Tuesday, December 3, 2013

ထိုင်းနိုင်ငံရေးမတည်ငြိမ်မှုဖြစ်စဉ် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအပေါ် ထိခိုက်မှု မရှိ မပြောနိုင်သေးဟုဆို

0 comments
ထိုင်းနိုင်ငံ အတွင်းဖြစ်ပွားနေသော နိုင်ငံရေး မတည်ငြိမ်မှုဖြစ်စဉ်များသည် ထား ဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း များအပေါ် ထိခိုက်ခြင်း၊ မထိခိုက် ခြင်းအကျိုးသက်ရောက်မှုကို ယခု အချိန်တွင် မပြော နိုင်သေးကြောင်း ထားဝယ် အထူးစီးပွားရေးဇုန်တည် ဆောက်ရေးအထူးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးအေးမြင့် က ပြောသည်။

 ဒီဇင်ဘာ၂ရက်က မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံး၌ ကျင်းပခဲ့သည့် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက် စပ်စီမံကိန်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲတွင် ထိုင်းနိုင်ငံ အတွင်း ဖြစ် ပွားနေသော နိုင်ငံရေးမတည် ငြိမ်မှုဖြစ်စဉ်များသည် ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းများ အပေါ် ထိခိုက်ခြင်းရှိမရှိ မေးမြန်း ချက်အပေါ် ယင်းကပြန်လည်ဖြေ ကြားခဲ့ခြင်းဖြစ်သည်။

''ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးမ တည်ငြိမ်မှုတွေကြောင့် ဒီစီမံကိန်း အပေါ် ထိခိုက်မှုရှိမရှိကိုခု လော လော ဆယ်တော့ ဘယ်လိုမှ မပြော နိုင်သေးဘူး။ အဲဒီကိစ္စကတခြား၊ ဒါကစီးပွားရေးစီမံကိန်းပဲ'' ဟု ထား ဝယ်အထူးစီးပွားရေးဇုန် တည် ဆောက်ရေး အထူးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ အလုပ်သမား၊ အလုပ်အ ကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအေးမြင့် ကပြောသည်။ယင်းကဆက်လက်၍ ''သ ဘော တူညီချက်ဆိုတာက အား လုံးက လိုက်လုပ်ရတာပဲ။ ရှေ့လူ လုပ်သွားရင် နောက်လူ ကလဲသ ဘော တူညီချက်ရှိရင် လိုက်လုပ် ကြရတာပေါ့''ဟုပြောသည်။

ထားဝယ် အထူးစီးပွားရေး ဇုန်ကို ၂၀၁ဝပြည့်နှစ်တွင် မြန်မာ ဆိပ်ကမ်းအာဏာပိုင်နှင့် အီတာ လျံ-ထိုင်း ကုမ္ပဏီတို့ သဘောတူ စာချုပ်ချုပ်ဆိုခဲ့သော်လည်း ယင်း ကုမ္ပဏီအနေဖြင့် စီမံကိန်းအတွက် လိုအပ် သည့် ငွေကြေးပမာဏကို အချိန်မီ မဖြည့်ဆည်းနိုင်သည့်အ တွက် ကနဦးစီမံကိန်း များနှောင့် နှေး ကြန့်ကြာ ခဲ့ခြင်းများ ဖြစ်ပေါ် ခဲ့သည်။

ထို့ကြောင့် အီတာလျံ-ထိုင်း ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ရပ်ဆိုင်းပြီး ရှေ့ ဆက်ဆောင်ရွက်ရမည့် စီမံကိန်း လုပ်ငန်းများအား နိုင်ငံတကာစီး ပွားရေး ရင်းနှီးမြှုပ်နှံလိုသူများ ပါဝင်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

ယင်းစီမံကိန်းတွင် ဂျပန်နိုင်ငံ အား မဟာဗျူဟာမြောက်မိတ်ဖက် နိုင်ငံအဖြစ် ပူးပေါင်းလုပ်ဆောင် ရန် ဖိတ်ခေါ်ထားပြီး ဂျပန်နိုင်ငံအ နေဖြင့် ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရ သည်။

 ယင်းသတင်းစာရှင်းလင်းပွဲ တွင် ထားဝယ်အထူးစီးပွားရေး ဇုန်စီမံကိန်း ဆက်လက်အကောင် အထည်ဖော်မည့် လုပ်ငန်းများကို ရှင်းလင်းသွားသော်လည်း ယင်း စီမံကိန်းကြောင့် ဒေသခံများ၏ လူမှုဘဝအပေါ် သက်ရောက်မှုများ နှင့် သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုများအတွက် မည်ကဲ့သို့ဖြေရှင်းဆောင်ရွက်သွား မည်ကို ရှင်းလင်းပြောကြားခဲ့ခြင်း မရှိပေ။

 ထားဝယ် အထူးစီးပွားရေး ဇုန်စီမံကိန်းတွင် ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်၊ သံမဏိစက်ရုံ၊ ကျောက် မီးသွေးသဘာဝဓာတ်ငွေ့သုံး လျှပ် စစ် ဓာတ်အားပေးစက်ရုံ၊ မြန်မာ- ထိုင်းနယ်စပ်ဆက်သွယ်ထားသော ကားလမ်း၊ မီးရထားလမ်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ လျှပ် စစ်ဓာတ်အားလိုင်း၊ စီးပွားရေး အ ဆောက်အအုံ၊ ခရီးသွားလုပ်ငန်း၊ အပန်းဖြေနေရာစခန်းများ ပါဝင် မည်ဖြစ်သည်။

YMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here