Thursday, December 5, 2013

တောင်အာဖရိက အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာန ဒုဝန်ကြီးနှင့် UMFCCI မှ တာဝန်ရှိသူများ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

0 comments
                                                     (နှစ်နိုင်ငံတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးနေစဉ်)
5.12.2013

တောင်အာဖရိကနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီးနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ တာဝန်ရှိသူများ တွေ့ဆုံ၍ နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်ရန် ဆွေးနွေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲကို ဒီဇင်ဘာ ၄ ရက်တွင် ရန်ကုန်မြို့ရှိ၊ Park Royal ဟိုတယ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တောင်အာဖရိကနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီးနှင့် UMFCCI မှ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဦးဇော်မင်းဝင်း၊ ဒေါက်တာမောင်မောင်လေး၊ ဒေါက်တာမျိုးသက်နှင့် တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။တောင်အာဖရိ ကနိုင်ငံဘက်မှ မိမိတို့နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများနှင့် စီးပွားရေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်း တင်ပြခဲ့ပြီး မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

"တောင်အာဖရိကနိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေက အရမ်းနည်းနေသေးတယ်။ အခုမှ သူတို့ နိုင်ငံဘက်က စီးပွားရေးနဲ့ ကုန်သွယ်မှု အခြေအနေတွေ၊ မြန်မာဘက်က စီးပွားရေးနဲ့ ကုန်သွယ်မှု အခြေအနေတွေ ဘယ်လို ရှိတယ်ဆိုတာ မိတ်ဆက်တုန်းပဲ ရှိသေးတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ စီးပွားရေးအကြောင်းတွေကို သိပြီဆိုရင်တော့ အပြန်အလှန် ပူးပေါင်းဖို့ ဆွေးနွေးကြမှာပေါ့"ဟု UMFCCI မှ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာမောင်မောင်လေးက ပြောကြားသည်။

လက်ရှိတွင် တောင်အာဖရိကနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားခြင်း မရှိသေးကြောင်း၊ မြန်မာနိုင်ငံနှင့် ကုန်သွယ် မှု ပြုလုပ်ရာတွင်လည်း များစွာနည်းပါးလျှက်ရှိပြီး၊ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုအများဆုံး ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

Eleven  Media

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here