Sunday, August 26, 2012

ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်း ဒေသထွက် ဂေါ်ရခါးသီးများ ဈေးကောင်းရ လျက်ရှိ

0 comments

(အောင်ပန်း   သြဂုတ်  ၂၅)
ရှမ်းပြည်နယ် (တောင်ပိုင်း) ကလော မြို့နယ် အောင်ပန်း ဒေသ ပတ်ဝန်းကျင် သည် မီးဖိုချောင် သီးနှံ  အဓိက စိုက်ပျိုး ထုတ်လုပ်ပြီး ဒေသ အသီးသီးသို့ ပို့ဆောင်ရောင်းချ ခြင်းဖြင့် စိုက်ပျိုးထုတ် လုပ်သည့် တောင်သူမှ   တစ်ဆင့်ခံဝယ် ရောင်းပြု လုပ်ကြပြီး ကုန်စည်ဒိုင်မှ သယ်ယူ ပို့ဆောင်ပေးသည့် မော်တော် ယာဉ် ပိုင်ရှင်များ အားလုံး အဆင်ပြေ လျက်ရှိကြရာ ယခု ရက်ပိုင်းတွင် အောင်ပန်း ဒေသမှ ဂေါ်ရခါးသီးများ လှိုင်လှိုင် ထွက်ရှိ နေပြီး ဈေးကောင်းရလျက် ရှိကြောင်း သိရသည်။

ဂေါ်ရခါးခြံစိုက် တောင်သူ များသည် မိုးမကျမီ မတ်လခန့်တွင် ဂေါ်ရခါးမျိုး  သီးများ မြေချ၍ စတင်စိုက်ပျိုးကြ ကြောင်း၊ စိုက်ပျိုးရာ တွင်လည်း သဘာဝ နွားချေးမြေသြဇာ ကိုခံ၍ စိုက်ပျိုး ရ ကြောင်း၊ ဂေါ်ရခါးခြံပြုလုပ် ရာတွင် ဒေသထွက် ဝါးများဖြင့် သော်လည်းကောင်း၊ မော်တော်ကား တာယာအဟောင်းများ အတွင်းမှ ရရှိသော သံကြိုးခွေ များဖြင့် သော်လည်းကောင်း ပြုလုပ်ကြသည်။ စင်ပေါ် ရောက်ခါစတွင် ပိုးသတ်ဆေး များအသုံးပြုပြီး ဓာတ်မြေသြဇာများ စတင်ထည့် ပေးရကြောင်း၊ ဇွန်၊ ဇူလိုင်လ များတွင် အသီးစတင် ဆွတ်ခူးရပြီး ဂေါ်ရခါးသီး တစ်လုံးလျှင် ငွေကျပ် ၆ဝခန့် ရရှိကြကြောင်း၊ ယခုရက်ပိုင်းတွင် ဈေးနှုန်းမှာ ငွေကျပ် ၃၅-၄ဝ ကျပ်ဖြင့် ကုန် စည်ဒိုင်များမှ ဝယ်ယူ လျက်ရှိပြီး ရန်ကုန်မြို့သို့ သယ်ယူ ပို့ဆောင်ခ ၁၂ ကျပ်ပေး ရကြောင်း၊ ရန်ကုန်မြို့ ကုန်စိမ်း ဈေးကွက်၌ ငွေကျပ် ၆၅-၇ဝ ကျပ်ဖြင့် လက်ကား ရောင်းဝယ် လျက်ရှိကြောင်း ကုန်စိမ်းပွဲရုံ အသိုင်း အဝိုင်းမှ သိရသည်။ ဂေါ်ရခါး စိုက်ပျိုးရေးသည် တစ်ဧကလျှင် အပင် ၄ဝဝ ခန့်် စိုက်ပျိုး ရပြီး အသီးလှိုင်လှိုင် ထွက်ရှိချိန်၌ တစ်ရက်ခြား အလုံးရေ ၃ဝဝဝ-၅ဝဝဝခန့် ဆွတ်ခူး ရရှိကြောင်း နှင့် အနိမ့်ဆုံး ဂေါ်ရခါးသီး တစ်လုံးလျှင် ငွေကျပ် ၂ဝ အထက် ရောင်းချ ရပါက အဆင်ပြေ ကြောင်း၊ ယခုကဲ့ သို့ ဈေးနှုန်း ကောင်းမွန်စွာ ရရှိပါက ပိုမိုအဆင်ပြေ ကြောင်း ဂေါ်ရခါး စိုက်ပျိုးရေး လုပ်ကိုင် သူဒေ သ ခံ တစ်ဦးထံမှ သိရှိရသည်။    
 
ref: MWD

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here