Friday, December 7, 2012

နေ့စဉ် ဟက်ဟက်ပက်ပက် ရယ်မောလျှင် ကျန်းမာမည်

0 comments
ဒီဇင်ဘာ(၇)


နယူးဒေလီ- ဟက်ဟက်ပက်ပက် ရယ်မောခြင်းဖြင့် ကျန်းမာရေးလိုက်စားသူ ထောင်ပေါင်းများစွာကို နည်းပေး နိုင်ခဲ့သော အိန္ဒိယနိုင်ငံမှ အရယ်အမော ဆရာကြီး မာဒန်ကက်တာရီယားက သူ့ထံမှာ အလွန်ကောင်းသည့် ဟာသ ဉာဏ်မရှိပါဟု ၀န်ခံပြောဆိုသွားသည်။
အိုပရာဝင်းဖရေး၊ ဂိုလ်ဒိုင်ဟွန်း အပါအ၀င် ကမ္ဘာသိပုဂ္ဂိုလ်များပါဝင်ပြုလုပ်လာကြသည့်ရယ်မောမှုယောဂ (LaughterYoga) 
 လေ့ကျင့်ခန်း ကိုစတင် တီထွင်သူ ကက်တာရီယားက"လူတွေ ကို အမိန့်ပေးပြီး ရယ်ခိုင်းလိုမရပါဘူး" ဟုလည်း အားရပါးရ ရယ်လျက်ဆို ပြန်သည်။
ယခုအခါ အိပ်ခ်ျပီ (ဟျူးလက်- ပက်ကပ်)ကဲ့သို့သော ကွန်ပျူတာကုမ္ပဏီ များမှသည်ဗော်လ်ဗိုကဲ့သို့သော ကား ကုမ္ပဏီများထိ ကမ္ဘာ့လုပ်ငန်းကုမ္ပဏီ များကပင် ကက်တာရီယားအား ငှားရမ်း ၍ သူ၏အကြောင်းမဲ့ 
ရယ်မောနည်းကို သင်ယူလေ့ကျင့်နေကြရသည်။

သူကိုယ်တိုင်လည်း နာမည်မဖော် ပြလိုသော သူဌေးပေးလှူသည့် ဒေါ်လာ ၂၅၀,၀၀၀ နှင့် အိန္ဒိယနိုင်ငံ တောင်ပိုင်း မြို့ ဘန်ဂလိုရှိ အဆောက်အအုံ ကန်ထရိုက်တာတစ်ဦး လှူဒန်းသည့်မြေပေါ်တွင် ရယ်မောသံ တက္ကသိုလ် (Laughter University) ကို ထူထောင်ဖွင့်လှစ်တော့မည် ဖြစ်သည်။
၂၀၁၃ ခုနှစ်ကုန်တွင် ဖွင့်လှစ်မည့် ယင်းတက္ကသိုလ်သည် ရယ်မောမှု ယောဂ ပညာဖြန့်ဖြူးရာ ဗဟိုဌာန တစ်ခုပင်ဖြစ် သည်။ ယင်းတက္ကသိုလ်တွင် ရယ်မောမှု သင်တန်းများပို့ချပြီး ရယ်မောခြင်း ကြောင့်ရရှိမည့်
ကောင်းကျိုးများဆိုင်ရာ ကျန်းမာရေး ဆေးပညာပေးဌာနတစ်ခုကိုပါ ဖွင့်လှစ်ရန် စိတ်ကူးထားသည်။

ရယ်မောသောအခါ စိတ်ကျေနပ် နှစ်သိမ့်မှုနှင့် ဆက်နွှယ်နေသည့် အင်ဒေါ်ဖင်း (endorphins)ခေါ် ဦးနှောက်ဓာတ် ပစ္စည်းများ ထွက်လာကြောင်း လေ့လာ တွေ့ရှိထားပြီးဖြစ်သည်။
"ရယ်မောခြင်းဟာ လူတွေလုပ်နိုင်တဲ့ ကျန်းမာရေးအတွက် အကောင်းဆုံး ဆေးတစ်လက်ပါပဲ"ဟု အရပ်မြင့်မြင့် ထိပ်ပြောင်ပြောင်အသက် ၅၈ နှစ်အရွယ် မာဒန်ကက်တာရီယားက ဆိုသည်။

သူ့ကြိုးပမ်းမှုကြောင့် အိန္ဒိယနိုင်ငံနှင့် ဘေရွတ်၊ အိုင်ယာလန် စသည့်ကမ္ဘာ့ နိုင်ငံများတွင် ရယ်မောသူများ အသင်း (Laughter Club) ပေါင်းထောင်ချီ၍ ရှိနေကြပြီဖြစ်သည်။

ကက်တာရီယားသည် စာသင် ကျောင်း၊ အကျဉ်းထောင်၊ ဆေးရုံနှင့် ဘိုးဘွားရိပ်သာများတွင်လည်း ရယ်မော သည့် လေ့ကျင့်ခန်း များကိုသင်ပြပေးသည်။

ယခင်နှစ်အနည်းငယ်က အမေ ရိကန် အထက်လွှတ်တော် ကော်မတီ တစ်ခုတွင် ယောဂနည်းဖြင့် ရယ်မောပုံ ကိုပြသပြီးနိုင်ငံ၏ ကျန်းမာရေးစာင့် ရှောက်မှု ကုန်ကျစရိတ်ကို ယောဂနည်း ရယ်မောမှုဖြင့်လျှော့ချပေးနိုင်သည်ဟု ပြောကြားခဲ့သည်။

