Tuesday, February 26, 2013

ရှမ်းလူမျိုးများနှင့်ဗမာလူမျိုးအကြားသပ်လျှိုသွေးခွဲနေသူတစ်ဦး

0 comments

ဖေဖော်ဝါရီ ၂၆
SSA ခေါင်းဆောင် ယွက်ဆစ်
 မကြာသေးမီရက်တွေအတွင်းက သတင်းဌာနတစ်ခုနဲ့SSA ခေါင်းဆောင်ယွက်ဆစ်တို့ တွေ့ဆုံမေးမြန်း ခန်း ကို ဖတ်လိုက်ရပါတယ်။ ယွက်ဆစ်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း ရှမ်းလွတ်မြောက်ရေးတပ်မတော် (RCSS/SSA)ရဲ့ ခေါင်းဆောင်ကြီးအဖြစ် လက်ရှိမှာအမည်ပေါက်နေပေမဲ့ တကယ်တော့ ဘိန်းဘုရင် ခွန်ဆာရဲ့ဘိန်းကိုယ်စားလှယ်တစ်ဦးဖြစ်ခဲ့သူပါ။ရှမ်းပြည်နယ်လူထုကောင်းစားရေးလို့  ကြွေးကြော်နေပေ မယ့် ယွက်ဆစ် တကယ်တန်း လုပ်ဆောင်ခဲ့တာဟာ ရှမ်းလူမျိုးတွေ ဘိန်းစားဖြစ်ရေး ဆိုတာပါပဲ။ ခွန်ဆာဟာ ဘိန်းကြောင့်ကမ္ဘာကျော် သန်းကြွယ် သူဋ္ဌေးဖြစ်လာခဲ့သလိုယွက်ဆစ်ဟာလဲခွန်ဆာကြောင့် ချမ်း သာကြွယ်ဝလာခဲ့ပြီး ထိုင်းနိုင်ငံရဲ့ သူဋ္ဌေးတစ်ဦး ဖြစ်လာခဲ့ပါတယ်။

ခွန်ဆာဟာ အမေရိကန် CIA ရဲ့ ဖမ်းဆီးခံရဖို့လက်တစ်ကမ်းအလိုမှာ အစိုးရထံ လက်နက်ချ ငြိမ်းချမ်း ရေးယူခဲ့တာဖြစ်ပါတယ်။ ခွန်ဆာတို့အဖွဲ့ လက်နက်ချတုန်းက ယွက်ဆစ် လိုက်ပါလာခဲ့ပါ တယ်။ အစိုးရနဲ့ ငြိမ်းချမ်းရေးစကား ပြောဆိုလုပ်ဆောင်ပြီးတော့မှ ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ သူ့ရဲ့ရစ ရာငွေကြေးတွေသွားယူဦးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ယွက်ဆစ်တောပြန်ခိုခဲ့တာပါဘဲ။ ဘာ ရှမ်းပြည်တော် လှန်ရေးအတွက်မှ မဟုတ်သလို မူးယစ်ဆေးဝါးကြောင့် အဆမတန်ရနေ တဲ့ ငွေကြေးတွေကိုမစွန့်လွှတ်နိုင်လို့ တောထဲမှာပြန်နေ တာ ဖြစ်ပါတယ်။ ရှမ်းလူမျိုးစစ်စစ်တွေက ယွက်ဆစ် ကိုမကြိုက်ပါဘူး။ မကြိုက်ဘူးဆိုတဲ့ အကြောင်းပြချက် ထဲမှာ နောက်ကြောင်း ပြန်ပြောရယင် လဲချား၊ မိုင်းကိုင်၊ ပန်ကေတု၊ မိုင်းရယ်စတဲ့မြို့ရွာတွေမှာ လူသတ်တယ်၊ မိန်းမလေးတွေမြင်ရင် သား မယားပြုကျင့်တယ်။ ကလေးမွေးပြီးရင်ပစ်ထားခဲ့တယ်။

