Wednesday, January 23, 2013

ဟက်ကာများကို ဖိတ်ခေါ်တဲ့ အမေရိကန်အစိုးရရဲ့ ပရောဂျက်

0 comments

Photo: ဟက်ကာများကို ဖိတ်ခေါ်တဲ့ အမေရိကန်အစိုးရရဲ့ ပရောဂျက်
-------------------------------------------------------------------
လာမယ့် ဂျွန်လ ၁ - ၂ ရက်နေ့မှာ အမေရိကန်ရဲ့ National Day of Civic Hacking အခမ်းအနားကို ကျင်းပမှာဖြစ်ပြီး ကွန်ပြူတာ ပညာရှင်များ၊ ဟက်ကားများကို အစိုးရအဖွဲ့အစည်းတွေရဲ့ အချက်အလက်များကို ၀င်ရောက်ကြည့်ရှုခိုင်းမယ်လို့ အိမ်ဖြူတော်က ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။ ဒီပွဲရဲ့ ရည်ရွယ်ချက်က အစိုးရဌာနများရဲ့ဒေတာများကို အသုံးပြုပြီး ပိုကောင်းမယ့် ပြဿနာဖြေရှင်းဖို့ နည်းလမ်းများ၊ နည်းပညာအသစ်များကို အစိုးရနဲ့ပြည်သူ ပူးပေါင်းဆောင်ရွက်တဲ့ ပရောဂျက်တစ်ခု ဖြစ်ပါတယ်။ 

ယနေ့ထိ အမေရိကန်ရဲ့ မြို့ကြီး ၂၇ မြို့က ပါဝင်ဖို့ စာရင်းပေးထားကြပြီး၊ အမေရိကန် အစိုးရဌာနတချို့ ဖြစ်တဲ့ အလုပ်သမားဝန်ကြီးဌာန၊ လူဦးရေစစ်တမ်းဌာန နဲ့ နာဆာအာကာသဌာန တို့ပါ ပူးပေါင်းပါဝင်ထားပြီး ကွန်ပြူတာဟက်ကာများကို စိန်ခေါ်စမ်းသပ်ခိုင်းမယ့် အစီအစဉ်များ ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။
(ရည်ညွန်း။ ။ http://www.whitehouse.gov/blog/2013/01/22/roll-your-sleeves-get-involved-and-get-civic-hacking)
လာမယ့် ဂျွန်လ ၁ - ၂ ရက်နေ့မှာ အမေရိကန်ရဲ့ National Day of Civic Hacking အခမ်းအနားကို ကျင်းပမှာဖြစ်ပြီး ကွန်ပြူတာ ပညာရှင်များ၊ ဟက်ကားများကို အစိုးရအဖွဲ့အစည်းတွေရဲ့ အချက်အလက်များကို ၀င်ရောက်ကြည့်ရှုခိုင်းမယ်လို့ အိမ်ဖြူတော်က ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။ ဒီပွဲရဲ့ ရည်ရွယ်ချက်က အစိုးရဌာနများရဲ့ဒေတာများကို အသုံးပြုပြီး ပိုကောင်းမယ့် ပြဿနာဖြေရှင်းဖို့ နည်းလမ်းများ၊ နည်းပညာအသစ်များကို အစိုးရနဲ့ပြည်သူ ပူးပေါင်းဆောင်ရွက်တဲ့ ပရောဂျက်တစ်ခု ဖြစ်ပါတယ်။

ယနေ့ထိ အမေရိကန်ရဲ့ မြို့ကြီး ၂၇ မြို့က ပါဝင်ဖို့ စာရင်းပေးထားကြပြီး၊ အမေရိကန် အစိုးရဌာနတချို့ ဖြစ်တဲ့ အလုပ်သမားဝန်ကြီးဌာန၊ လူဦးရေစစ်တမ်းဌာန နဲ့ နာဆာအာကာသဌာန တို့ပါ ပူးပေါင်းပါဝင်ထားပြီး ကွန်ပြူတာဟက်ကာများကို စိန်ခေါ်စမ်းသပ်ခိုင်းမယ့် အစီအစဉ်များ ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။
myanmar 1

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here