Thursday, January 17, 2013

မန္တလေးခိုးဆိုင်ကယ်(၁၆)စီးမြင်းခြံတွင် ဖော်ထုတ်ဖမ်းဆီးမိပြီ

0 comments



 
မင်းခြံခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်ဇေယျ၏ညွှန်ကြားချက်ဖြင့်(ဒ/န)ခေါင်းဆောင် ဒုရဲအုပ်ညီညီမင်းနှင့် အဖွဲ့သည် မြင်းခြံမြို့နယ် ဆီမီးခုံကျေးရွာ နဘူးအိုင်ဆီမီးခုံကားလမ်းဘေးရှိကောင်းထက်သာဆိုင်ကယ်ဆေး
မှုတ်လုပ်ငန်းမှ စန်းဝင်း(ခ)စန်းဝင်းအောင်(ခ)မှုတ်ကြီးအား သတင်းအရ စစ်ဆေးရာမှ မန္တလေးမြို့ပေါ်မှဆိုင်ကယ်များခိုးပြီး ဆီမီးခုံတစ်ဝိုက်ရောင်းချပေါင်နှံထားကြောင်း စစ်ဆေးတွေ့ရှိကာ ဆိုင်ကယ်(၁၆)စီးကို ဖမ်းဆီးဖော်ထုတ်ရရှိခဲ့ကြောင်းသိရသည်။
 ယင်းသို့ကောင်းထက်သာဆိုင်ကယ်ဆေးမှုတ်ဆိုင်၌ ဒီဇင်ဘာ(၈)ရက် ည(၇း၃၀)က၀င်ရောက်စစ်ဆေးရာ NEWANBOအမျိုးအစား125(ရုပ်ဆိုး)အနက်ေ၇ာင်ဆိုင်ကယ်တွေ့ရှိရာမှ ပိုင်ဆိုင်မှုအထောက်အထားတစ်စုံ
တစ်ရာမပြနိုင်၍ ခိုးယူသည်ဟု မသင်္ကာပြီး အရေးယူခဲ့သည်ဆို၏။ စန်းဝင်းအားအမှုတွင် ဆက်စပ်ထပ်မံစစ်ဆေးရာ ၂၀၀၇ ခုနှစ်အတွင်းက ဆိုင်ကယ်ခိုးမှုကျူးလွန်ခဲ့သူ သင်းလှိုင်(သေဆုံး)၏ ခိုးရာပါဆိုင်ကယ်(၉)စီး ထုခွဲရောင်းချပေးရာတွင် ပါဝင်မှုဖြင့် မန္တလေးမဟာအောင်မြေတရားရုံးတွင်(၂)နှစ် ၊ ချမ်းအေးသာစံရုံတွင်(၁)နှစ်ခွဲ ၊ ပေါင်း(၃)နှစ် (၆)လကျခံပြီးမန္တလေးအိုးဘိုအကျဉ်းထောင်၌ (၁)နှစ်(၂)လနေထိုင်ပြီး ထုံးဘိုရဲဘက်စခန်းသို့ပို့ဆောင်ခံခဲ့ရကာ(၂)လခွဲနေပြီး ၂၀၀၉ခုနှစ်(၂)လပိုင်းတွင် ရဲဘက်စခန်းမှထွက်ပြေးခဲ့သောရဲဘက်ပြေးတစ်ဦးဖြစ်သည်ဆို၏။စန်းဝင်းသည်ရဲဘက်ပြေးအဖြစ်နှင့်နေပြည်
တော်တိုက်ချောင်းရပ်ကွက်မြင်းခြံနယ်ကျောက်တိုင်ရွာ၌ကောင်းထက်သာဆိုင်ကယ်ဆေး မှုတ်အကြောင်းပြ
ကာမန္တလေးမြို့ပေါ်မှ နေရာအသီးသီးမှဆိုင်ကယ်(၁၆)စီးကိုခိုးယူပေါင်နှံရောင်းချထားသည်ဆို၏။မြင်းခြံခရိုင်
(ဒ/န)အဖွဲ့က ခိုးရာပါဆိုင်ကယ်(၁၆)စီးကို လိုက်လံသိမ်းဆည်းပြီး မန္တလေးတွင် အမှုဖွင့်အရေးယူပြီးပူးပေါင်းပါဝင်သူအောင်အောင်(၃၀)နှစ်၊ဖိုးသား(၂၉)နှစ်တို့ ဖမ်းဆီးရမိရေးဆောင်ရွက်
နေကြောင်းသိရသည်။
 hot news

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here