သာသနာသက္ကရာဇ် (၂၂၄)တွင် သီရိဓမ္မာသောက မင်းကြီး၏ ကုသိုလ်တော် (၈၄၀၀၀) အရေအတွက်စီ ရှိသော စေတီ၊ ရေတွင်း၊ ရေကန်တော်တို့တွင် ဥရုမြစ်ဝှမ်းဒေသ၌ တည်တော် မူကြသည်လည်း ရှိကြောင်းသိရှိရ ပါသည်။
တိဏပဗ္ဗ စေတီတော်ကို အရှင်ဇောတိပါလ မထေရ်က စောရတိုင်း၊ မိုင်းကိုင်းမြို့ တိဏပဗ္ဗတတောင် (ယခု သက်ကယ်တောင်)အရပ်၌ တည်တော်မူသည်။
တဖန် ဂေါဏပိဝစေတီတော် ကို အရှင်အနုရုဒ္ဓါမထေရ်က ဥရုမြစ်နှင့် (၄) ဂေါသ အကွာ ဇာတဿရအိုင်နှင့် (၁)ဂေါသမျှဝေးသော နွားသူငယ် ရေသောက်ချောင်း ယခု နမ့်ငိုးချောင်း (ခမေ့်ငိုဝ်း/ခမေ့်ငူဝ်း) အရပ်တွင် တည်ခဲ့၏။ ယခု နောင်ပိုအောင်ရွာ ကင်းအရပ်တွင် ကင်းစေတီတော်ကို အရှင် မဟာသောဘဏမထေရ် တည်တော်မူခဲ့သည်။
ကင်းစေတီတည်နေရာသည် ပြူကမ်းတို့ လယ်ယာလုပ်စားရာ နေရာဖြစ်၏။ စော်ဘွားဆမ်လုံးခိုမုန်း (သ၊မ်လူင်းခိုဝ်းမိုင်း) (သ၊မ်လူင်ခိုဝ်းမိုင်း) ခေတ်ကာက အာသံကို တိုက်ခိုက်သိမ်းယူရန် ကင်းရွာ (၁၃)ရွာ သတ် မှတ်ခဲ့ရာ ယခု သ၀န်ရွာ (မ၊ခေ်;သငွခေ်,)နှင့် မောင်းခမ်းရွာ (မ၊ခေ်;မွင်,နမ်း)တို့သည် အပြင်ကင်းရွာများဖြစ်၍ နောင်ပိုအောင်ရွာ (မ၊ခေ်;ခွေင်ပူ,ကွင်,)အနီး ကင်းစေတီတည်ရှိရာ ကင်းရွာ (မ၊ခေ်;ဂ၊င်း)သည် အတွင်းကင်းရွာ တစ်ရွာဖြစ်ခဲ့သည်။ ဤသို့လျှင် ဥရုမြစ်ဝှမ်းဒေသ၌ သီရိဓမ္မာ သောကမင်းကြီး သာသနာမပြုမီကာလကပင် သျှမ်း တို့ရောက်ရှိနေထိုင်ပြီးဖြစ်ကြောင်း ထင်ရှားလေသည်။
နန်ချောင်ခေတ်၊ မောနိုင်ငံတော်ကြီးမှ ၀င်ရောက်လာသော သျှမ်းမျိုးနွယ်စုကြီး တစ်ခုသည် မူရင်းဒေသ မှ အလုပ်အကိုင်၊ အတွေ့အကြုံနှင့် ကျွမ်းကျင်မှု အတတ်ပညာအလိုက် အုပ်စု (၈)ခု ကွဲပြာ၍ အခြေချနေထိုင်ခဲ့ ကြောင်း ထောမတိုက်နယ် ကိုင်းပြင်ရွာမှ သျှမ်းအမျိုးသားကြီး ဦးဖိုးလှိုင်၏ မှတ်တမ်းတွင် အောက်ပါအတိုင်း ဖော်ပြထားသည်။
(၁) မန်နွိုင်းမျိုး (မ၊ခေ်;ခွေဲ/လွဲ) – တောင်ကုန်းဒေသတွင် မြို့ရွာတည်၍ နေထိုင်သူ။
(၂) မန်ညုမျိုး (မ၊ခေ်;ရ၁ူ,/ မ၊ခေ်;ခေိဝ့်) – လက်ပံပင်ပေါက်ရာ မြေပြန့်တွင နေထိုင်သူ။
(၃) နမ်တပ်မျိုး (ခမေ့်တတ့်/ခမေ့်တ၊တ်,) – ရေတံခွန်ရှိရာတွင် နေထိုင်သူ။
(၄) နမ့်မော်မျိုး (ခမေ့်မေု,) – ဆား၊ ပယင်း၊ ကျောက်စိမ်း သယံဇာတထွက်ရာအရပ်တွင် နေထိုင်သူ။
(၅) ဆာခမ်းမျိုး (သုနမ်း) – ရွှေကျင်ခြင်းလုပ်ငန်း၌ ကျွမ်းကျင်သူ။
(၆) ယာယတ်မျိုး (ယု,ယတ်/ယုယတ်း)- ဆေးစိုက်ပျိုး၍ အသက်မွေးသူ။
(၇) ကာတူမျိုး (ဂွု,တူ,) – လိုရာတန်းသို့ ပေါက်မြောက်အောင်သွားနိုင်သူ။
