Saturday, August 25, 2012

ဆေးဖြတ် နေတာ မဟုတ် ၊ အဆိုလိုင်း နဲ့ တကျော့ ပြန်လာ မယ့် ရာဇာနေ၀င်း

0 comments
168903_101177239959736_1359071_n
၂၀၀၀ ပြည့် လွန် နှစ် များ က နာမည် ကျော် လူ ကြိုက် များ ခဲ့ သည့် ရုပ်ရှင် သရုပ်ဆောင် ရာ
ဇာနေ၀င်း က သူမူးယစ်ဆေးဝါး သုံးစွဲ မှု ကြောင့် ဆေးဖြတ် နေတာ မဟုတ် ကြောင်း အဆို လိုင်း
ဖြင့် အနု ပညာ လောက ထဲ တစ်ကျော့် ပြန် ၀င် ရောက် လာ အုံးမည် ဖြစ် ကြောင်း ယနေ့  ထုတ်
Oasis ဂျာနယ် တွင် ဖော်ပြထား သည်။
ရာဇာ နေ၀င်း သည် လွန် ခဲ့ သည့် နှစ် အနည်း ငယ် ကျော် က ရုပ်ရှင် နှင့် ဗီဒီယို လောက တွင်
ပြိုင် ဘက် မရှိ ကျော်ကြား ခဲ့ သူ ဖြစ် ပြီး သူ ၏ ဟန်ပန် ကို တုပ ထား သည့် ပရိသတ် များ ပေါ်
ပေါက် ခဲ့ သည်။
ရာဇာ နေ၀င်း သည် တစ် ခောတ် က ကျော်ကြား ခဲ့ သည့် မင်းသားကြီး  ကောလိပ် ဂျင် နေ၀င်း
၏ သား ဖြစ် ပြီး အဆိုတော် ဟေမာနေ၀င်း ၏ အကို နှင့် သရုပ် ဆောင် အိန္ဒြာ ကျော်ဇင် ရဲ့  အကို
ဝမ်း ကွဲ ဖြစ်ပါတယ်။ သူ့  ရဲ့ အဖိုး ဖြစ်သူ ဗိုလ်ဇေယျ ဟာ မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်း မှု သမိုင်း
မှာ အထင် ကရ ဖြစ် တဲ့ ရဲဘော် သုံးကျိပ် ၀င် တစ်ဦး ဖြစ်ပါတယ်။
“ချစ်တော့ချစ်တယ်၊ အလိုမလိုက်ဘူး” ၊  မိုက်တီးလေးများ”  စတဲ့ ဇာတ်ကားများ ဟာ  ရာဇာ နေ၀င်း
၏ ထင်ရှားသည့် ဇာတ်ကားများ ဖြစ်ပါတယ်။
တကျော့ ပြန် ရာဇာနေ၀င်း ၏ အနုပညာ လောက တွင်း ၀င်ရောက် မှု နှင့် ပတ်သက် ပြီး ရန်ကုန် အခြေ
စိုက် စာနယ် ဇင်း သမား တစ်ဦး က ” သူတို့  မောင် နှမ တွေ က အနုပညာ အားကောင်းတယ် ဗျ ၊ နာ
မည် ကျ သွား တဲ့ တစ်ချို့   အဆိုတော် တွေ ၊ သရုပ် ဆောင် တွေ ဆို နိုင်ငံရေး အရေ ခြုံ ပြီး ယား ယား
ယား.. ယား လုပ် ချင် ကြ တယ်။ ရာ ဇာ နေ၀င်း တို့  က တော ဒါမျိုး မဟုတ် ဘူး ၊ သူ ပြန် ပြီး လူ
ကြိုက် များ လာ လိမ့်မယ် လို့  သုံး သပ် ပြောကြား ပါတယ်။
ရာဇာ နေ၀င်း သည် ၁၉၉၂ ခုနှစ် ကတည်း က အချစ် ပတ္တမြား ခဲလေး ချို ဇာတ်ကား ဖြင့် အနုပညာ
လောက ထဲ သို့  ၀င်ရောက်ခဲ့ သည်။
ref: freedomnewsgroup

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here