ယွက်ဆစ် မှာလက်နက်နဲ့ဆိုတော့ ရှမ်းလူမျိုးတွေအနေနဲ့ နာကျည်း မုန်းတီးပေ မယ့် ပြောလို့မရတဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အဲဒီဒေသမှာ တပ်မတော်စစ်ကြောင်းတွေလာရင် ရှမ်းလူမျိုးတွေ က လှိုက်လှိုက်လှဲလှဲ ကူညီတယ်။ ရှမ်းမချောချောတွေဆိုရင် စစ်ဗိုလ်တွေ၊ စစ်သားတွေနဲ့လိုက်သွား ကြတယ်။ ယွက်ဆစ်နဲ့ ရှမ်း လက်နက်ကိုင်တွေကို ကြောက်လွန်းလို့။ ဒီကနေ့ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီးကိုကိုရဲ့ဇနီးဆိုတာ ရှမ်းအမျိုး သမီးတစ်ဦးပဲဖြစ်ပါတယ်။ ယွက်ဆစ်ရဲ့ရန် ကို ကြောက်လွန် လွန်းလို့ ရှမ်းမတွေကိုယ်တိုင်က ဗမာတွေကို ယူတဲ့ အခါကျတော့ ယွက်ဆစ်ရဲ့စိတ်ထဲမှာ အနာပေါ် တုတ်ကျ တာထက် ပိုပြီးနာခဲ့တယ်။

ယွက်ဆစ်ကိုယ်တိုင် ငယ်ငယ်ကလေးကထဲက ကျောင်းစာကိုတတ်အောင်မသင်ခဲ့သလို ခပ်ပေပေ ခပ်ဆိုးဆိုး အမျိုးအစားထဲမှာပါတဲ့ ရှမ်းလူငယ်တစ်ဦးမို့ အရောတ၀င်လုပ်တဲ့သူ မရှိလှပါဘူး။ ဒါကြောင့် SSA မှာနေရာရ လာတဲ့အခါကျတော့ ရှမ်းတွေအပေါ်မှာ နာကျည်းစိတ်နဲ့ ရွာတွေဝင်မီးရှို့ သတ်ပစ် သလို ဗမာတွေစီးလာတဲ့ ကားတွေကိုလဲ လစ်ရင်လစ်သလို ကားကိုမီးရှို့ လူကိုမသေမချင်း ၀ါးရင်း တုတ်နဲ့ ရိုက်သတ်ခိုင်းတာ ယွက်ဆစ် ပါပဲ။ ဗမာ လူမျိုးအယောက် (၂၀၀)ကျော်ကို အစုလိုက်အပြုံ လိုက် ရက်ရက်စက်စက် သတ်ခဲ့တဲ့ ဖြစ်ရပ်ဟာ မိုင်းရှူးတစ်မြို့လုံးက မျက်မြင်သိခဲ့တဲ့ဖြစ်ရပ်မှန်ပါပဲ။ အဲဒီတုန်းကစစ်အစိုးရက လူမျိုးရေးပဋိပက္ခ ဖြစ်မှာစိုးလို့ ဖုံးကွယ်ထားပေမယ့် ဗမာတွေရဲ့ရင်ထဲမှာ ယွက်ဆစ် လို့ ကြားလိုက်တာနဲ့ လူသတ်သမား၊ လူမျိုးရေးမုန်းတီးမှု ဖြစ်အောင်လုပ်နေတဲ့ အကောင်လို့ သိမြင်ကြပါတယ်။

တကယ်တော့ ယွက်ဆစ်ဆိုတာ ဘာမှမဟုတ်ပါဘူး။ လူသတ်သမား၊ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ ဒိုင်ချုပ် တစ်ဦးပဲဖြစ်ပါတယ်ဆိုတာ လူထုတွေသိအောင် ပြောလိုက်ပါတယ်။ အဖြစ်မှန်တွေမို့ မဟုတ်ဘူး ဆိုရင် ငြင်းချက် ထုတ်နိုင်ပါတယ်။

ရှမ်းပြည်သား(မိုင်းရှူး)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here