(၈) ကာနန်းမျိုး (ဂွု,ခခေေ့် /ဂွု,လခေ်;) ခရီးဖြောင့်လမ်းကို ရှာဖွေအသုံးပြုတတ်သူ။
ယခုအခါ မန်နွိုင်းမျိုး၊ မန်ညုမျိုး၊ နမ့်တပ်မျိုး၊ နမ့်မော်မျိုးတို့ကို ဥရုဒေသတွင် တွေ့ရှိနေရဆဲဖြစ်သည်။
ကလေး ကဘော်ချိုင့်ဝှမ်းနှင့် သျှမ်းမျိုးနွယ်စုများ
သလ္လာဝတီ (ခမေ့်တု,လူင်း) အနောက်ဘက် သောင်သွပ်စော်ဘွားနယ်နှင့် တစ်ဆက်တည်းရှိသော ကလေး၊ ကဘော်ချိုင့်ဝှမ်းတွင်လည်း သျှမ်းတို့ နေထိုင်ခဲ့ဖူးသည်ကို တွေ့ရသည်။
မောနိုင်ငံတော်ကြီးမှ ချီလာသော အုပ်စုကြီး (၈)ခုသည် မြောက်ဘက် ဟူးကောင်းမှသည် ယော၊ ဂန့်ဂေါတိုင်အောင် ပျံ့နှံ့ခဲ့ကြောင်း ဖော်ပြခဲ့ပြီးဖြစ်သည်။ ထိုပြင် ဒဗလျူကော့ကရိန်း၏ The Shan စာအုပ်၌ “ယခင်က အကျယ်အ၀န်း စတုရန်း (၅၄၀)မိုင် ရှိခဲ့သော တမူးမြို့သည်ပင် သျှမ်းတို့နေထိုင်ခဲ့သည်ဟု ထင်မှတ် နိုင်သော အရပ်ဖြစ်သည်။
အဘက်ကြောင့်ဆိုသော် ဤဒေသနေ လူမျိုးတို့သည် ရှေးမြန်မာ မျိုးနွယ်တို့၏ ဘာသာစကားဖြစ်သော အင်ဂျီ (ကတူး) Ingye or Kadu ဘာသာစကားကို မပြော ဆိုခဲ့ကြချေ။ အများစုမှာ မိခင် ဘာသာစကားဖြစ်သော မန်တိုင်းနွယ် (မ၊ခေ်;တဲး) သျှမ်းဘာသာစကားကို ပြောဆိုခဲ့ကြသည်”ဟု ဖော်ပြထား သည်။
ကလေးမြို့နယ်၏ နောက်ဘက်တွင် ရာဇဂြိုဟ်ဟူ၍ မင်းနေပြည်တော်တစ်ခု ရှိခဲ့ဖူးသည်။ ဗုဒ္ဓခေတ် လောက်ကပင် မာဂဓဘာသာကို သုံးစွဲခဲ့ကြသည်။
တကောင်းကို အုပ်ချုပ်မင်းလုပ်ခဲ့သော အဘိရာဇာ နောက်တွင် သားတော်နှစ်ပါး နန်းလု ခဲ့ကြသည်။ မှူးမတ်တို့က ညီနောင်နှစ်ဦး၏ အရည်အချင်းကို နန်းတော်တည်ခြင်းဖြင့် စမ်းသပ်ပြီး အနိုင်ရသူကို နန်းအပ်ခဲ့သည်။ ထိုအခါ ရှုံးနိမ့်သူ သားတော်သည် ဧရာဝတီမြစ်ကို စုန်ဆင်း၍ သလ္လာဝတီမြစ်ကို ဆန်တက်ကာ မြစ်သာ မြစ်ကြောင်းမှ အနောက်သို့ နယ်မြေသစ်ရှာဖွေခဲ့သည်။
ယင်း သည် ရာဇဂြိုဟ်ဟူသော မင်းနေပြည်ပင် ဖြစ် သည်။ ရာဇဂြိုဟ်၏ အုပ်ချုပ်မှု နယ်ပယ်အတွင်း နယ်မြေအရပ်ဒေသများတွင် သျှမ်းအမည်နာမများကို ယနေ့ တိုင် တွေ့မြင်နေရဆဲဖြစ်သည်။
၁။ မန်လုံအင်းယား (မ၊ခေ်;လူင်းက၊င်းယ၊၀်း) အကွက်ကျစွာ တည်ထားသော ရွာတန်းရှည်ကြီး
၂။ နွယ်ပတ် (ခွေဲပတ်/လွဲပတ်း) ပယင်းတောင်
၃။ ထန်းဘုရား (ထမ်,ဎေ လုး/ထမ်;ဎြေုး) ဘုရားရှိသောဂူ
၎။ နောင်မနား (ခွေင်မ၊ဂ့်ခေု,/ ခွေင်မ၊ဂ်,ခေု.) ဖန်ခါးပင်ပေါက်သောအင်း ဟုအဓိပ္ပါယ်ရသည်။
ဖြစ်တန်ရာရှိသော အခြေအနေမှာ သလ္လာနှင့် ဥရုတို့မှ ဆင်းသက်သော သျှမ်းများနှင့် ဗြဟ္မပုတ္တရမြစ်မှ ဆင်းသက်လာသော အာသံ၊ ဝေသာလီသျှမ်းတို့ ပေါင်းစည်း နေထိုင်ခဲ့ကြရာ ဒေသဖြစ်သည်။