Sunday, January 12, 2014

သျှမ်းနီလူငယ်များ သမိုင်းမှန်သိစေရန်

0 comments


12.1.2014

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ အတွင်း ရှမ်းတောင်တန်းဒေသ ပင်လုံမြို့တွင် ပြု လုပ်သော ပင်လုံညီလာခံသို့ အင်္ဂလိပ်အစိုးရ တောင်တန်းဒေသ ညွန်ကြားရေး ၀န်၏ ညွန်ကြားချက်ဖြင့် မြစ်ကြီးနာ နှင့် ဗန်းမော်ခရိုင် မှတောင်တန်းဒေသကိုယ်စားလှယ်(၁၂)ဦးကို ရွှေချယ်စေလွှတ်ခဲ့ပါသည်။

၎င်းတို့သည် ပင်လုံညီလာခံ သို့ မတက်ရောက်မှီ ၁-၂-၁၉၄၇ တွင် ကွတ်ခိုင်မြို့အနီးရှိနမ့်ဖတ်ကာကျေးရွာ တွင် တွေ့ဆုံဆွေးနွေးပြီး ကချင်အမျိုးသားများအတွက် ကချင်ပြည်နယ်သီးခြားထူထောင်ရန်ယင်းပြည်နယ် အတွင်း ဗန်းမော်ခရိုင် မြစ်ကြီးနားခရိုင် ကာသာခရိုင် မြောက်ပိုင်း ဒေသပါဝန်စေရန် ဆုံးဖြတ်သဘောတူ ခဲ့ကြသည်။

၆-၂-၁၉၄၇ ခုနှစ်တွင် ကျင်းပသော အစည်းအဝေးတွင် မြန်မာပြည်မြောက် ပိုင်း မြေပြန့်ရှမ်းမျိုးနွယ်စုဒေသ များ ကို ကချင်ပြည်နယ် သတ်မှတ်ပေး ရန် ကချင်ကိုစာလှည်(၁၂)ဦးတောင်းဆိုခဲ့သည်ကို ရှမ်းတောင် တန်းဒေ သရှိ ပဒေသရာဇ်ရှမ်းပြည်နယ်မှ ရှမ်းစော်ဘွာ များနှင့် ရှမ်းလူထု ကိုယ်စား လှယ်များ (၁၃) ဦးက သဘောတူ လက် မှတ်ရေးထိုးခဲ့ကြောင်း တွေ့ရှိ ရပါသည်။

ထိုသူများမှာ -

(၁)စ၀်ခွန်ပန်းစိန် တောင်ပိုင်စော်ဘွားကြီး
(၂)စ၀်ရွှေသိုက် ညော်ရွှေစော်ဘွားကြီး
(၃)စ၀်ဟုံဖ မြောက်သိန္နီစော်ဘွားကြီး
(၄)စ၀်နွံ လဲချားစော်ဘွားကြီး
(၅)စ၀်စံထွန်း မိုင်းပွန်စော်ဘွားကြီး
(၆)စ၀်ထွန်းအေး သာမိုင်းခမ်စော်ဘွားကြီး
(၇)ဦးခွန်ဖုန်း လူထုကိုယ်စားလှယ်
(ဂ)ဦးတင်ဧ ။
(၉)ဦးထွန်းမြင့် ။
(၁၀)ဦးကြာပု ။
(၁၁) ဦးခွန်စော ။
(၁၂) စ၀်ယိပ်ဖ ။
(၁၃) ဦးခွန်ထီး ။

တို့ဖြစ်ကြပါသည်။

**အခြားမည်သည့် ရည်ရွယ်ချက်မပါ ပါ သမိုင်းအမှန်သိစေရန် မျှသာ**

သျှမ်းနီသွေး(သျှမ်းနီလူငယ်ကွန်ယက်)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here