Tuesday, February 26, 2013

လာမည့် ဘဏ္ဍာနှစ်အတွင်း ကျည်ကာကား ငါးစီးအပါအ၀င် နောက်ဆုံးပေါ်ကားများ ၀ယ်ယူရန် ကျပ်သန်းပေါင်း ၁၈၀၀၀ ကျော် လျာထား

0 comments
ဖေဖော်ဝါရီ(၂၆)

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ကျည်ကာကား(Bullet Proof) ငါးစီးအပါအ၀င် နောက်ဆုံးပေါ်ကားများ ၀ယ်ယူရန် ကျပ်သန်းပေါင်း ၁၈၀၀၀ ကျော် လျာထားကြောင်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ရင်းနှီးမြှုပ်နှံမှု လျာထားချက်များ(မူကြမ်း)အရ သိရသည်။

အဆိုပါကားများ ၀ယ်ယူရန်အတွက် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၊ နိုင်ငံပိုင် အခန်းဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု လျာထားချက် ခေါင်းစဉ်အောက်တွင် ဖော်ပြတောင်းခံခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးပေါ်ကားများကို ၀ယ်ယူရန်အတွက် ငွေကျပ် သန်းပေါင်း ၁၈၄၇၀.၅၀၄ လျာထားပြီး ၀ယ်ယူမည့် ကားအမျိုးအစားများမှာ Toyota Camry XLE Model 2012 အစီး ၅၀၊ B6 Armored sedan based on Mercedes S500L (V221) (Bullet Proof) ငါးစီး၊ Mercedes Pullman Model 2012 နှစ်စီး၊ Mercedes S350 Bluetec Model 2012 အစီး ၄၀၊ Audi A-6 Model 2012 အစီး ၃၀ တို့ ဖြစ်သည်။
ထိုသို့ ကားများဝယ်ယူရန်နှင့် ပတ်သက်၍ ဒိုက်ဦးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဆွေက ဖေဖော်ဝါရီလ ၂၅ ရက်တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးရာတွင် ၅၀ ရာခိုင်နှုန်း လျော့ချရန် ဆွေးနွေးခဲ့သည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၁၀၆၁၈.၀၀၅ နှင့် နိုင်ငံပိုင် ဒေါ်လာ ၁၀ သန်းကို အသုံးပြု၍ ကားများ ၀ယ်ယူခဲ့ကြောင်း၊ ထို့အပြင် ကာလတို ငါးနှစ်စီမံကိန်းတွင် ကားဝယ်ယူရန် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၁၃၈၃၂.၀၀၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၁၅၂၁၅. ၃၀ လျာထားသည်ကို တွေ့ရှိရသောကြောင့် ယခုနှစ်တွင် အသုံးပြုမည့် ငွေပမာဏကို ၅၀ ရာခိုင်နှုန်း လျော့ချသင့်ကြောင်း ဆွေးနွေးခဲ့သည်။
၁၉၄၉ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ ပဲခူးရိုးမ ဗကပ၊ အရှေ့မြောက် ဗကပ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအားလုံး ဆန့်ကျင်တိုက်ခိုက်နေသည့် အချိန်တွင်မူ အဆိုပါကားများ အသုံးပြုခဲ့သည်ဟု မသိရှိပါကြောင်း၊ လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအား လုံးနီးပါး ငြိမ်းချမ်းရေးရရှိပြီးဖြစ်ကြောင်း ပြောကြားခဲ့ပြီး လုံခြုံရေးအရ ၀ယ်မည်ဆိုပါက ကန့်ကွက်ရန်မရှိကြောင်း ဦးမင်းဆွေက ပြောကြားသည်။
''အဆောင်အယောင်အနေနဲ့ ၀ယ်မယ်ဆိုရင်တော့၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်ကြီးများ တစ်နေ့ ၅၀၀ ပေးပြီးတော့ ဘတ်စ်ကားတွေနဲ့ လွှတ်တော်တက်နေရတဲ့အချိန်၊ လယ်သမားတွေလည်း ထမင်းတစ်နပ်စားပြီး အလုပ်လုပ်ဖို့ လမ်းညွှန်ပေးခံရတဲ့အချိန်မှာ ၀ယ်သင့်မ၀ယ်သင့် ချင့်ချိန်သုံးသပ်သင့်ကြောင့် အကြံပြု တင်ပြအပ်ပါတယ်''ဟု ဦးမင်းဆွေက ပြောကြားသည်။
 eleven media group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here