Friday, December 7, 2012

ညောင်ရွှေမှာ တွေ့ရတဲ့ "ရှားပါးတိုင်းရင်းသားမျိုးနွယ်စု ဓာတ်ပုံပြပွဲ"

0 comments
ဒီဇင်ဘာ(၇)



ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက  ညောင်ရွှေမြို့ ၊ ၁၉ လမ်းတွင် ဂယ်လာရီ ၁၉ ဟု အမည်ပေးထားသည့် အနုပညာပြခန်း ဖွင့်လှစ်လိုက်ပြီး နှင့် ပြခန်း၏ ပွဲဦးထွက် အစီအစဉ်အဖြစ် ရှားပါး တိုင်းရင်းသားမျိုးနွယ်စု ဓာတ်ပုံပြပွဲကို ဖွင့်လှစ် ပြသလိုက်သည်။

  ပြခန်းပိုင်ရှင် ကိုကျော်ကျော်ဝင်း (စွယ်တော်ရိပ်)၏ တကိုယ်တော် ဓာတ်ပုံပြပွဲတွင်  တိုင်းရင်းသားတို့၏ ရိုးရာဓာတ်ပုံများ ၊ရှမ်းပြည်နယ် ဒေသရှုခင်းများ စုစုပေါင်း ပုံ  ၂၀၀ ကျော် ခင်းကျင်း ပြသထားသည်။


 

ရှမ်းပြည်တောင်ပိုင်းတွင် နေထိုင်သော  ရှားပါး လူသိနည်းသည့် တိုင်းရင်းသားလူမျိုးတို့၏ ဓလေ့စရိုက်ကို ဖော်ပြလိုကြောင်း၊ "ယင်း" အမည်ရှိ မျိုးနွယ်စုသည်  လူသိ နည်းလွန်းကြောင်း၊ အရေအတွက် ၄,၀၀၀ ကျော်ခန့်သာ ကျန်ရှိတော့ကြောင်း ၊ ၎င်းတို့ကို အများ သိကြစေရန် ၎င်းတို့၏ လူနေမှု ပုံစံများကို ပြပွဲတွင် အဓိက  ဖော်ပြထားကြောင်း၊ အင်းလေး ဒေသကို လာသည့် နိုင်ငံခြားသားခရီးသွားများလည်း သိစေလိုကြောင်း စသဖြင့်  ဓာတ်ပုံဆရာကိုကျော်ကျော်ဝင်းက  ဂယ်လာရီ  နှင့် ဓာတ်ပုံပြပွဲ ရည်ရွယ်ချက်တို့ကို ပြောပြသည်။ 
 
       ဂယ်လာရီ ၁၉  သို့ ပန်းချီဆရာများ၊ ဓာတ်ပုံပညာရှင်များ၊ အင်းတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဝင်းမြင့် နှင့် စိတ်ဝင်စားသူများ သွားရောက် ကြည့်ရှုခဲ့ကြသည်ကို တွေ့ရသည်။ 
 
ရှမ်းပြည်နယ် ညောင်ရွှေမြို့သည် နာမည်ကျော် အင်းလေးကန်အနီး တည်ရှိသဖြင့် ပြည်တွင်း ပြည်ပ ဧည့်သည်များ အ၀င်အထွက်များသည့် မြို့ဖြစ်သည်။

















ဧရာဝတီဘလော့

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here