Monday, February 11, 2013

ရှပ်ပြေးရေယာဉ်ပေါ်မှ ရန်ပွဲများ

0 comments
ဖေဖော်ဝါရီ(၁၁)

Photo: ရှပ်ပြေးရေယာဉ်ပေါ်မှ ရန်ပွဲများ
-------------------------------

(၉.၂.၂၀၁၃) စနေနေ့ ညနေ (၅း၃၀) အချိန်တွင် ရန်ကုန်ဆိပ်ကမ်း မှ မော်ကျွန်း သို့ ထွက်ခွာလာသော ပုသိမ်သူရှပ်ပြေးရေယာဉ် အမှတ်(၂) ပေါ်တွင် ရန်ပွဲများဖြစ်ပွားခဲ့ကြောင်း လိုက်ပါလာသူ ခရီးသည်များက ပြောကြားခဲ့ပါသည်။
ဖြစ်ပွားပုံမှာ ကျိုက်လတ်မြို့သို့ မရောက်မီ ရေယာဉ်ထမင်းဆိုင်၌ အရက်သောက်ပြီးအလွန်အကျွံ မူးရစ်နေသူ ခရီးသည်လူငယ်တစ်ဦး၏ ရမ်းကားမှုကြောင့် ခရီးသည် ရဲဝန်ထမ်းတစ်ဦးက တားမြစ်ရာ အပြန်အလှန် ထိုးကြိတ်သတ်ပုတ်ကြသည်အထိ ရန်ပွဲကြီးမားလာသည်။အနောက်တိုင်းဆန်ဆန် ပုလင်းများကို ရိုက်ခွဲပြီး ပုလင်းခါးပြတ်ဖြင့် အရက်မူးရစ်နေသူက တိုက်ခိုက်ခြင်းဖြစ်ပြီး ၂ ဦးစလုံး သွေးသံရဲရဲဖြင့် ဒဏ်ရာများရရှိသွားကြသည်။ခရီးသည်များက သင်္ဘောတာဝန်ခံကို ၀ိုင်းဝန်းအော်ဟစ်ခေါ်ကြသော်လည်း တစ်ဦးတစ်ယောက်မျှ လာရောက်ဖြေရှင်းခြင်း မရှိဟု ခရီးသည်များကပြောကြားသည်။မြင်းကကုန်း ရောက်ခါနီးမှ ရန်ပွဲပြီးသွားကြောင်းသိရသည်။
ထမင်းဆိုင်၌ အရက်သေစာရောင်ချခြင်း၊ သင်္ဘောပေါ်တွင်တာဝန်ခံအဖြစ်ထိန်းမည့်သူမရှိခြင်း၊ ၆ ပေခန့် နေရာတွင် လူ (၄)ဦး ရောင်းချပြီး ပစ္စည်းတင်ရန် စင်မရှိခြင်း၊ ၀န်ထမ်းများဆက်ဆံရေး ပြေပြစ်မှုမရှိခြင်း၊ ၁၄.၁.၂၀၁၃ နေ့ကပုသိမ်သူဆိပ်ခံဘောမှ လူငယ်တစ်ဦးသေဆုံးပြုတ်ကျသေဆုံးခြင်း တို့ကြောင့် ခရီးသွားပြည်သူများက ရှပ်ပြေးရေယာဉ်အပေါ် စိတ်ပျက်နေလျက်ရှိကြောင်း ခရီးသွားလာမှုများပြားသူတို့က ပြောကြားပါသည်။
 Maw Gyun City

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here