Wednesday, February 6, 2013

တရုတ်လက်ဖက်များ တရားမဝင် ဝင်ရောက်နေ

0 comments
ဖေဖော်ဝါရီ(၆)

တရုတ်နိုင်ငံက တရားမဝင် ရောက်ရှိလာတဲ့ လက်ဖက် တွေကြောင့် မြန်မာနိုင်ငံက လက်ဖက် စိုက်ပျိုး ထုတ်လုပ်နေတဲ့ ပလောင် ဒေသခံတွေမှာ အခက်တွေ့ နေကြတယ်လို့ ဒီကနေ့ နံနက် ၉း၃၀ နာရီကနေ ၁၂း၃၀ နာရီအထိ ရန်ကုန်မြို့ UMFCCI မှာပြုလုပ်တဲ့ ပလောင်လက်ဖက် စိုက်ပျိုးထုတ်လုပ်ရောင်းချ သူများအသင်း ယာယီဖွဲ့စည်းခြင်း အခမ်းအနားမှာ ဒေသခံ လက်ဖက် စိုက်ပျိုးသူ တောင်သူတစ်ဦး က ပြောဆို သွားပါတယ်။

အခုလို ပြင်ပ နိုင်ငံတွေရဲ့ လက်ဖက်ဈေးကွက် ထိုးဖောက် လာမှုကြောင့်ပဲ အရင်က လက်ဖက်စိုက်ပျိုး လုပ်ကိုင်နေကြတဲ့ ပလောင်တောင်သူတွေဟာ အခုဆို အလုပ်လက်မဲ့တွေ ဖြစ်နေကြတယ်လို့ သိရပါတယ်။

ဒါကြောင့် မိမိတို့ရဲ့ မီရိုးဗလာ အလုပ်အကိုင်ဖြစ်တဲ့ ဒီလက်ဖက်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်နိုင်ဖို့ နဲ့ပြည်တွင်း ပြည်ပကနည်းပညာတွေအကူအညီတွေ ရယူနိုင်ဖို့ အပါအဝင် ရည်ရွယ်ချက် ၆ ချက်အပေါ်မှာ ပလောင်လက်ဖက် စိုက်ပျိုးထုတ်လုပ် ရောင်းချ သူများအသင်းကို ယာယီအနေနဲ့ စတင်ဖွဲ့စည်းခဲ့ကြတာ ဖြစ်ပါတယ်။
 http://www.burmavjmedia.net/

 ပလောင်လက်ဖက် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအစုအဖွဲ့(ယာယီ)အစည်းအဝေး

 
ပလောင်လက်ဖက် စိုက်ပျိုး ထုတ်လုပ် ရောင်းချသူများ အစုအဖွဲ့ (ယာယီ) ဒုတိယအကြိမ် အစည်းအဝေးကို ရန်ကုန်မြို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်း ရှင်များ အသင်းချုပ် (UMFCCI)၌ ဖေဖော်ဝါရီလ ၆ရက်နေ့ နံနက် ၁၀း၀၀ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

 
အစည်းအဝေးသို့ နန့်စမ်မြို့ရှိ ပလောင်လက်ဖက် စိုက်ပျိုး ထုတ်လုပ် ရောင်းချသူ အယောက် (၅၀) ဝန်းကျင်နှင့် (UMFCCI)ရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ် ရောင်းချသူများ စုစုပေါင်း အယောက် ၁၀၀ ခန့် တက်ရောက် ဆွေးနွေးခဲ့ကြပြီး တောင်သူတဦးမှ တရုတ်နိုင်ငံမှ တရားမဝင် တင်ပို့ရောက်ရှိလာသော လက်ဖက်များကြောင့် အဆင်မပြေဖြစ်နေရကြောင်းကို ထည့်သွင်းဆွေးနွေးခဲ့ပါသည်။ 
 
by 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here