Wednesday, December 4, 2013

တပ်သိမ်းမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုစုံစမ်းစစ်ဆေးရေးကော်မရှင်ကလေးမြို့သို့ ရောက်ရှိစစ်ဆေး

0 comments
4.12.2013

ဒဇယ်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့် ဦးဆောင်သော တပ်သိမ်းမြေနှင့် အခြားမြေ များသိမ်းဆည်းခံရမှုစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့သည်ဒီဇင်ဘာ(၃)ရက်မှစ၍ကလေးမြို့နယ်တွင်
 မြေသိမ်းဆည်းခံခဲ့ရသည့်တောင်သူများ၊မူလမြေပိုင်ရှင်များဖြင့်တွေ့ဆုံစစ်ဆေးနေပြီဖြစ်ကြောင်း မြို့နယ်ထွေအုပ်ရုံးမှ သိရသည်။

“ ကျွန်တော်တို့အဖွဲ့က စစ်ကိုင်းတိုင်းနှင့်ကချင်ပြည်နယ်ကိုစစ်ဆေးဖို့တာဝန်ရှိပါတယ်။ကလေးမြို့နယ်မှာ
သိမ်းဆည်းခံမြေယာများနဲ့ပတ်သက်ပြီးအမှု(၁၄)မှုပဲစစ်ဆေးသွားမှာပါ။၂၀၁၃ခုနှစ်၊မတ်လအထိ ရောက်လာတဲ့ အမှုတွေကိုသာပထမအကြိမ်ဖြစ်စစ်ဆေးမှာပါ။ ၂၀၁၃၊ မတ်လရဲ့ ဒီဘက်မှ ကော်မရှင်ကို တိုင်ကြားစာနှင့် ခမှ စာတင်လာတဲ့မြေယာ ကိစ္စတွေကိုတော့ နောက်တစ်ကြိမ်မှစစ်ဆေးနိုင်မှာပါ။ စစ်ဆးဆောင်ရွက်ပြီးစီးမှု အခြေနေတွေကို(၂)လအတွင်းပြည်ထောင်စုလွှတ်တော်ကိုတင်သွင်းပေးရမှာပါ”ဟုအဖွဲ့ခေါင်းဆောင်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်ကပြောသည်။

“ လေယာဉ်ပြေးလမ်းတိုးချဲ့ခံရတဲ့အိမ်နေရာတွေကို အစားထိုးပေးဖို့ကျွန်မတို့လယ်မြေတွေကို သိမ်းဆည်း ခံထားရပါတယ်။စုစုပေါင်း(၃၅.၃၇)ဧကသိမ်းခံတယ်။အဲဒီ(၃၅.၃၇)ဧကကိုချင်းတိုင်းရင်းသားခုနှစ်ဦးပိုင်တာပါ။ ချင်းတိုင်းရင်းသားတွေဟာမို့တစ်ဖက်သတ်အနိုင်ကျင့်သိမ်းယူခဲ့တာလားလို့ယူဆပါတယ်။သိမ်းခံရတဲ့မြေတွေအတွက် လျှော်ကြေးအဖြစ် (၃၆)ကွက်ပြန်ပေးပြီးတစ်ဧကကို (၁၀)သိန်းနှုန်းပဲပေးခဲ့ပါတယ်။လျှော်ကြေးကိုလည်းသက်ဆိုင်ရာ
အာဏာပိုင်တွေက အကြတ်ကိုင်ခြိမ်းခြောက်လို့ မယူချင်ဘဲယူခဲ့ရတာပါ” ဟု တောင်ဖီလာရပ်ကွက်မှ
ဒေါ်ကြည်ကြည်ဝင်းကပြောသည်။

သိမ်းဆည်းခံမြေယာများနှင့်ပတ်သက်၍ သက်ဆိုင်ရာ အသီးသီးသို့ တိုင်ကြားခြင်းများရှိခဲ့သော်လည်း အချိန်ကာလကြာမြင့်သည်အထိရှင်းလင်းပြတ်သားသော ဖြေရှင်းပေးမှုမရှိခဲ့ကြောင်း၊ယခုလာသည့်ကော်မရှင် အဖွဲ့သည်လည်းလာရောက်စစ်ဆေးပြီးအဖြေမထွက်ဘဲအချိန်ကြာမြင့်နေဦးမည်ကိုစိုးရိမ်ကြောင်းကော်မရှင်ထံ လာရောက်တွေ့ဆုံသည့် တောင်သူ တစ်ဦးက ပြောသည်။

တပ်သိမ်းမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့သည်ကလေးမြို့၊မြို့နယ်ခန်းမတွင်စုံစမ်းစစ်ဆေးမှုများ
ပြုလျက်ရှိပြီးတမူးမြို့သို့ ဆက်လက်စုံစမ်းမှုများပြုလုပ် သွားမည်ဖြစ်ကြောင်းသိရသည်။

ကျော်သူစိုး(ကလေးမြို့)
The  Myanma Age

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here