Wednesday, December 11, 2013

ကွတ်ခိုင်၌ စိတ်ကြွဆေးပြား ဖမ်းမိ

0 comments

11.12.2013

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် ကွတ်ခိုင်မြို့၊ ရပ်ကွက်(၃)၌ မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်၊ ကွတ်ခိုင်လှုပ်ရှားအဖွဲ့မှ တပ်ဖွဲ့ဝင် များသည် သက်သေများနှင့်အတူ စိတ်ကြွဆေးပြား (၇၀)ပြားအား တရားခံနှင့်အတူ ဒီဇင်ဘာလ (၉)ရက် နေ့လည် ( ၁၁ )နာရီ အချိန် က ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အဆိုပါတပ်ဖွဲ့ဝင်များသည် ရပ်ကွက်(၃)ရှိ အိမ်အမှတ်(ဂ/---)ရှိ မောင်ဇော်xxx၏ နေအိမ်တွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ မသင်္ကာမှုများရှိနေကြောင်း သတင်းရရှိ၍ ၀င်ရောက် စစ်ဆေးရာမှ ၎င်း၏ အိပ်ယာဘေးရှိ ဘီဒိုအတွင်းထဲမှ ကော်ဗူးဖြင့် သိမ်းထားသည့် 88 နှင့် 1 စာတန် တစ်ဖက်စီပါသော ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၇၀)ပြားကို တွေ့ရှိရ၍ သိမ်းဆည်းခဲ့ကြသည်။ ဆက်လက်၍ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ မောင်ဇော်xxxx အား ကွတ်ခိုင်မြို့မရဲစခန်းမှ မယ(ပ) ၁၄၄/၂၀၁၃၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က) အရ အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိသည်။

Tachileik

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here