Wednesday, October 31, 2012

ယခုနှစ်အတွင်းကျောက်မဲမြို့၌ ယာဉ်တိုက် သေဆုံးသူအမျုားဆုံးဖြစ်

0 comments
အောက်တိုဘာ(၃၁)



 ကျောက်မဲမြို့နယ်တွင်(၅)နှစ်တာအတွင်း ၂၀၁၂ ခုနှစ်မှာ ယာဉ်တိုက်မှုနှင့် ယာဉ်တိုက် မှုကြောင့် သေဆုံးမှု အများဆုံး နှစ်တ စ်နှ စ်ဖြစ်ပြီး  သေဆုံးသူဦးရေ (၁၅)ဦးခန့် ရှိပြီဖြစ်ကြောင်းသက်ဆိုင်ရာဌာနများက သိရှိရ သည်။
 
 “ ၂၀၀၇ ကနေ ၂၀၁၂ အထိမှာ အရင်နှစ်တွေက ယာဉ်တိုက်မှုနဲ့ သေဆုံးမှုကို လက်ချိုးရေလို့ရတယ်၊ ဒီနှစ် လို တစ်ဆယ်ကျော်ဆိုတာ မရှိခဲ့ဘူးဟု ကျောက်မဲမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦး က အတည်ပြုေ ပာကြား သည်။
 
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့အတွင်း  အောက်တိုဘာလ (၃၀) ရက်နေ့ညပိုင်းက ကျောက်မဲ-မိုင်းတင်းအဝေးပြေး လမ်းမကြီး လမ်းသွားနေသူ အမျိုးသမီးကြီးတစ်ဦးအား ဆိုင်ကယ်ဖြင့်တိုက်ခိုက်မှုဖြစ် ပွားခဲ့သည်။
 
 အမက(၁)ကျောင်းရှေ့  အောင်ဆန်းလမ်း(၇)ရပ်ကွက်အတွင်း ဆိုင်ကယ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
 
 " လမ်းလျှောက်သွားနေတာကို အနောက်ကနေ ၀င်တိုက်တာ၊ အမျိုးသမီးကြီးက ဆယ်ပေလောက် ကိုတ ရွတ် တိုက်ပါသွားတယ်၊ တိုက်တဲ့ကောင်လေးက မူးနေတယ် ထင်တာပဲ ဆိုင်ကယ်ကို အရမ်းမောင်းလာ တာ " ဟု ကိုယ်တိုင်မြင်တွေ့ခဲ့ရသူတစ်ဦး က ပြောသည်။
 
 ယာဉ်တိုက်ခံရသူအမျိုးသမီးကြီးကို ကျောက်မဲပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး အသက် (၂၀)၀န်းကျင်ရှိ ဆိုင်ကယ် မောင်းလူငယ်ကို ကျောက်မဲရဲစခန်းက ထိန်းသိမ်းထားကြောင်း သိရသည်။
 
 "ဆိုင်ကယ်မောင်းတဲ့သူ တော်တော်များများက ယဉ်မောင်းလိုင်စင်မရှိတဲ့ လူငယ်လူရွယ်တွေ၊ ယဉ်စည်း ကမ်း လမ်းစည်းကမ်း ဆိုတာ ဘာမှန်းတောင်နားလည်တာမဟုတ်ဘူး၊ ဟောပြောပွဲတွေလုပ်ပေးပေမယ့် လိုက်နာမှု အားနည်းတဲ့အတွက် ယဉ်တိုက်မှုတွေဖြစ်နေရတာပါ" ဟု ကျောက်မဲ မော်တော်ယာဉ် ထိန်း သိမ်းရေးမှ အရာရှိ တစ်ဦးဖြစ်သူ ရဲအုပ် ဦးရဲကြည် မှ ပြောသည်။
 
ဈေးနှုန်းသက်သာသော တရုတ်ဆိုင်ကယ်များ အဆမတန်များပြားလာခြင်းနှင့် ယဉ်စည်းကမ်း လမ်းစည်းက မ်း နားလည်မှုအား နည်းခြင်းကြောင့် ယဉ်တိုက်မှုများ တစ်နေ့တစ်ခြားပိုမိုများပြားလာရခြင်းဖြစ်ကြောင်း ၄င်း က ဆက်ပြောသည်။
 

ref:myitmakha

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here