Saturday, November 16, 2013

အသစ်ဖွင့်တိုင်း သွားခဲ့ရတဲ့ နေပြည်တော်ဘူတာရုံပိုင်ကြီး – ရန်ကုန်ကိုကိုကြီး

0 comments

ရထားတွေလည်း တော်ကြာမှောက်သွားပြီ၊ တော်ကြာ တုံးလုံးလဲသွားပြီ။ တော်ကြာ ရပ်သွားပြန်ပြီ 

အဲဒီမှာ သတင်းစာတွေထဲမှာ တော်တော်လေး ဆိုးတယ်ပေါ့နော်။ တွဲတွေကလည်း မကောင်း၊ 

စက်ခေါင်းကလည်း။ နိုင်ငံတော်က ပံ့ပိုး ကူညီမှု အစိုးရဌာန၊ ၀န်ကြီးဌာန ဘာမှ မပေးတော့ဘူးဆိုတော့ 

ကိုယ့်ပိုက်ဆံနဲ့ ကိုယ့်ဘာသာကိုယ် လုပ်ရမယ် . . .

ရုံပိုင်ကြီးဦးအောင်ခင်
ရုံပိုင်ကြီးဦးအောင်ခင်
နေပြည်တော် ဘူတာကြီးကို အရင် အစိုးရ လူကြီးတွေရော လာတာရှိလား။

မရှိပါဘူး။ တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်အေးကတော့ လာတယ်။ သူ့မိသားစု ပို့တဲ့ 
အခါတို့၊ ဒီ့ပြင် လုပ်ငန်းကိစ္စ ရှိတဲ့အခါမျိုး အဲလိုမျိုးတွေ။ နောက်ပြီးတော့ သတင်းကိစ္စပေါ့နော် 
တပ်ရင်းမှူးတွေ လိုက်စစ်တဲ့ အခါကျတော့ အရင်လိုတော့ သိပ်မစစ်တော့ပါဘူး။ 
သိပ်မစစ်တော့ဘူးဆိုတာ အရင်တုန်းကတော့ ဆူဆူပူပူ အခုတော့ အေးအေးဆေးဆေး ဖြစ်သွားပြီ။

