Tuesday, March 25, 2014

The Elders အဖွဲ့ကြီး မြန်မာပဋိပက္ခဖြစ်စဉ် လေ့လာရန် ဒုတိယအကြိမ် မြန်မာပြည်လာရောက်

0 comments
25.3.2014

 ကမ္ဘာတစ်ဝှမ်းတွင် ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် လူ့အခွင့်အရေးလုပ်ငန်း များ လုပ်နေ သည့် နိုင်ငံရေး ခေါင်းဆောင်ဟောင်းများပါဝင်သည့် The Elders အဖွဲ့မှ ပုဂ္ဂိုလ်များ မြန်မာနှင့် ထိုင်းနိုင်ငံသို့ မတ်လ ၂၄ရက်မှ ၂၆ရက်အတွင်း လာရောက်ကာ ကချင်ပဋိပက္ခအကြောင်း လာရောက်လေ့ လာ မည်ဖြစ်သည်။

The Elders အဖွဲ့၏ ဒုဥက္ကဋ္ဌဟောင်း(ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်) နော်ဝေဝန်ကြီးချုပ်ဟောင်း ဂရိုဟာလမ် ဘရန့်တ်လန်းနှင့် ဖင်လန်နိုင်ငံ သမ္မတဟောင်းနှင့် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် မာတီအာတီ ဆရာရီ တို့သည် မြန်မာနိုင်ငံ၏ ပဋိပက္ခဖြစ်စဉ်များကို လေ့လာရန် မြန်မာနှင့် ထိုင်းနိုင်ငံများကို သုံးရက် ကြာလာရောက်မည်ဖြစ်သည်။ ၎င်းတို့၏ ခရီးစဉ်အတွင်း ကချင်ပြည်နယ်ရှိ ပဋိပက္ခများနှင့် ဒေသခံပြည်သူ များကို လေ့လာရန် မြစ်ကြီးနားမြို့သို့ သွားရောက်မည်ဟု The Elders အဖွဲ့က ထုတ်ပြန်ထားသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ အစိုးရအဖွဲ့၊ လွှတ်တော်တို့နှင့်လည်း အစည်းအဝေးးလုပ်ဆောင်ရန် နေပြည်တော် သို့ သွားရောက်မည်ဖြစ်သည်။The Elders အဖွဲ့ကြီးသည် မြန်မာနိုင်ငံခရီးစဉ်အပြီးတွင် ထိုင်းနိုင်ငံသို့ သွားရောက်ကာ ထိုင်း-မြန်မာ နယ်စပ်ဒေသတစ်လျှောက်ကို သွားရောက်ပြီး မြန်မာပြည်တွင်း နှစ်ပေါင်း ၆၀ကြာ ဖြစ်ပွားခဲ့သည့် စစ်ပွဲများကြောင့် အဓိကနစ်နာခဲ့ရသည့် တိုင်းရင်းသားများကို အကူအညီပေးနေ သူများနှင့် တွေ့ဆုံမည်ဟု ထုတ်ပြန်ထားသည်။

The Elders အဖွဲ့မှ အကြီးအကဲနှစ်ဦးဖြစ်သည့် အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ၊ မာတီ အာတီဆာရီနှင့် ဂရိုဟာလမ်ဘရန့်တလန်တို့သည် ၂၀၁၃ခုနှစ် စက်တင်ဘာလက မြန်မာနိုင်ငံသို့ လာရောက် ခဲ့သည်။

The Elders အဖွဲ့သည် ပထမခရီးစဉ်တွင် တွေ့ဆုံခွင့်မရခဲ့သည့် အခြေခံလူတန်းစားများ၊ တိုင်းရင်းသားလူနည်းစုအဖွဲ့များနှင့် တွေ့ဆုံရန် ဒုတိယအကြိမ် ခရီးစဉ်ကို လာရောက်ခြင်းလည်းဖြစ်သည်။

The Elders အဖွဲ့သည် ၂၀၁၃ခုနှစ် စက်တင်ဘာလက မြန်မာနိုင်ငံသို့ လာရောက်စဉ် အတွင်း ပြည်သူများ၏ အသံကို နားထောင်ရန် အရပ်ဘက် လူမှု အဖွဲ့အစည်း များနှင့် တွေ့ဆုံခဲ့သည်။ ထို့အပြင် သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်မှ အကြီးအကဲများ၊ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်တို့ နှင့်လည်း နေပြည်တော်၌ တွေ့ဆုံ ခဲ့သေးသည်။

ကမ္ဘာ့ရပ်မိရပ်ဖများအဖွဲ့ကို ၂၀၀၇ ခုနှစ်တွင် လွတ်လပ်သော ခေါင်းဆောင်များနှင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းတွင် ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် လူ့အခွင့်အရေးအတွက် ဆောက်ရွက် ပေးနေသော အဖွဲ့အစည်းဖြစ်သည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here