Thursday, January 24, 2013

ကေအိုင်အေမှ မရှီကထောင်ရဲကင်းအား မိုင်းပစ်ဖောက်ခွဲခဲ့

0 comments
ဇန်န၀ါရီ(၂၄)
ကေအိုင်အေမှ မရှီကထောင်ရဲကင်းအား မိုင်းပစ်ဖော်ခွဲခဲ့ ========================================== ဖားကန့် ဇန်န၀ါရီ ၂၄ရက်  ယနေ့မနက် ၃နာရီခန့်တွင် ဖားကန့်မြို့  ဘေလီတံတား(မရှီကထောင် တံတား) အနီးရဲကင်းအား KIA မှ ဆိုင်ကယ်နှင့် ရောက်လာပြီး မိုင်းပစ်ခွဲခဲ့ ကြောင်းသိရှိရပါသည်။ ၎င်းရဲကင်းတွင် ရဲတပ်ရင်း(၃၀)မှ ၁၀ဦး လုံခြုံရေး ယူလျက်ရှိသည်။ မြို့မရပ်ကွက်နှင့် ငှက်ပျောတောရပ်ကွက်လမ်းမှ ဆိုင်ကယ် ဖြင့် ကေအိုင်အေ၂ဦး ဖြတ်လာပြီး ရဲကင်းကို မိုင်းပစ်ခွဲခဲ့ ၍ လုံခြုံရေး ယူနေသော ရဲတစ်ဦး သေဆုံးခဲ့ကြောင်းသိရှိရသည်။            KIA နှင့် အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း KIA မှ ထိခိုက် ကျဆုံးမှုရှိ နေချိန်တွင် ရဲစခန်းနှင့် ရဲကင်းများကို လာရောက်ပစ်ခတ်မှု စီးနင်း မှုများရှိလာကြောင်း၊ သူတို့ကိုပြန်လည်တိုက်ခိုက်နိုင်သော အစိုးရတပ် စခန်း ကို မလုပ်ရဲဘဲ ရဲတွေကိုသာ စီးနင်းတိုက်ခိုက်မှုများကို ပြုလုပ် နေကြောင်း ဖားကန့်မြို့ခံ တစ်ဦး၏ အဆိုရသိရှိရသည်။ လုံခြုံရေး ယူထားသော ရဲကင်း ကို KIA မှ တိုက်ခိုက်ခဲ့သောကြောင့် ဖားကန့်မြို့ ဒေသခံ များက မြို့ကိုလာ ရောက်ပစ်ခတ်မှုများ ဖြစ်လာနိုင်၍ စိုးရိမ်မှုများရှိနေကြောင်း ၎င်းဒေသခံမှ ပြောကြား ခဲ့သည်။
 
 ယနေ့မနက် ၃နာရီခန့်တွင် ဖားကန့်မြို့ ဘေလီတံတား(မရှီကထောင် တံတား) အနီးရဲကင်းအား KIA မှ ဆိုင်ကယ်နှင့် ရောက်လာပြီး မိုင်း ပစ်ခွဲခဲ့ ကြောင်းသိရှိရပါသည်။ ၎င်းရဲကင်းတွင် ရဲတပ်ရင်း(၃၀)မှ ၁၀ဦး လုံခြုံရေး ယူလျက်ရှိသည်။ မြို့မရပ်ကွက်နှင့် ငှက်ပျောတော ရပ်ကွက် လမ်းမှ ဆိုင်ကယ် ဖြင့် ကေအိုင်အေ၂ဦး ဖြတ်လာပြီး ရဲကင်းကို မိုင်းပစ်ခွဲခဲ့၍ လုံခြုံရေးယူနေသော ရဲ တစ်ဦး သေဆုံးခဲ့ကြောင်းသိရှိရသည်။

KIA နှင့် အစိုးရတပ်တို့တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း KIA မှ ထိခိုက် ကျဆုံးမှုရှိ နေချိန်တွင် ရဲစခန်းနှင့် ရဲကင်းများကို လာရောက်ပစ်ခတ်မှု စီးနင်း မှုများရှိလာကြောင်း၊ သူတို့ကိုပြန်လည်တိုက်ခိုက်နိုင်သော အစိုး ရတပ်စခန်းကို မလုပ်ရဲဘဲ ရဲတွေကိုသာ စီးနင်းတိုက်ခိုက်မှုများကို ပြုလုပ် နေကြောင်း ဖားကန့်မြို့ခံ တစ်ဦး ၏ အဆိုရသိရှိရသည်။ လုံခြုံရေး ယူထားသော ရဲကင်း ကို KIA မှ တိုက်ခိုက်ခဲ့သောကြောင့် ဖားကန့်မြို့ ဒေသခံများက မြို့ကိုလာ ရောက်ပစ်ခတ်မှုများ ဖြစ်လာနိုင်၍ စိုးရိမ်မှုများရှိနေကြောင်း ၎င်းဒေ သခံမှ ပြောကြားခဲ့သည်။
 
Kachin Daily News
 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here