ရထားလုပ်ငန်းတွေနဲ့ ပတ်သက်လို့ ရထားစီးတဲ့ ပြည်သူတွေကို ဘာတွေ အသိပေးချင်သေးလဲ။
ပီအာရ်သင်တန်း တက်ခဲ့တယ်။ သင်တန်းမှာ ပို့ချတာက ဦးရဲထွဋ်။ နောက်ပြီးတော့ ပို့/ဆက်ကျောင်းက
 ကျောင်းအုပ်ကြီး ဒေါ်နှင်းမူ။ ကျွန်တော်ကတော့ နံပါတ် ၁ နေရစ်ခဲ့တဲ့ ပုဂ္ဂိုလ်ပေါ့။ ပြည်သူလူထုက
 ကျွန်တော်တို့ မီးရထားတွေကို ရေးတဲ့အခါမှာ ဟိုဟာက မကောင်းဘူးတို့ 
ဘာဖြစ်တယ် ညာဖြစ်တယ် … ဒီနေ့ ဒီအချိန် အထိတော့ ရေးလို့ရတယ်။ ရေးလည်း
 ရေးတယ် ပေါ့နော်။ ပြီးတဲ့ အခါကျတော့ ပွင့်လင်း မြင်သာစွာနဲ့ ရေးကြတယ်။ သို့သော်လည်း
 ပြည်သူ့အမြင်ကတော့ မီးရထားကို ကောင်းအောင်၊ ငြိမ်အောင်လို့ စီးရတာ မှန်တာပေါ့။ 
ကျွန်တော်တို့ မီးရထားကြီးက ဘာဖြစ်လာလဲဆိုတော့ အရှုံးခံပေးရမယ့် လုပ်ငန်းဖြစ်တယ်။ အရှုံးခံ
 ပေးရတဲ့ အခါမှာ ရှေ့ဘယ်လို သွားရမလဲ။ ဆိုပါတော့ စက်ခေါင်း၊ လမ်းပေါ့နော်။ အရင်တုန်းကတော့
 နိုင်ငံတော်က ပံ့ပိုး ကူညီတယ်။ အခုကတော့ ပုဂ္ဂလိက ကလုပ်တော့ မနိုင်တော့ဘူး ပေါ့နော်။ 
ရှိတာလေးနဲ့ လုပ်နေရတဲ့ အခါကျတော့ သိပ်ပြီးတော့ အမြင်မလှဘူး။ ရထားတွေလည်း
 တော်ကြာ မှောက်သွားပြီ၊ တော် ကြာတုံးလုံးလဲ သွားပြီ။ တော်ကြာ ရပ်သွားပြန်ပြီ အဲဒီမှာ 
သတင်းစာတွေထဲမှာ တော်တော်လေး ဆိုးတယ် ပေါ့နော်။ တွဲတွေကလည်း မကောင်း၊ 
စက်ခေါင်းကလည်း။ နိုင်ငံတော်က ပံ့ပိုးကူညီမှု အစိုးရဌာန၊ ၀န်ကြီးဌာန ဘာမှ မပေးတော့ဘူး
 ဆိုတော့ ကိုယ့်ပိုက်ဆံနဲ့ ကိုယ့်ဘာသာကိုယ် လုပ်ရမယ်။ ပြည်သူလူထုက ကျွန်တော် တို့ကိုမြင်တာက
 ကျွန်တော်တို့ ဘူတာကြီးမှာ ဆိုင်းဘုတ်တွေ တပ်ထားတယ်၊ တပ်ထားတဲ့အခါ အဲဒီ 
ဆိုင်းဘုတ်တွေကို ဖတ်တဲ့လူလည်း ရှိတယ်။ မဖတ်တဲ့ လူလည်းရှိတယ်။ တချို့ကျတော့လည်း 
လိုက်နာတယ်၊ တချို့ကျတော့လည်း မလိုက်နာဘူး။ ကျွန်တော်တို့က ကြိုးစားရမယ်။ ကျွန်တော်တို့ 
ကြိုးစားရမယ် ဆိုတာက အားလုံး အဆင်ပြေအောင် ကျွန်တော်တို့က လုပ်ကြရတာလေ။ သို့သော် 
တချို့ ပြည်သူတွေက မမြင်ကြဘူး။ ဒီပြည်သူတွေကို ကျွန်တော် မြင်စေချင်တယ်။ ဒီဘက်မှာ
 ဆေးလိပ် မသောက်ရဆို သောက်တယ်။ ဒီဘက်မှာ ကွမ်းမစားရဆို စားတယ်။ သေးမပေါက်ရဘူးဆို
  ပေါက်တယ်။

ရုံပိုင်ကြီးပြောတဲ့ ဘူတာကြီးမှာ ရှိတဲ့ ဆိုင်းဘုတ်တွေဆိုတာ …။

ကျွန်တော်တို့ အကုန်ရေးထားတာပဲ။ သို့သော်လည်း ကြည့်တဲ့လူ သိပ်မရှိဘူး။ ရထားဘယ်အချိန်
 ရောက်မယ်၊ ဘယ်အချိန်ထွက်မယ် ကြည့်တဲ့သူ သိပ်မရှိဘူး။ အားနည်းတယ်။ သူများနိုင်ငံကျတော့
 ကျွန်တော်တို့သွားရင် နိုင်ငံခြားသွားတဲ့ အဖွဲ့တွေ ကြည့်တဲ့ အခါကျရင် သေသေချာချာ ကျကျနန
 လုပ်လို့ရတယ်။ ပွင့်ပွင့် လင်းလင်း ပြောရရင်တော့ အများကြီး လိုသေးတယ်လို့ ထင်ပါတယ်။ 
ဆိုတော့ ပြည်သူ့ ဆက်ဆံရေးမှာ အရင်တုန်းက လည်း စာပေတွေ သင်လာခဲ့ရတယ် 
အရမ်းကောင်းပါတယ်။ အဲဒီတော့ ဒီဥစ္စာတွေကို ဆက်လက် ပြီးတော့လည်း ဒီ့ထက် ကောင်းအောင်လည်း 
လုပ်သင့်တယ်။ ဒီတော့ ပြည်သူ့ဆက်ဆံရေး ပီအာရ်ဆိုတဲ့ဟာ ဘယ်အချိန် ဘယ်ကာလ
 ဘယ်လို ပေါ်ပေါက်တယ်၊ ဘယ်လို ဆက်လက်ပြီး ဆောင်ရွက်ရင် ကောင်းမလဲ။
ဒုဝန်ကြီး ဦးရဲထွဋ်က ဆိုင်းဘုတ်တွေ ထောင်တာလည်း အများကြီးပဲတဲ့ အဲဒါ ပီအာရ်ပဲတဲ့ 
ဟိုးအရင် တည်းကလည်း ရှိတယ်။ အခုလည်းရှိတယ်။ ပီအာရ်ဆိုတာ အခုမှ ပေါ်လာတာ မဟုတ်ပါဘူးတဲ့။ 
ဟိုး အရင်တည်းက ရှိတယ်တဲ့။

