Friday, December 20, 2013

စိတ္တမဟီဝန်ထမ်းအိမ်ရာတွင် လက်ရှိဝန်ထမ်းများသာမက အခြားဝန်ထမ်းများပါ နေရာပေးမည်

0 comments
20.12.2013

မန္တလေးမြို့ စိတ္တမဟီဝန်ထမ်းအိမ်ရာစခန်းကို အဆင့်မြှင့်တင် ဆောက်လုပ်ပြီးပါက လက်ရှိနေ ထိုင်နေ သော ၀န်ထမ်းများသာမက အခြားဝန်ထမ်းများ အတွက် နေရာချထားပေးမည်ဟု မန္တလေး မြို့ရွာနှင့် အိုး အိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးကျော်ကျော်လင်းက ပြောသည်။

“ဖျက်စရာရှိတာတွေ ဖျက်ပြီးပြီ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် တိုင်းထွာ၊ တွက်ချက်မှုတွေ လုပ်နေပါပြီ၊ ဒီလကုန် စဆောက်မယ်၊ ၂၀၁၅ ခုနှစ်ကုန်ပိုင်း ပြီးစီးဖို့ မှန်းထားပါတယ်၊ ပြီးစီးသွားရင် အရင်နေခဲ့တဲ့ ၀န်ထမ်းတွေကိုလည်း နေရာပြန်ချပေးမယ်၊ အိမ်ရာမရှိသေးတဲ့ ၀န်ထမ်းတွေ အတွက်လည်း နေရာချထားပေးမှာပါ”ဟု ပြောသည်။

ဝန်ထမ်းအိမ်ရာစခန်းကို ပုဂ္ဂလိက ဆောက်လုပ်ရေးကုမ္ပဏီ ငါးခုနှင့် အကျိုးတူ ဆောက်လုပ်ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်အကုန်တွင် ပြီးစီးအောင် တည်ဆောက်မည်ဖြစ်သည်။ ဆောက်လုပ်ပြီးစီးသွားပါက အခန်း ပေါင်း နှစ်ရာကျော်ကို ၀န်ထမ်းအိမ်ရာများအဖြစ် ပြန်လည်ရရှိမည်ဖြစ်သည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၂၆ နှင့် ၂၇ လမ်းကြား၊ ၇၃ နှင့် ၇၄ လမ်းကြားတွင် တည်ရှိသည့် စိတ္တမဟီ ၀န်ထမ်းအိမ်ရာစခန်းသည် နှစ်ငါးဆယ် သက်တမ်းကြာပြီဖြစ်၍ မြို့အင်္ဂါရပ်နှင့် မကိုက်ညီသည့် အတွက် အဆင့်မီ အိမ်ရာများအဖြစ် ပြောင်းလဲဆောက်လုပ်ခြင်းဖြစ်ပြီး အဆိုပါစီမံကိန်းကို ဇွန်လမှ စတင် ကာ တိုင်းမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးဦးစီးဌာနမှ အိတ်ဖွင့်တင်ဒါ ခေါ်ယူခဲ့သည်။

စိတ္တမဟီဝန်ထမ်းအိမ်ရာစခန်းသည် အနယ်နယ်အရပ်ရပ်မှ မန္တလေးမြို့သို့ တာဝန်ကျကာ မိမိဌာနမှ နေ ထိုင်စရာပေးရန် အဆင်မပြေသည့် ဌာန ပေါင်းစုံမှ ၀န်ထမ်းများကို နေရာချထားပေးသည့် ၀န်ထမ်းအိမ် ရာတစ်ခု ဖြစ်သည်။ လက်ရှိတွင် ၀န်ထမ်းမိသားစုပေါင်း ၁၁၂ စု နေထိုင်လျက်ရှိသည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here