောNCCT ဖွဲ့စည်းနိုင်ခြင်း များသည် UNFC မှ အဓိက အခန်းကဏ္ဍတွင် ပါဝင်လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။ 

“လိုင်ဇာညီလာခံ၊ မြစ်ကြီးနား ဆွေးနွေးပွဲတွေ နောက်ထပ် ထွက်လာတဲ့ NCCT မှာပဲဖြစ်ဖြစ် အားလုံး တောက်လျှောက် UNFC က အဓိက ပါဝင်လုပ်ဆောင်နေတယ်ဆိုတာ ပေါ်လွင်အောင် ထုတ်ပြန်ရတာ၊ မဟုတ်ရင် UNFC ရဲ့ အခန်းကဏ္ဍက ဘယ်ရောက်နေပြီ လဲ မေးခွန်းတွေ မေး လာပြီ။ ဖြစ်ပေါ်မှုတွေက UN FC က တပြေးညီ ပါဝင်နေတယ်ဆိုတာ ထင်ရှားအောင် ထုတ်ပြန်ရတာပါ”ဟု ၎င်းက ဆက်ပြောသည်။ 

မြစ်ကြီးနားမြို့ဆွေးနွေးပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ထုတ်ပြန် ထားသော “နှစ်ဖက် သဘောတူစာချုပ်” ခေါင်းစဉ်ဖြင့် အဆိုပြု(မူကြမ်း)ကို NCCT က လက်ခံ ရရှိထားပြီး ဖြစ်သော်လည်း ထိုမူကြမ်းအား UNFC အနေဖြင့် လေ့လာသုံးသပ်နေဆဲဖြစ်သည်ဟု ဆိုထား သည်။ 

KIO ဌာနချုပ် လိုင်ဇာမြို့တွင် ကျင်းပသော ညီလာခံသည် တိုင်းရင်းသားညီညွတ်ရေးအတွက် ရာနှုန်း ပြည့် အောင်မြင်သော ညီလာခံဖြစ်ပြီး KIO အပါအ၀င် ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင် အဖွဲ့PCG နှင့် ကချင်ပြည်သူလူထုများကို အထူးဂုဏ်ပြု မှတ်တမ်းတင်အပ်ကြောင်း ဖော်ပြထားသည်။  

ထို့ပြင် ညီလာခံဖြစ်ပေါ်စေရေးအတွက် ခွင့်ပြုပေးသော သမ္မတ ဦးသိန်းစိန်အစိုးရ၏ UPWC ၊ MPC အဖွဲ့ များကိုလည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် လက်တွေ့ ဆောင်ရွက်ပေးခြင်း ဖြစ်သည့်အ တွက် UNFC က ကျေးဇူးတင်ကြောင်း ဆက်လက် ဖော်ပြထားသည်။ 

UNFC အပါအ၀င် အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၈ ဖွဲ့မှ ခေါင်းဆောင်များ လေးရက် ကြာ တွေ့ဆုံဆွေးနွေးခဲ့သော လိုင်ဇာညီလာခံမှ အချက် ၁၁ ချက်ပါ အပစ်အခတ်ရပ်စဲရေး မူဘောင် ရေးဆွဲနိုင်ခဲ့ပြီး အစိုးရကိုယ်စားလှယ်များနှင့် ဆွေးနွေးမည့် ၁၃ ဦးပါ NCCT အဖွဲ့ကိုလည်း ဖွဲ့စည်းနိုင်ခဲ့သည်။တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး ဆိုင်ရာ မူဘောင်ရေးဆွဲ ရေးနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး စသည့် အချက်သုံးချက် ကို မြစ်ကြီးနား ဆွေးနွေးပွဲပြီးနောက် ပူးတွဲ သဘောထား ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

သို့သော် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲကျင်းပရန် အစိုးရဘက် မှာ ဆောင် ရွက်နေ သော် လည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၂ နယ်မြေတွင် ယနေ့ထိ နေ့စဉ် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်။

Mizzima

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here