ရုံပိုင်ကြီး ဒီနေ့ဆိုရင် လုပ်သက် ဘယ်လောက် ဖြစ်သွားပြီလဲ။

ကျွန်တော် ကျောင်းဆရာ လုပ်သက် ၄ နှစ်၊ မီးရထားလုပ်သက် ၃၂ နှစ်၊ ၃၆ နှစ်ရှိပြီ။

ရထားဝန်ကြီးအသစ် ရုံပိုင်ကြီးကို ဘာတွေမှာလဲ။

ဘာရယ်လို့တော့ မဟုတ်ပါဘူး။ ခရီးသည်တွေကို အဆင်ပြေအောင် လုပ်ပေးဖို့၊ 
စိတ်ချမ်းသာအောင် ဆောင်ရွက် ပေးဖို့၊ ခရီးစဉ် သိချင်တာတွေ မေးရင်လည်း ဖြေဖို့ပေါ့။ ၀န်ဆောင်မှု
 ကောင်းဖို့၊ ရထားတွေ အချိန် မှန်ဖို့ပေါ့။

မှောင်ခိုကတော့ လုံးဝ မရှိတော့ဘူးလား။

ကျွန်တော်တို့ဆီမှာတော့ မရှိပါဘူး။ ဒီမှာတော့ လုံးဝလက်မခံဘူး။ ရှိလည်းမရှိဘူး။

အခု ပျဉ်းမနားမှာ ရပ်ပြီးတော့မှ ရထားက ဒီကိုလာတာပေါ့။

ရန်ကုန်ကနေပြီးတော့ အမှတ် ၉ အဆန် ဆိုပြီးတော့ သာစည် ရထားပေါ့။ အဲဒီကမှ သာစည် 
ကနေပြီးတော့ ရွှေ တောင် ဆိုပြီးတော့ ထပ်ထွက်တော့ သာစည်-ရွှေတောင်။
ရန်ကုန်ကလာရင် ပျဉ်းမနားပေါ့။ ပျဉ်းမနားမှ ကျွန်တော့်ဆီပေါ့။ ဒီမှာ ငါးမိနစ်ရပ်၊ ရပ်ပြီးတော့မှ 
သာစည် ဆက်သွား။
မန္တလေးမရှိဘူး။ ရန်ကုန်-သာစည်ပဲ။ ရန်ကုန်-သာစည်ကျတော့ နေပြည်တော်က ဖြတ်တာပေါ့။ 
ရန်ကုန်-မန္တလေး ကျတော့ မိန်းလမ်းကြီးပဲ။ ရန်ကုန်ပြီး ပဲခူး၊ ပဲခူးပြီး တောင်ငူ၊ တောင်ငူပြီး ပျဉ်းမနား၊
 ပျဉ်းမနားပြီး နေပြည်တော်၊ နေပြည်တော်ပြီး သာစည်။ ဒါမိန်းလမ်းကြီးပဲလေ။

