Thursday, December 12, 2013

နမ့်ခမ်း ဒေသခံ တဦးအား မြန်မာ စစ်ယာဉ်တန်းမှ စစ်ကားတိုက်မိ - သေဆုံး

0 comments
                                             သေဆုံးသူ နိုင်းယွက်ခမ်းထွမ်းလှ (ဓါတ်ပုံ- အိုက်ဖျောင်)

12.12.2013

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန့်ဝိန်းကြီးဘက်သို့ အင်အားဖြည့်တင်း သည့် မြန်မာစစ်တပ် စစ်ယာဉ်တန်း နမ့်ခမ်းမြို့ နယ် ဒေသခံတဦးအား တိုက်မိသေဆုံးကြောင်း ဒေသတွင်း သတင်းရပ်ကွက်က ဆိုပါသည်။

“မနေ့က ညနေပိုင်းမှာ နမ့်ခမ်းဘက်ကနေ လွယ်ဟိုဆေဘက် တက်သွားတဲ့ မြန်မာစစ်ယာဉ်တန်း လွယ်ဟိုဆေကနေ နမ့်ခမ်း ဘက်ကိုလာတဲ့ နိုင်းယွက် ခမ်းထွမ်းလှ ကို တိုက်မိတာ။ ညနေ ၅ နာရီလောက်မှာ တိုက်မိတယ်။ ဆေးရုံကို ပို့ရင်း ၇ နာရီလောက်မှာ ဆုံးသွားတယ်” ဟု နမ့်ခမ်းဒေသခံ စိုင်းခမ်းက ပြောသည်။

တပ်သားနှင့် ရိက္ခာတင်ထားသည့် မြန်မာစစ်ယာဉ်တန်း အစီး ၄၀ ခန့်သည် ယမန်နေ့က နမ့်ခမ်းမြို့မှ လွယ်ဟိုဆေဘက်သို့ အားဖြည့်ရန်တက်သွားစဉ် နမ့်ခမ်းမြို့အထွက်တွင် တိုက်မိခဲ့ခြင်းဖြစ်သည်။

လွယ်ဟိုဆေဘက်တွင် နေထိုင်သော နိုင်းယွက်ခမ်းထွမ်းလှ (အသက် ၅၂ နှစ်) သည် ၎င်း၏အမျိုးသားနှင့်အတူ ဆိုင်ကယ် ဖြင့် နမ့်ခမ်းဘက်သို့ တက်လာရာ နမ့်ခမ်းမှထွက်လာသော မြန်မာစစ်ယာဉ်တန်းမှ စစ်ကားတစ်စီးက ၎င်းတို့အား တိုက်မိ ကြောင်း၊ ဆိုင်ကယ်မှ လွင့်ကျသွားသည့် နိုင်းယွက်ခမ်း၏ ခါးကို ထပ်မံကြိတ်မိသဖြင့် သေဆုံးခြင်းဖြစ်ကြောင်း နမ့်ခမ်း မြို့ခံ လူငယ်များ က ပြောသည်။

သို့သော် မြန်မာစစ်ယာဉ်တန်းမှ အရာရှိက ‘တခြားဆိုင်ကယ်တစီးနှင့် တိုက်မိ၍ လွင့်ကျရာ ၎င်းတို့ယာဉ်တန်းအား လာခတ် မိခြင်းဖြစ်သည်’ ဟု ပြောဆိုကြောင်း ဆွေမျိုးတော်စပ်သူများ ပြန်လည်ပြောချက်အရ သိရသည်။

သေဆုံးသူ နိုင်းယွက်ခမ်းထွမ်းလှသည် လွယ်ဟိုဆေအုပ်စု ဝမ့်နမ့်ဟီးရွာသူ ဖြစ်ပါသည်။

သျမ်းသံတော်ဆင့်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here