Wednesday, October 31, 2012

ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အကောင်းဆုံးရွတ်ဖတ်ပူဇော် ပြိုင်ပွဲ၏ ဆုပေးပွဲ

0 comments
အောက်တိုဘာ(၃၁)

တာချီလိတ်မြို့နယ် ဓမ္မာရုံမှာ အောက်တိုဘာ(၂၇/၂၈/၂၉) သုံးရက်တိုင်တိုင် ကျင်းပခဲ့တဲ့ ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အကောင်းဆုံးရွတ်ဖတ်ပူဇော် ပြိုင်ပွဲရဲ့ ဆုပေးပွဲအခမ်းအနားကို အောက်တိုဘာ(၃၀)ရက် သီတင်းကျွတ်လပြည့်နေ့ ညနေပိုင်းက တာချီလိတ်ရွှေတိဂုံစေတီတော်မှာ ကျင်းပခဲ့ကြပါတယ်။


 

 ပြိုင်ပွဲဝင်(၁၀)သင်းမှာ

  • ၁) ထွေ/အုပ် ၀တ်အသင်း
  • ၂) ခရိုင်ရဲတပ်ဖွဲ့ ၀တ်အသင်း
  • ၃) အဘိဓမ္မာပြန့်ပွားရေး ၀တ်အသင်း
  • ၄) ဂေါ်ရခါးမဂ္ဂင်ရိပ်သာ ၀တ်အသင်း
  • ၅) ပုန်းထွန်+တာလော့ ၀တ်အသင်း
  • ၆) ဆန်ဆိုင်း(က+ခ) ၀တ်အသင်း
  • ၇) ၀မ်ကောင်း+မယ်ခေါင် ၀တ်အသင်း
  • ၈) အ.ထ.က(တာချီလိတ်) ၀တ်အသင်း
  • ၉) အ.ထ.က(ဆန်ဆိုင်း) ၀တ်အသင်း
  • ၁၀) အ.ထ.က[ခွဲ] (ဟောင်လိတ်) ၀တ်အသင်း
တို့ဖြစ်ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆုများ ရရှိသွားတဲ့ ၀တ်အသင်းများကတော့




ပထမဆုအဖြစ် ခရိုင်/မြို့နယ် ထွေ/အုပ် ၀တ်အသင်းမှ ရရှိသွားပြီး ဒုတိယဆုကိုတော့ ခရိုင်ရဲတပ်ဖွဲ့ ၀တ်အသင်း နဲ့ အ.ထ.က(ဆန်ဆိုင်း) ၀တ်အသင်း တို့ ပူးတွဲရရှိသွားပါတယ်။ တတိယဆုကိုတော့  ပုန်းထွန်+တာလော့ ၀တ်အသင်းက ရရှိသွားပါတယ်။



ပြိုင်ပွဲဝင်(၁၀)သင်းထဲမှ (၃)သင်းကို ပထမ၊ ဒုတိယ၊ တတိယဆုများ သတ်မှတ်ပေးရာမှာ ပြိုင်ပွဲရဲ့ ရမှတ်များကို ဆရာတော်များမှ သတ်မှတ်ပေးတာဖြစ်ကြောင်း သိရပါတယ်။ 

တာချီလိတ်အွန်လိုင်းစာမျက်နှာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here