မိတ္ထီလာရထားတို့ကရော။

မရှိတော့ပါဘူး။ မြင်းခြံရထားနဲ့ မန္တလေးရထားကတော့ အရင်တုန်းကတော့ အမှတ်၂၇ အဆန်၊ ၂၈
 အစုန်ရှိ တာပေါ့နော်။ နောက်ပိုင်းကျတော့ ခရီးသည်သွားလာမှု နည်းတာနဲ့ ဖျက်လိုက်တယ်လို့ သိရပါတယ်။

ခရီးသည်တွေအတွက် အဆင်ပြေတာပေါ့။

ဟုတ်တယ်။ ခရီးသည်တွေအတွက် အဆင်ပြေတယ်။ ကျွန်တော့်ဆီ မစီးချင်လည်း ပျဉ်းမနား 
စီးတာပေါ့။ ပျဉ်းမနားက စည်လည်း စည်တာကိုး။ သွားရေးလာရေးက ကားဆွဲတာ
 ဘာနဲ့ညာနဲ့ဆိုတော့ ၀န်ထမ်းတွေအတွက် သီးသန့်ပြန်ပြီးတော့ ပြေးပေးပါတယ်။

ညရထား ဘယ်အချိန်ရှိလဲ။
ဒီကနေ ရန်ကုန်ကို ၈ နာရီ ရှိတယ်။ အမှတ် ၈ အစုန် ဆိုပြီး ထွက်တယ်။ မော်လမြိုင်က မနက် ၇း၃၀။

ပင်စင်ကျတော့ ဘယ်နှခုနှစ် ပြည့်မှာလဲ။

၂၀၁၅၊ နိုဝင်ဘာလ ၁၅ ရက်နေ့။

တကယ်တမ်း ရုံပိုင်ကြီး ရုံပိုင်ချုပ်ကြီး ဖြစ်ဖို့ဆိုရင် ဘယ်နှ ခုနှစ်လောက်တည်းက ဖြစ်သင့်လဲ။

သူ့ပုံမှန်အတိုင်း ပေးမယ် ဆိုရင်တော့ ကျွန်တော်တို့ကတော့ တစ်ခုတော့ရှိတာပေါ့ ပရိုမိုးရှင်းက
 ခေါ်တဲ့အချိန်မှာ ကျွန်တော်တို့က ဖြေရတာကိုး။ မဖြေတာလည်း ပါတယ်။ 
ကျွန်တော်က တောင်ငူမှာကလည်း ၁၅ နှစ် ကြာတဲ့အခါကျတော့ တောင်ငူမှာက ကိုယ့်ဒေသ 
မဟုတ်တဲ့အခါကျတော့ ရာထူး မလိုချင်တော့ဘူး ဆိုပြီး နေခဲ့ကြတာ ပေါ့လေ။

ခရီးသည်ကျသွားတော့ ၀င်ငွေတော့ လျော့တာပေါ့။

ကျသွားတယ်။

အရင်အစိုးရ လက်ထက် နေပြည်တော်ဘူတာ ခရီးသည် ဘယ်လောက်ရှိလဲ တစ်နှစ်ကို။

စပြေးခါစက ခရီးသည် ၁၉၀၀ လောက်ရှိတာပေါ့။ နောက်ပိုင်းမှာ တဖြည်းဖြည်း
 တက်တက်လာတာ ၄၀၀၀ ထိတက် လာတယ်။ နောက်ပိုင်းမှာကျတော့  ပြန်ပြီး ကျကျသွားတယ် 
ရထားတွေက ပုံမှန် ပြောင်းလိုက်တဲ့ အခါကျတော့ ၂၀၁၂ ခုနှစ်၊ ၁၅ ရက်၊ ၁၁ လမှာ အနေအထားတွေ
 ပြောင်းလိုက်တော့ ပြန်ပြီး ကျသွားတယ်။ အဲဒီကနေပြီးတော့ ပျဉ်းမနား ဘူတာကြီးက ထပ်ဖြစ်
လိုက်တဲ့ အခါကျတော့ ကျွန်တော့်ဆီက ပိုဆိုး သွားတာ ပေါ့။ သို့သော်လည်း ရုပ်ပျက် ဆင်းပျက်ကြီးလား 
ဆိုတော့လည်း မဟုတ်ပါဘူး။ ခရီးသည် ၆၀၀၊ ၇၀၀၊ ၈၀၀ ဒီလောက် အတိုင်းအတာတော့ လည်ပတ်နေ
တာပေါ့။

