Thursday, December 5, 2013

ပြည်ပပို့ ကျောက်စိမ်းအချောထည်များ အလေးချိန်ပေါ်မူတည်၍ တရားဝင်အခွန်နှုန်း သတ်မှတ်

0 comments
                        (ကျောက်စိမ်း အချောထည် လိုင်းများဖြစ်သော လက်ကောက်၊ အပွင့်လိုင်းများ ရောင်းဝယ်နေစဉ်)

ပြည်ပသို့ တင်ပို့ခွင့်ပြုလိုက်သည့် ကျောက်စိမ်းအချောထည် အပါအ၀င် ပလွမ်ကျောက် အချောထည်များကို အရည်အတွက်နှင့် အလေးချိန်ပေါ် မူတည်၍ အခွန်နှုန်းထား သတ်မှတ်ထားကြောင်း ကျောက်မျက်အချောထည်များ စုပေါင်းစစ်ဆေးရေးစခန်း One stop service (မန္တလေး) မှ သတင်းရရှိသည်။ကျောက်စိမ်း အရိုင်းတုံးများကို အဆင့်ဆင့် ဖြတ်တောက်ပြီး ကုန်ကြမ်းအဆင့်တွင် တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေခဲ့ရာမှ ယခုနှစ် ဒီဇင်ဘာ ၂ ရက်မှ စတင်၍ ကျောက်စိမ်း အချောထည်များကို တင်ပို့ ခွင့်ပြုခြင်း ဖြစ်ကြောင်း သိရသည်။ ကျောက်စိမ်း အချောထည်များကို အလေးချိန်၊ အရည်အတွက် လိုက် ကောက်ခံမည် ဖြစ်သည်။

လက်ကောက်၊ လွှာချပ်၊ ကျောက်စိမ်းလုံးချော၊ ပုတီး၊ ဆွဲသီး၊ ရုပ်ထုရုပ်ထွင်း (အသေး+အလတ်) ရုပ်တု၊ ရုပ်ထွင်း (အကြီး) တို့ကို အေအဆင့်နှင့် ဘီအဆင့် နှစ်မျိုးခွဲခြားထားကာ ရေတွက်ရာတွင် တစ်ကွင်းချင်းဆီသော် လည်းကောင်း၊ တစ်ကီလိုဆီသော် လည်းကောင်း၊ တစ်ဂရမ်ဆီသော် လည်းကောင်း အမျိုးအစားပေါ် မူတည်၍ အခွန်နှုန်းထား သတ်မှတ်ထားသည်။ ယင်းအပြင် စီနှင့်ဒီ အဆင့်သတ်မှတ်ထားသည့် ကျောက်စိမ်း လက်ကောက်၊ လွှာချပ်၊ ပုတီးစေ့၊ လက်စွပ်၊ ၀ါရှာပြား၊ ပါကေးပြား၊ လက်ဝါးကပ်တိုင် စသည့်အပြင် ပလွမ်လက်ကောက်၊ အင်ကြင်း၊ မြစ်ဆုံလက်ကောက်၊ ပလွမ်၊ ကွာဇိုက်လွှာချပ်၊ အင်ကြင်း၊ မြစ်ဆုံပုတီးစေ့၊ ပလွမ် လက်စွပ်များ ပါဝင်ကြောင်း သိရသည်။

ကျောက်စိမ်းလက်ကောက် အေအဆင့် တစ်ကွင်းလျှင် ကျပ် ၅၀၀၀၊ ခြောက်ဒေါ်လာ၊ ဘီအဆင့် ကျပ် ၃၀၀၀၊ ၃ ဒသမ ၅၀ ဒေါ်လာ၊ စီအဆင့် ကျပ် ၅၀၀၊ ၀ ဒသမ ၆၀ ဒေါ်လာ၊ ဒီအဆင့် ကျပ် ၃၀၀၊ ၀ ဒသမ ၃၅ ဒေါ်လာဖြစ်ကာ၊ ကျောက်စိမ်းလွှာချပ် အေဆင့် တစ်ကီလိုလျှင် ကျပ် ၂၀၀၀၀၊ ၂၅ ဒေါ်လာ၊ ဘီအဆင့် ကျပ် ၁၀၀၀၀၊ ၁၂ ဒေါ် လာ၊ စီနှင့်ဒီအဆင့်တွင် ကျပ် ၂၀၀၀၊ ၂ ဒသမ ၅၀ ဒေါ်လာ၊ ကျောက်စိမ်းလုံးချော အေဆင့် ၁ ကရက်လျှင် ကျပ် ၂၀၀၊ ၀ ဒသမ ၂၃၅ ဒေါ်လာ၊ ဘီအဆင့် ကျပ် ၁၀၀၊ ၀ ဒသမ ၁၁၈ ဒေါ်လာ သတ်မှတ်ထားပြီး အခြားဆွဲသီး၊ ရုပ်တုရုပ်ထွင်း ပါကေးပြားများကို ကီလိုအလိုက် အခွန်ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။ 

Eleven  Media

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here