Sunday, February 17, 2013

စပိန်တက္ကသိုလ်ကျောင်းတွင် ပြည့်တန်ဆာ ဘာသာရပ်ကို သီးသန့်သင်ကြား

0 comments
ဖေဖော်ဝါရီ(၁၇)


တကယ်ကို မယုံနိုင်စရာပါပဲ။ သို့ပေမယ့် တကယ်သင်နေပါတယ်။ 
ဒီပလိုမာတန်း၊ ဘွဲ့တန်းတောင် ခွဲထားပါသေးတယ်။

၂၀၁၂ခုနှစ် ပညာသင်နှစ်မှ စတင်ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ တက္ကသိုလ် ကျောင်း တစ်ခုက ဖြစ်ပါတယ်။ သင်ရုံးမှာ ကမ္ဘာ့ရှေး အကျဆုံး ပြည့်တာဆာ လုပ်ငန်းစတည်တဲ့ ဟိန္ဒူယ သမိုင်းထဲက Kama Sutra တို့အကြောင်းလည်း ပါဝင်ပါတယ်။

ယင်းသင်ရိုးစတင်စကတော့ တားဆီးသူတွေများပါတယ်။ တရားစွဲတဲ့ အဖွဲ့တွေတောင် ပေါ်ပေါက်ခဲ့ပြီး ယခုအခါကျတော့ ယင်းဘာသာရပ်မှာ လူတိုး မပေါက်တောင် ဖြစ်နေပါတယ်။ ဘာလို့လဲဆို စပိန်ဟာ ကမ္ဘာ့ မှာ ပြည့်တန်ဆာလုပ်ငန်း တွင်ကျယ်တဲ့ နိုင်ငံများထဲက တစ်ခုအပါ အဝင် မို့ ဖြစ်ပါတယ်။ ယင်းကနေ ရတဲ့ ဝင်ငွေဟာ တိုင်းပြည်ဝင်ငွေကို များစွာ အထောက်အပံ့ပြုတယ်လို့ဆိုပါတယ်။ လက်တင်အမေရိက၊ အာဖရိက၊ အာရှမှ ဆင်းရဲနွမ်းပါးသူများလာရောက် နေထိုင်တဲ့အတွက် Prostitution Business ကလည်း ကြီးကြီးမားမားကို ဖြစ်နေပါတယ်။
ယခု ယင်းတက္ကသိုလ်က မေဂျာဘာသာရပ်တစ်ခုအနေနဲ့ သင်ကြားပေးပြီး ကျောင်းပြီးတဲ့ခါ ယင်းကျောင်းမှာပဲ ဆရာပြန်လုပ် တာမျိုး၊ ပြည့်တန်ဆာ စီးပွားရေးမှာ နာလည်းကျွမ်းကျင်တဲ့ ပညာရှင်လိုမျိုး၊ ကိုယ်တိုင် စီးပွားရေးပြန်လုပ်တာမျိုး အစရှိသဖြင့် အလုပ်အကိုင်အခွင့် အလှမ်း အမျိုးမျိုးကို ဖန်တီးပေးတယ်လို့ ဆိုပါတယ်။ လက်တွေ့၊ စာတွေ့ လည်း သင်တယ်ဆိုတဲ့ ယင်း 'professional instruction' in prostitution  ဘာသာရပ်ဟာ ကမ္ဘာမှာ ပထမဆုံး ဖြစ်ကြောင်း သိရပါတယ်။ 


by 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here