ပျဉ်းမနားဘူတာက ဘယ်လောက် လောက်သွားလဲ ခရီးသည်။

ပျဉ်းမနားဘူတာဆိုရင် ၆၀၀ ကျော် လောက်တော့ သွားတယ်။

ပျဉ်းမနားဘူတာ ပြန်ရပ်ပေးတာ ဘယ်လောက်ကြာပြီလဲ။

ဦးသိန်းစိန်တို့တက်ပြီး နောက်ပိုင်း သိပ်မကြာဘူးလေ။ ပြန်ရပ်ပေးတာပဲ။ ပျဉ်းမနားနဲ့ 
ကျွန်တော်နဲ့ဆို ခရီးသည်က မတိမ်းမယိမ်းပါပဲ။ ကျွန်တော့်တစ်ဝက် ပေးလိုက်ရသလို ဖြစ်သွားတာပေါ့။
ကျွန်တော်တို့က ရန်ကုန်ဆိုရင် အထက်တန်း ၅၆၀၀ လေ။ ပုံမှန်ကလည်း အဲလောက်နီးနီး ဆိုတော့ ဘာမှ
 မထူးပါဘူး ကားနဲ့ သွားကြတာ များတာပေါ့။ ကားနဲ့ဆိုရင် လေးနာရီခွဲလောက်ပဲ ရထားနဲ့ဆို ၉ နာရီလောက်
 မောင်းတာကိုး။

ရထားမှ သွားရလာရတာ သက်သာတယ်၊ ကြိုက်တယ်ဆိုတဲ့ လူတန်းစားလည်း သတ်သတ်ရှိတယ်။

ဟုတ်တယ်။

ရန်ကုန်က မြို့ပတ်ရထားက ပိုကိုက်မယ် ထင်တယ်။
မြို့ပတ်ရထားက သတင်းစာထဲမှာ ဖတ်လိုက်ရတာ တစ်နေ့အစိတ်လောက် ရှုံးတယ်။ 
အခုလည်း အဲယားကွန်း ရထားတွေ ၃၀၀ နဲ့ ပြေးနေတာလေ။ ပြေးနေတဲ့ အခါကျတော့ ပြန်ပြီးတော့ 
အားမဖြည့် နိုင်ရင်တောင် ကာမိတာပေါ့။ခေါက်ရေ ၂၀၀ ရှိတယ်။ ရထားက တစ်နေ့ကို မြို့ပတ်က ၂၀၀၊ 
တခြားနေရာတွေမှာ ပြေးနေတာက ၁၇၉ ရှိ တယ်။ ၃၇၉ စီးရှိတာ ပေါ့နော်။ ဒီဘက်မှာ ၂ စီး ထွက်လိုက်တော့
 ၃၈၁ စီးပေါ့။ တစ်ပြည်လုံးမှာ မြို့ပတ်ရထား အပါပေါ့။

ရုံပိုင်ကြီး အဆင့်ကျတော့ ဌာနဆိုင်ရာတွေမှာ ဘယ်လို Level ခေါ်လဲ။ ဒုညွှန်ကြားရေးမှူးလား 
အဲလိုမျိုးပေါ့။

ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျွန်တော်တို့ မီးရထားက ရုံးအဆင့်ပဲ ရှိပါတယ်။ ကျွန်တော်တို့က 
လက်ထောက် မန်နေဂျာလည်း မဟုတ်သေးဘူး။ အရာရှိ ဖြစ်ချင်တယ် ဆိုရင် ကျွန်တော်တို့က အခုဆိုရင်
 ကျွန်တော် ဒုရုံပိုင်ချုပ်ပေါ့။ ဒုရုံပိုင်ချုပ်ဆိုတဲ့ Level ဆိုရင် အထူးတန်းပေါ့။ ကျွန်တော်တို့ အထူးတန်း 
ဆင်းတာလည်း မှန်တယ် ဒုရုံပိုင်ချုပ်ဆိုရင်လည်း မှန်တယ်။ ရုံပိုင်ကြီး အထူးတန်းကနေ ဒုရုံပိုင်ချုပ် 
လုပ်လို့ရတယ်။ ဒုရုံပိုင်ချုပ်ကနေ ရုံပိုင်ကြီးအထူးတန်း လုပ်လို့ရတယ်။ အတူတူပဲပေါ့။ ရန်ကုန်မှာ
 ဒုရုံပိုင်ချုပ်ဆို ရင် ကျွန်တော်နဲ့ အတူတူပဲ။ ရုံပိုင်ချုပ်ကလည်း အရာရှိ မဖြစ်သေးဘူး။ ရုံပိုင်ချုပ်ကမှ 
ရုံပိုင်ချုပ်ကြီး ဆိုတော့မှ လက်ထောက် မန်နေဂျာ အဆင့်ပဲ ရှိတယ်။ မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံး 
တိုင်းခုနစ်တိုင်းမှာ ရုံပိုင်ချုပ်ကြီးက နှစ်ယောက်ပဲ ရှိတယ်။ ဒီဘူတာကို ရုံပိုင်ချုပ်ကြီး ပေးမယ်
ဆိုရင်တော့ သုံးယောက်ပေါ့နော်။ လက်ရှိ ရန်ကုန် ဘူတာကြီးနဲ့ မန္တလေးဘူတာကြီးကို ရုံပိုင်ချုပ်ကြီးလို့
 ခေါ်တယ်။ ဘူတာကြီးက ဟိုးအရင် စဖွင့်တုန်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကနေပြီးတော့ 
ဖွင့်လိုက်တာ။ ဖွင့်တဲ့ အခါကျတော့ ကျွန်တော့်ကို ပို့လိုက်တာပေါ့။ —– လမ်းပိုင်း လုပ်တုန်းကလည်း 
ဖွင့်တော့မယ်ဆိုရင် ကျွန်တော့်ကိုပဲ လွှတ်တာပဲ။ ရန်ကုန်-သာစည် မီးရထား လမ်းပိုင်း ဖွင့်တော့မယ် 
ဆိုတော့လည်း ကျွန်တော့်ကိုပဲ လွှတ်တာပဲ။ အခု ဒီဘူတာကြီး ကျတော့လည်း ကျွန်တော်တို့ပါပဲ။ 
ဘာလဲဆိုတော့ ဒါကတော့ အမှတ်တစ်ခုတော့ ရပါတယ်။ ကျွန်တော်လည်း ကြိုးစား ပါတယ်။ 
နာမည်ပျက်တာ မရှိခဲ့ပါဘူး။ ကျွန်တော် ကိုယ်တိုင်လည်း တိုင်တာတောတာ၊ ဆူတာပူတာ
 ပြဿနာ တက်တာ မရှိဘူး။ ကျွန်တော်တောင်မှ ဒီမှာနေရင်း နေရင်းနဲ့ သံဝေဂတွေ ရလာလို့ 
ကဗျာလေး တစ်ပုဒ် စပ်ထားတယ်။ စာရေးတဲ့ နာမည်ကတော့ မင်းမောင်မောင်၊ 
မင်းတို့ရဲ့ တိုင်းပြည်မှာ နေတဲ့မောင်မို့ မင်းမောင် မောင်လို့ ပေးလိုက်ပါတယ်။ ကိုယ်ကလည်း
 ကိုယ့်စိတ်ကူးနဲ့ ကိုယ်ပေါ့။ အရမ်းသံဝေဂ ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်မျိုးလေးတွေ
 ပေါ့နော်။ ဆက်ဆံမှု၊ အုပ်ချုပ်မှု ယန္တရားတွေ၊ ပြီးတော့အပေါ်မှာ လုပ်နေတဲ့ အလုပ်တွေက 
အကုန်လုံးဆက်စပ်ပြီး တွေ့လာတဲ့ အခါကျတော့။

ရန်ကုန်ကိုကိုကြီး

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here