Thursday, December 26, 2013

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုမပြင်ရင် မိမိတို့ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့၂၀၁၅ ရွေးကောက်ပွဲကို သပိတ်မှောက် သွားမယ်လို့ ပါတီဥက်္ကဋ္ဌဦးခွန်ထွန်းဦးပြောကြား

0 comments
26.12.2013

မြန်မာနိုင်ငံရဲ့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်ဘူးဆိုရင် ၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် အထွေထွေရွေးကောက် ပွဲကြီးကို မိမိတို့ တိုင်းရင်းသားပါတီ တစ်ခုဖြစ်တဲ့ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အနေဲ့ ၀င်ရောက် ယှဉ်ပြိုင်သွားမှာမဟုတ်ဘူးလို့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD ပါတီဥက်္ကဌ ဦးခွန်ထွန်း ဦးကအခုလိုပြောကြား လိုက်ကြောင်း သိရှိရပါတယ်။

လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကပြည်သူတွေအတွက်အကျိုး မဖြစ်စေသလို တိုင်းရင်းသားအခွင့် အရေးတွေလည်းကင်းမဲ့နေတဲ့အတွက် SNLD ပါတီအနေနဲ့ လက်မခံနိုင် ကြောင်း၊ ဒါကြောင့် ဒီ၂၀၀၈ ဖွဲ့စည်း ပုံကိုမပြင်ရင် မိမိတို့ပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲကို မ၀င်ဖို့ဆုံး ဖြတ်ထားကြောင်း ဦးခွန်ထွန်းဦးက ပြောပါတယ်။

““အရင်တုန်းကလိုပဲ လုံးဝ မပြင်ဘူးဆိုရင်တော့ ကျွန်တော်တို့ ကလည်း အရင်တုန်းကခံယူတဲ့ အတိုင်းပဲ ရွေးကောက်ပွဲကို မ၀င်ဘဲ နေဖို့တော့ အစီအစဉ်တွေများတယ်၊ လုံးဝမပြင်ဘူးဆိုရင်တော့ လုံးဝ မ၀င် ဘူးဆိုတဲ့သဘောမျိုး သက်ရောက် လိမ့်မယ်။လောလောဆယ်ပြောင်းလဲ လာတယ်၊ အများပြည်သူ ကလည်း တောင်းဆိုနေတယ်ဆိုတော့ ၀င် ရောက်ယှဉ်ပြိုင်ဖို့ဆိုတာကတော့ ကျွန်တော်တို့က စဉ်းစား ရတော့မယ့် အခြေအနေမျိုးမှာရှိပါတယ်။ ဒီဖွဲ့ စည်းပုံမပြင်ဘူးဆိုရင်တော့ ကျွန်တော် တို့ရင်းခဲ့တာတွေ၊ ဘ၀တွေ ပေးဆပ်ခဲ့ တာတွေကလည်း အလကားဖြစ်ကုန် မှာပေါ့။ကျွန်တော်တို့ရဲ့ ယုံကြည်ချက် က ဒီဖွဲ့စည်းပုံဟာ ပြည်သူအတွက်၊ နိုင်ငံ့အတွက် ဘာမှအကျိုးမရှိဘူး၊ တိုင်းရင်းသားတွေအတွက်လည်း ဘာ မှအကျိုးမရှိတဲ့အတွက်ကြောင့် ပြီးခဲ့ တဲ့ရွေးကောက်ပွဲတွေကို မ၀င်ဘဲနေခဲ့ တာဖြစ်တယ်။ အသိအမှတ်လည်း မပြုခဲ့ဘူးလေ။ အဲဒီညောင်နှစ်ပင် ညီလာခံကနေ သပိတ်မှောက်ထွက်ခဲ့ တာပဲ””လို့ ပြောပါတယ်။

