Thursday, December 26, 2013

" ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်ဖွဲ့ရေးမူဝါဒ လာမည့်လဆန်း အပြီးသတ်ဆွေးနွေးမည် "

0 comments
26.12.2013

ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်အဖွဲ့ ဖွဲ့စည်းရန် မူဝါဒဆွေးနွေးခြင်းအား ဇန်နဝါရီပထမပတ်တွင် အပြီးပြုလုပ် သွားမည်ဟု ယင်းအဖွဲ့ဖြစ်မြောက်ရေး(ယာယီ) ကော်မတီမှ သိရသည်။

''ဇန်နဝါရီ ၇ ရက်နေ့ကျရင် မူဝါဒနဲ့ပတ်သက်ပြီး ထပ်ဆွေးနွေးသွားမယ်။ အကြမ်းဖျင်း သဘောတူညီ မှုတွေတော့ ရှိပါတယ်''ဟု ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်အဖွဲ့ ဖြစ်မြောက်ရေး(ယာယီ)ကော်မတီမှ ဦးမျိုးညွန့်က ပြောသည်။ ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ် အဖွဲ့ဖြစ်မြောက်ရန် မူဝါဒများအပြင် အဖွဲ့ ဖွဲ့စည်းပုံများ၊

ဆွေးနွေးမှုများ ပြုလုပ်ရမည်ြဖစ်ပြီး ဒီမိုကရေစီပါတီများအပြင် အခြား ပါတီများလည်း ဝင်ရောက်နိုင်ရန် ဖိတ်ခေါ်ပါကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

''အခု ဖွဲ့စည်းတယ်ဆိုတာက ပါတီတစ်ခုနှစ်ခုတည်း ဦးဆောင်တာ မဟုတ်ဘူးလေ။ စုပေါင်းခေါင်းဆောင် ပြီး လုပ်သွားမှာပါ။ အပြီးသတ်ဆွေးနွေးသွားဖို့ပဲ ရှိပါတယ်''ဟု ၎င်းက ဆက်ပြောသည်။ ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်အဖွဲ့ကို နိုင်ငံသားပြည်သူတို့၏ လူမှုစီးပွား ရေးဘဝများ မြင့်မားစေရေး၊ အာမခံချက်ရှိစေရန်၊ လူ့အခွင့်အရေးနှင့် နိုင်ငံသား အခွင့်အရေးများအပေါ် တန်ဖိုးထားလေးစားရန်နှင့် တန်းတူညီမျှ ဖက်ဒရယ်ပြည် ထောင်စုသားတို့၏ ဘဝသို့ရောက်ရှိစေရန် စသည့်အချက်များ အပါအဝင် ရည် ရွယ်ချက် လေးချက်ဖြင့် ဆောင်ရွက်သွားရန်အတွက် ရည်ရွယ်ကြောင်း သိရသည်။

အဆိုပါ ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်အဖွဲ့ဖြစ်မြောက်ရန်အတွက် ယခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ပထမအကြိမ် ဆွေးနွေးခဲ့ကြပြီး ယင်းဆွေးနွေးပွဲသို့ ချင်း တိုးတက်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ မြို (ခ) ခမီအမျိုးသားညီညွတ်ရေး ပါတီနှင့် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီများမှ တက်ရောက်ခဲ့ကြသည်။

Popular Myanmar News Journal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here