Friday, December 20, 2013

ကုန်ဈေးနှုန်းမြင့်တက်လာမှု ဖြေရှင်းနိုင်ရေး ပြည်တွင်းရေကြောင်းခရီးစဉ်များ ပြန်ဆွဲပေးစေချင်

0 comments
20.12.2013

စက်သုံးဆီဈေး မြင့်တက်လာသည်ဟုဆိုကာ ပုသိမ်-သာပေါင်း-ငသိုင်းချောင်း ပြေးဆွဲနေသည့် ပုဂ္ဂလိက စက်လှေများက တန်ဆာခ တိုးမြှင့်တောင်းခံလာသည့်အတွက် လူသုံးကုန်ပစ္စည်းနှင့် စားသောက်ကုန် များ ဈေးနှုန်းမြင့်တက်လာသည်ဟု ဒေသခံများက ဒီဇင်ဘာ ၁၉ ရက်တွင် မဇ္ဈိမကို ပြောသည်။

“အခု ဆီဈေးတက်တယ်ဆိုပြီး ကုန်တင်စရိတ်လဲ တက်သွားတာပဲ အခု ဆန်တစ်အိတ်ကို သုံးရာ ကျပ် လောက်တက်သွားပြီး အဓိက ကုန်စိမ်းသမားတွေ ဈေးတက်တာပေါ့၊ သူတို့ ကုန်ဈေးခြင်း ကြီးရင်ကြီး သလို ပေးနေရတယ်။ စက်လှေကလည်း ကုန်တင်ခကို လူပေါ်ကြည့်ပြီး တောင်းချင် သ လိုတောင်းနေကြ တယ် သတ်မှတ်ချက်လည်းမရှိဘူး”ဟု သာပေါင်းမြို့ပေါ်မှ ကုန်စုံဆိုင်ပိုင်ရှင် ဦးသိန်းဇော် က ပြောသည်။

လက်ရှိဖြစ်ပေါ်နေသည့် တန်ဆာခကြီးမြင့်မှုနှင့် ကုန်ဈေးနှုန်းမြင့်မားမှုများ ဖြေရှင်းနိုင်ရေးအတွက် ဧရာဝ တီမြစ်ဝကျွန်းပေါ်တွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနမှ ရပ်နားထားသည့် ပုသိမ်-ငသိုင်းချောင်း သင်္ဘောလိုင်းကို ပြန်လည်ပြေးဆွဲရန်လိုသည်ဟု ဒေသခံများက ဆိုသည်။

သို့သော် ပြည်တွင်းရေကြောင်းအနေဖြင့် ပုသိမ်-သာပေါင်း သင်္ဘောလိုင်းကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ် မှစကာ ဌာန၏ဘတ်ဂျက်ဖြင့် ရပ်တည်ရသည့်အတွက်ကြောင့် အရှုံးများရှိသည့် သင်္ဘောလိုင်းဖြစ် သည့်အတွက် ရပ်နားလိုက်ခြင်းဖြစ်သည်ဟု ဧရာဝတီမြစ်ဝကျွန်းပေါ်ဋ္ဌာနခွဲမှ စီမံကွပ်ကဲမှုအရာရှိက ပြော သည်။

“ပုသိမ်-သာပေါင်း သင်္ဘောတစ်ခေါက် ပြေးဆွဲစရိတ်က လေးသိန်းကျော် ကုန်တယ်။ ပြန်ရတာက နှစ် သိန်းကျော်လောက်ပဲ ပြန်ရတယ်။ အဲတော့ တစ်ခေါက်ပြေးဆွဲတိုင်း တစ်ဝက်လောက်ရှုံးတဲ့အတွက် ပြေး ဆွဲမှုကို ရပ်နားရခြင်းဖြစ်တယ်။ ဒေသခံတွေ စီးပွားရေးလုပ်ငန်းရှင်တွေ သွားရေးလာရေး အခက်ခဲဖြစ် တယ်ဆိုရင် ပြည်တွင်းရေကြောင်းက သဘောင်္အချို့ကို ပုဂ္ဂလိကကို ငှားရမ်းပေးသွားမှာပါ”ဟု ၎င်းကဆို သည်။

လက်ရှိတွင် လူတစ်ဦးလျှင် ပုသိမ်-သာပေါင်း ကျပ် ၁၀၀၀ နှင့် သာပေါင်း-ငါးသိုင်းချောင်း ကျပ် ၁,၅၀၀ ပေးဆောင်နေရပြီး ငါးသိုင်းချောင်း-ပုသိမ် သွားမည်ဆိုပါက ကျပ်နှစ်ထောင်ကျော် ကုန်ကျသည် ဟု ဒေသခံများက ပြောသည်။ ပြည်တွင်းပို့ဆောင်ရေးမှ နှစ်ထပ်သင်္ဘောဖြင့် ပြေဆွဲပေးသောအချိန်က လူတစ်ဦးလျှင် ကျပ် ၁,၁၆၀ သာပေးရပြီး ကုန်တင်စရိတ်မှာလည်း ဆန်တစ်အိတ်လျှင် နှစ်ရာကျပ် သာရှိသည် ဟု ဆိုသည်။

ပုသိမ်-သာပေါင်း သင်္ဘောလိုင်းကို၂၀၁၂ ခုနှစ်၊ မေလ ၂၅ ရက်တွင် ရပ်နားခဲ့သည်။ အပတ်စဉ် တနင်္လာနေ့ နှင့် သောကြာနေ့များတွင် ပြေးဆွဲခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် တနလာင်္နေ့ တစ်ရက်တည်း သာ ပြေးဆွဲဖြစ် ခဲ့ကြောင်း သိရှိရသည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here