ကက်တာရီယားသည် ဆရာဝန် ဖြစ်သည့်အလျောက် စိတ်ဖိစီးမှုနှင့် အခြား ရောဂါများအားရယ်မောခြင်းဖြင့် ကုသနိုင်သည့်သဘောကိုဆေးစာအုပ် များထဲတွင် တွေ့ရှိသွားရာမှ ရယ်မောသူများအသင်းများကို
စတင် မဖွင့်လှစ်မီ သူ၏တွေ့ရှိချက်များကို ကွင်းဆင်း သုတေသနပြုရန်၁၉၉၅ ခုနှစ်တွင် ဆုံးဖြတ် လိုက်သည်။

မွမ်ဘိုင်းမြို့ ပန်းခြံထဲတွင် လူစိမ်း လေးယောက်အကူအညီဖြင့် သူ့ သုတေသနကို စတင်ပြုလုပ်ခဲ့သည်။ လူလေးယောက်ကို စက်ဝိုင်းသဏ္ဌာန်မတ်တတ်ရပ်စေပြီး တောခွေးအသံမျိုးဖြင့် ရယ်စေရာ မကြာမီ 
လူ ၅၀ ၀န်းကျင်ထိ ပါဝင်ရယ်မောလာကြကြောင်း တွေ့ရသည်။

ရယ်စရာများကို ပြန်လည်တွေး တောစေခဲ့သော်လည်း ခွက်ထိုး ခွက်လန် ဟားတိုက်ရယ်မောခြင်းများ မပြုလုပ်ကြ တော့ပေ။ ဤတွင်ဟန်ဆောင်ရယ်ခြင်း နှင့် အမှန်တကယ်ရယ်ခြင်းတွင် စိတ် ပျော် ကျန်းမာစေ သည့် ဓာတုပစ္စည်းများ ထွက်လာသော်လည်း ယင်းနှစ်မျိုးကိုလူ့ကိုယ်ခန္ဓာကခွဲခြားမသိနိုင်ကြောင်း ကက်တာ ရီယား တွေ့ရှိသွားသည်။

"တမင်တကာ လုပ်ရယ်ရာက မိနစ် ပိုင်းအတွင်းမှာ တကယ်ရယ်တဲ့အဖြစ် ကို ရောက်သွားတာပါပဲ။ စမ်းပြီးရယ် ကြည့်ကြစမ်းပါ" ဟု သူကပြောသည်။

သူ့လူများကိုသူနှင့်အတူ တစ်မိနစ်ခန့် အကြောင်းမဲ့ ရယ်မောရန် ပြောသည်။ ယင်းသို့တမင်တကာ ရယ်မောခြင်း သည် ဆယ်မိနစ်ခန့်ကြာသောအခါ အဆင့်ဆင့် ကူးစက်သွားပြီးယောဂနည်း ရယ်မောသည့် အဆင့်သို့ရောက်သွား တော့သည်။

ပုံမှန်ရယ်မောခြင်းဖြင့် ကိုယ်ခံအား ပိုကောင်းလာခြင်း၊ စိတ်ဖိစီးမှုနည်းခြင်း၊ လူမှုဆက်ဆံရေးပိုမိုကောင်း မွန်ခြင်း မှသည် အစာကြေလွယ်ခြင်းအထိကောင်းကျိုးများ ရရှိနိုင်ကြောင်းအမေရိကန်နိုင်ငံ Mayo ဆေးရုံမှ ဒေါက်တာအေမစ်ဆွတ်ကပြောသည်။

အမြတ်အစွန်း ပဓာနမထားသော Laughter Yoga Institute ဖွင့်လှစ် ထားသောကက်တာရီယားက နေ့စဉ် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ရယ်မောပါက တကယ့် အကျိုးတရားကိုခံစားရမည် ဟုပင် ပြောသည်။

နယူးဒေလီမြို့မှ နေ့စဉ်ရယ်မောနေသော လီဆာဆင်း (၃၉ နှစ်) ကလည်း "ရယ်လို့ ကျွန်တော်အပန်းပြေ သွား တယ်။ မနက်ပိုင်မှာရယ်လိုက်ရင်အဲဒီ တစ်နေ့လုံး ကျွန်တော်အဆင်ချောနေတာပါပဲ"ဟုဆိုသည်။

ဟာသဇာတ်ကားတွေမှာ စက္ကန့်ပိုင်းလောက်ပဲ ရယ်ရရုံနဲ့ မလုံလောက်သေးပါဘူး။ ကောင်းကျိုးရဖို့ဆိုရင် ဆက်တိုက် ရယ်မောရမယ့်အချိန်တစ်ခုတော့ရှိဖို့ လိုအပ်ပါတယ်။

"ရယ်မောခြင်းဟာ သမ်းဝေခြင်းလိုပဲ ကူးစက်တတ်တယ်။ အလွန်ခဲယဉ်း နိုင်တဲ့ လူမှုဘ၀ဆက်ဆံရေး မှာ ချောမွေ့ ဖို့ အတွက်ကျွန်တော်တို့ ရယ်မောကြဖို့ လိုအပ်ပါတယ်"ဟုကက်တာရီယားကဆိုသည်။

Myanmar Times

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here