Tuesday, December 3, 2013

ချင်းပူးပေါင်းပါတီသစ် ပါတီအမည်လျှောက်

0 comments
3.12.2013

ချင်းအမျိုးသားပါတီ (CNP) နှင့် ချင်းတိုးတက်ရေးပါတီ (CPP) တို့ကို ပူးပေါင်းကာ ချင်းအမျိုးသား တိုးတက်ရေးပါတီ (CNPP) အဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်သို့ မှတ်ပုံတင်ခွင့်လျှောက် ထားကြောင်း CNP အတွင်းရေးမှူး ဦးငယ်ပီးကပြောသည်။နှစ်ပါတီပူးပေါင်းရန်အတွက် ချင်းလွှတ်တော် ကိုယ်စားလှယ်များ နှင့် မြို့နယ်ရုံးခွဲများမှ ကိုယ်စား လှယ် ၁၅ ဦးက လက်မှတ်ရေးထိုးခဲ့သော်လည်း CPP ပါတီဥက္ကဋ္ဌ နှင့် အခြားဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ မပါဝင်သေးကြောင်း ဦးငယ်ပီး ကပြောသည်။ချင်းနှစ်ပါတီပူးပေါင်းရန်အတွက် CPP ဥက္ကဋ္ဌထံသို့ စာဖြင့်ဆက် သွယ်အကြောင်း ကြားသော်လည်း ၄င်းတို့ဘက်က ဥက္ကဋ္ဌရာထူးပေးမှ ပူးပေါင်းမည်ဟူသော စာပြန်ခဲ့၍ ပူးပေါင်းမည့် အရေးကြန့်ကြာခဲ့ခြင်းဖြစ်သည်ဟု ၄င်းကရှင်းလင်းပြော ကြားသည်။

CPP ဥက္ကဋ္ဌဦးနိုထန်ကပ်က ''အဲဒါ မမှန်ကန်တဲ့သတင်းပါ။စာလဲဘယ်တုန်းကမှ မပေးပါ ဘူး။ ဗဟိုအလုပ် 
 အမှုဆောင်ကော် မတီမသိဘဲ အတွင်းရေးမှူးတစ် ယောက်ရဲ့သဘောနဲ့ရေးထားတော့ လွဲကုန်တာပေါ့''ဟု ဆိုသည်။
The Union Daily

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here