Sunday, August 26, 2012

နိုဝင်ဘာလအတွင်း မြန်မာပြည်မှာ သက်ဆင် ရှိမယ်

0 comments
ဝန်ကြီးချုပ်ဟောင်း သက်ဆင်၊ ဓာတ်ပုံ- Thaksin.tk
ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှနာဝတ်ဟာ လာမယ့် နိုဝင်ဘာလမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိပါတယ်။

ဖွေ့ထိုင်းပါတီ က လွှတ်တော်အမတ်တဦးဖြစ်တဲ့ Nakhon Ratchasima Suchart Pinyo က ဒီကနေ့ သြဂုတ်လ ၂၆ ရက်၊ တနင်္ဂနွေနေ့မှာ ပြောလိုက်တာကို ဘန်ကောက်ပို့စ်က ဖော်ပြထားပါတယ်။

Mr Pinyo က ဆက်ပြောတာမှာတော့ သူတို့ဖွေ့ထိုင်းပါတီ အမတ်တွေနဲ့ ရှပ်နီထောက်ခံသူတွေဟာ သက်ဆင် နဲ့ တွေ့ဖို့ တသီးပုဂ္ဂလအနေနဲ့ရော အုပ်စုလိုက်ပါ မြန်မာပြည်ကို သွားဖို့ ရှိပါတယ်တဲ့။

ဒါပေမယ့် သူက သက်ဆင်ဟာ မြန်မာပြည်ခရီးစဉ် ဘာကြောင့် သွားတယ်ဆိုတာတော့ သူက မပြောခဲ့ပါဘူးတဲ့။

သက်ဆင်ဟာ အာဏာ အသိမ်းခံရပြီးနောက်ပိုင်း ပြည်ဝင်ခွင့် ပြန် မရသေးပေမယ့် မြန်မာနိုင်ငံကို မကြာခဏ သွားရောက်တယ်လို့ သတင်းတွေမှာ ဆိုထားခဲ့ဖူးပါတယ်။ သူဟာ ညီမဖြစ်သူ ယင်းလတ်အစိုးရအတွက် တိုင်းပြည် ပြင်ပကနေ သံရေး တမန်ရေး လုပ်ပေးနေတယ် ဆိုတဲ့ ဝေဖန်မှုတွေလည်း မကြာခဏ ထွက်ပေါ်ခဲ့ တာပါ။
 
ဧရာဝတီ(Blog)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here