Saturday, August 25, 2012

ထိုင်းကျောင်းအချို့ မြန်မာစာ သင်နေပြီ

0 comments

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခတ် ကျွန်းအပန်းဖြေစခန်းရှိကျောင်း တစ်ကျောင်းတွင် အထက်တန်း ကျောင်းသားများအတွက် မြန်မာ စာလေ့လာနိုင်ရန် သင်တန်းဖွင့် ထားသည်ဟု Bangkok Post သတင်းစာတွင် ဖော်ပြပါရှိသည်။
စထရီဖူးခတ်ဟု ခေါ်သော ၎င်းင်းကျောင်းတွင် ဖွင့်ထားသော မြန်မာစာသင်တန်း၌ အတန်း တက်သူများပြားလျက်ရှိပြီး ထိုင်ခုံ မလောက်ငှမှုပင်ဖြစ်ပေါ်နေ ကြောင်း၊ ယမန်နှစ်ကတည်းက ကျောင်းတွင် တရုတ်၊ အင်္ဂလိပ် နှင့် မြန်မာစာပေလေ့လာမှုများ ကို သင်ကြားခြင်းပြုခဲ့ကြောင်း၊ အစပိုင်းတွင် မြန်မာစာကို လေ့ လာသူအလွန်နည်းခဲ့သော်လည်း ယခုအခါ အလွန်ကျော်ကြား လာပြီဖြစ်ကြောင်း၊ ကျောင်းသား မိဘများစွာက မြန်မာစာသင်ရန် အတွက် သူတို့၏ ကလေးများကို ကျောင်းသို့ လာရောက်အပ်နှံမှု ပို မိုများပြားလာကြောင်း အဆိုပါ ကျောင်း၏ ဒုတိယအုပ်ချုပ်ရေး မှူး နတ်တာဝက်ပထိုင်းရာတာနာ ဆီရာနီက ဆိုသည်။
““၂၀၁၅မှာ အာဆီယံလူ့ အဖွဲ့အစည်းက ကြီးမားလာတော့ မယ်။ ဒါကြောင့် အာဆီယံနိုင်ငံ တွေက ဘာသာစကားတွေကို သင်ဖို့လိုလာပြီလို့ထင်ပါတယ်။ ဒီ အစီအစဉ်ကအောင်မြင်မှာပါ။ မနှစ်ကထက် ဒီနှစ်မှာနှစ်ဆတိုး လာတယ်။ အတန်းတိုင်းလူပြည့် နေပါပြီ။ တစ်ပတ်ကို နှစ်ရက် က ဘာသာရပ်ဆိုင်ရာ ဆရာတွေနဲ့ အရေးအဖတ်အပြောကို လေ့ ကျင့်ပေးပါတယ်””ဟု နာတာဝက် ကဆိုသည်။ ““မြန်မာစာကို လေ့လာဖို့လို  ပါပြီ။ ဘာကြောင့်လဲဆိုတော့ ဖူး ခတ်ကို မြန်မာဧည့်သည်တွေ အလာများတယ်လေ။ ပြီးတော့  မြန်မာလုပ်သားတွေလည်း များလာလို့ပါ””ဟု ကျောင်းသား တစ်ဦးက ဆိုသည်။ ကျောင်းသူတစ်ဦးဖြစ်သည့် သီရိရွန်လူအန်ကလည်း ““ကျွန်မ က မြန်မာစကားပြောရတာနှစ် သက်တယ်။ နေကောင်းလားလို့ မေးရင်ကောင်းပါတယ်လို့ပြန်ပြော တာကို သဘောကျတယ်။ သူတို့ စကားနဲ့ပြောရင် သူတို့ကရယ်ပြ တယ်။ ပြုံးပြတယ်။ ဘယ်လိုပြော ရမယ်ဆိုတာကိုလည်းသင်ပြတယ်။  အရမ်းပျော်ဖို့ကောင်းပါတယ်””ဟု ဆိုသည်။
 ref: HOT News

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here