SNLD ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ ဒုတိယမဲအများ ဆုံးအနိုင်ရရှိခဲ့တဲ့ တိုင်းရင်းသားအင် အားကြီး ပါတီတစ်ခု ဖြစ်ပါတယ်။ ပါတီအနေနဲ့ စစ်အစိုးရရေး ဆွဲခဲ့တဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို လက် မခံတဲ့အတွက် ၂၀၁၀ ခုနှစ်တုန်းက ကျင်းပတဲ့ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းမရှိခဲ့သလို ပါတီရပ် တည်ခွင့်ကိုလည်း ကန့်သတ်ချုပ် ချယ်ခြင်းခံခဲ့ရကာ နောက်ဆုံး ဦးခွန် ထွန်းဦး အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်အချို့ကို နှစ်ရှည်ထောင် ဒဏ်များချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

နိုင်ငံတော်နဲ့ နိုင်ငံသားတို့ ရဲ့ ရေရှည်အကျိုးကို ဖော်ဆောင်ဖို့ ဒီမိုကရေစီ အစိုးရသစ် လက်ထက် မှာတော့ပြုပြင်ပြောင်းလဲမှု အမြောက် အမြားပြုလုပ်လာသလို နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ ကောင်းမွန်တဲ့ အနာဂတ် တွေ ဖြစ်ထွန်းလာဖို့ဆိုရာမှာ လက်ရှိ ၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်ရေးကို ပြည်သူ လူထုကလည်း တစ်ခဲနက်လိုလားလျက်ရှိ သလို ပြည်သူ့ဆန္ဒကို အလေးထား တယ်ဆိုတဲ့ နိုင်ငံတော်အစိုးရအဖွဲ့နဲ့ လွှတ်တော်အသီးသီးကလည်း ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဆင်သင့်တာတွေ ပြင် ဆင်ပေးရမှာဖြစ်ကြောင်း၊ ယခုအခါ ပြည်သူ့လွှတ်တော်မှာ ၂၀၀၈ ဖွဲ့စည်းပုံ ကိုပြင်ဆင်နိုင်ဖို့အတွက်ကော်မတီများ ဖွဲ့ပြီး လုပ်ဆောင်နေပြီ လည်းဖြစ်ပါတယ်။

ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီအနေနဲ့ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင် ဆင်ဖို့ သေချာနေပြီဆိုမှသာ ပါတီကိုမှတ် ပုံတင်ပြီး ရွေးကောက်ပွဲကို ၀င် ရောက်မှာဖြစ်တယ်လို့ ယခုအခါ လူသိရှင်ကြား ထုတ်ဖော်ပြောကြား လိုက်တာကိုလည်းတွေ့ရှိရပါတယ်။ ၀ါရင့်နိုင်ငံရေးသမားကြီး တစ်ဦးက တော့နိုင်ငံနဲ့လူမျိုးရဲ့ အနာဂတ် ကိုရှေ့ရှုပြီး ဘာအကြောင်းပြချက် မှမလိုတဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာ မှုတွေကို အချိန်မဆွဲဘဲ လုပ်ကြရ မှာပါ။ နိုင်ငံနဲ့လူမျိုးကိုချစ်တယ်ဆို ရင် နိုင်ငံနဲ့လူမျိုး အကျိုးရှိမယ့်အရာ တွေကို အကောင်အထည်ဖော်ကြ ရမှာပါ။တစ်ဆက်တည်း နိုင်ငံတော် နဲ့လူထုအတွက် အကျိုးမရှိတဲ့ ဥပဒေ ပြဋ္ဌာန်းမှုမျိုးကိုလည်းဘာအကြောင်း ပြချက်မှမထားဘဲ ပယ်ဖျက်၊ ပြင် ဆင်၊ ဖြည့် စွက်ရေး သားကြရမှာပါ ပဲ။ ခုချိန်အထိ ဘာကြောင့် ကောင်း မွန်တဲ့အဖြေတစ်ခု ထွက်ပေါ်လာဖို့ အတွက် တုံ့နှေးနေသလဲဆိုတာမစဉ်း စားတတ်အောင်ပါပဲလို့ မှတ်ချက် ပေးပြောကြားတာကိုလည်း ကြား သိရပါတယ်။

The First Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here