မြစ်ကြီးနားမြို့လယ်တနေရာမြင်ကွင်း
မြစ်ကြီးနား ပြည်သူ့ဆေးရုံ ၀န်ထမ်းအိမ်ရာ လိုင်းခန်းတွင် ယနေ့ (ဖေဖော်ဝါရီ ၆ ရက်) နံနက် ၃ နာရီခွဲ ခန့် က မီးလောင်ကျွမ်းမှုဖြစ်ပွားရာ လိုင်းခန်း ၁၁ ခန်း မီးလောင်ကျွမ်းခဲ့ကြောင်း သတင်းရရှိသည်။ဝါယာရှော့ခ်ဖြစ်ပွားရာမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးဘေးသင့်မိသားစုများအား ဧမာနွေလနှစ်ချင်းဘုရားကျောင်းတွင် နေရာချပေးထားပြီးကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ပေးနေကြောင်း မြစ်ကြီးနား
ဆေးရုံမှ တာဝန်ကျဆရာဝန်တစ်ဦးက ပြောသည်။
"၁၁ ခန်းလောင်တယ်။ နှစ်ခန်းက တစ်ဝက်စီ ပါသွားတယ်။ မီးမလာတော့ ကြာတော့ ကြွက်တွေဘာတွေက ၀ါယာကြိုးတွေကို ကိုက်ထားတာတွေရှိမှာပါ။ အဲဒါကြောင့် ရှော့ခ်ဖြစ်တာ"ဟု ကယ်ဆယ်ရေးဆောင်ရွက်
ပေးနေသော လူမှုရေးအဖွဲ့တစ်ခုမှ အဖွဲ့ဝင်တစ်ဦးကဆိုသည်။
သတင်း
7Day News Journal