Wednesday, December 18, 2013

ပျံကျဈေးအတွင်း ညအိပ်သူများ စည်ပင်မှ ရှင်းလင်းမည်

0 comments


18.12.2013

သီပေါမြို့နယ် စည်ပင်သာယာပိုင် ၀က်ဝံဈေးအတွင်း နယ်ဒေသများမှ လာရောက်သောသူများ တည်းခိုခန်း သဖွယ် နေထိုင်၍ ဈေးရောင်းချနေခြင်းအားဒီဇင်ဘာလ (၃၁)ရက်နေ့ နောက်ဆုံးထား၍ ဖယ်ရှားပေး ခိုင်း ထားကြောင်းသိရှိရသည်။

"အမေတို့က မုံရွာကနေ လာပြီး ဈေးရောင်းတာပါ။ အခုလိုစည်ပင်ကနေဖယ်ခိုင်းတော့ အခက်တွေ့နေရ ပါတယ်။ ဈေးကတစ်နေရာလူကတစ်နေရာဖြစ်သွားပြီး အိမ်ငှားစရိတ်ဆိုတာလည်း မလွယ်ပါဘူး၊ မရှိလို့ အိမ်ငှား မနေနိုင်ဘဲ ဈေးမှာဖြစ်သလိုနေနေကြရတာပါ '' ဟု မုံရွာမြို့မှလာရောက်၍ ရာသီပေါ် သီးနှံရောင်း ချသူ ဒေါ်လှမေမှ ပြောသည်။

သီပေါစည်ပင်သာယာရေးဌာနမှ ဒေသအတွင်း ကျူးကျော်ဆိုင်ခန်းများနှင့် လမ်းဘေး ကျူးကျော် များ ဈေးအတွင်း ကျူးကျော်များအားရှင်းလင်းလျက်ရှိနေပြီး ကျူးကျော်ရောင်းချသူများအား စည်ပင်ရုံး၌ ရှင်းလင်း ဆွေးနွေး လက်မှတ်ရေးထိုး ဖယ်ရှားပေးခိုင်းလျက် ရှိနေကြောင်းသိရှိရသည်။ အဆိုပါကိစ္စ အတွက် သီပေါမြို့ စည်ပင်သာယာရေးဦးစီးဌာနသို့သွားရောက်မေးမြန်းရာတွင် ပျံကျဈေးဆိုသည်မှာ ညအိပ်ခွင့်မရှိပါကြောင်းအနယ် နယ်အရပ်ရပ်မှ ရထားဖြင့် လာရောက်သူမျိုးစုံမှ ဈေးအတွင်း ကြုံသလို အိပ်စက်ကြပြီး တည်းခိုခန်းသဖွယ် နေထိုင် နေကြကြောင်းမြို့သန့်ရှင်း သာယာရေးနဲ့ မြို့နေလူထု စည်းကမ်းတကျနေထိုင်နိုင်ရန်ဖယ်ရှားပေးခိုင်းခြင်း ဖြစ်ကြောင်း၊စနစ်တကျဈေးရောင်းချခွင့် ပေးထားပြီးညစောင့်အ
တွက်လည်း ဈေးသည်များ စုပေါင်း၍ လူ (၅)ဦး ထားရှိပေးမည်ဖြစ်ကာညအိပ်စက်မှုအတွကို ခွင့်ပြုပေး သွားမည်မဟုတ်ဘဲ အိမ်သဖွယ် နေထိုင်သူများအားဒီဇင်ဘာလ (၃၁)ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေး သွားမည်ဖြစ်ကြောင်းစည်ပင်အမှုဆောင်အရာရှိမှ ရှင်းလင်း ပြောကြားသည်။

စိုင်းကံသာ(လားရှိုး)
The Myanma Age

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here