Tuesday, December 10, 2013

တောင်ကြီးမြို့တွင်း ဗလီဥက္ကဌ နေအိမ်တွင် မိုင်းပေါက်ကွဲ

0 comments


ဒီဇင်ဘာလ ၈ ရက် ညက တောင်ကြီးမြို့ ၊ မြို့မရပ်ကွက်တွင်ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့သည်။


“ကျွန်တော်တို့ ဗုံးပေါက်ကွဲသံ ကြားတော့ ဘယ်ကအသံလည်းဆိုတာသွားကြည့်ကြတာပေါ့။ ပြီးတော့ ရဲတွေရောက်လာတယ် ။ သက်ဆိုင်ရာတွေ ရောက်လာတယ် ။ အိမ်ထဲမှာပဲ ပေါက်ကွဲတာ တစ်ယောက် ထိသွား တယ်အိမ်ရှင်ပေါ့ ”ဟု မြို့မရပ်ကွက်သား တစ်ဦးက ပြောသည်။


မြောက်ကျောင်းလမ်းနှင့် အုတ်ဖိုလမ်းထောင့် အလယ်ဗလီ ဥက္ကဌ ဦးမြင့်သိန်း၏ နေအိမ်တွင်း လှေခါးရင်း ၌ ပေါက်ကွဲမှုဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ ၄င်း၏ ဘယ်ဘက်ခြေဖမိုး ဒဏ်ရာရ၍ စဝ်စံထွန်း ဆေးရုံ အရိုးကုသဆောင်တွင်ဆေးကုသမှုခံယူခဲ့ရကြောင်း မြို့မရပ် တာဝန်ရှိသူများထံမှသိရသည်။


“ ဒီပေါက်ကွဲမှုဟာ စစ်တပ်တွေမှာသုံးတဲ့ ကုမ္မဏီက လုပ်တဲ့မိုင်းမျိုးမဟုတ်ဘူး လက်လုပ်မိုင်းလို့ သက်ဆိုင် ရာကျွမ်းကျင်သူတွေက ယူဆထားကြတယ် ။ ငါးတွေကိုခွဲတဲ့မိုင်းနဲ့တူတယ်။ အိမ်ထဲမှာပေါက်တယ်ဆိုတော့ အသေးစိပ်ပြန်စစ်ဆေးနေကြတယ် ။ သူ့မိသားစု ဝင်တွေလဲ ဘာမှ သေသေချာချာ မသိဘူးဖြစ်နေတယ် ”ဟုတာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်အားပြောပါသည်။


ပေါက်ကွဲမှုကြောင့် သျှမ်းပြည်နယ်ရဲမှူးကြီးက ဗလီမှ အကြီးအကဲများအား ခေါ်ယူတွေ့ဆုံဆွေး နွေးမှုပြုလုပ်ခဲ့ကြောင်း၊ ဦးမြင့်သိန်း အားလည်း ပေါက်ကွဲ (၅) နှင့် မြို့နယ်ရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here