တာချီလိတ်မြို့နယ် စာရေးဆရာအသင်းရုံးကို ၂၀၁၃ခုနှစ် ဖေဖော်ဝါရီ(၂၅)ရက်နေ့ နံနက်(၇း၂၈)နာရီက ဖွင့်ပွဲအဖြစ် ပြုလုပ်ခဲ့ကြပါတယ်။
ဖဲကြိုးဖြတ် ဖွင့်ပွဲကို မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဌဖြစ်သူ စာရေးဆရာ လယ်တွင်းသား စောချစ်၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးနဲ့ တာချီလိတ်မြို့နယ်စာရေးဆရာအသင်း ဥက္ကဌ ဦးထိန်မင်းတို့က ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။ ဖွင့်ပွဲကို ခရိုင်/မြို့နယ် ဌာနဆိုင်ရာများအပါအ၀င် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ နဲ့ တိုင်းရင်းသားများလည်း တက်ရောက်လာခဲ့ကြတာကို တွေ့ရပါတယ်။
{စာရေးဆရာ လယ်တွင်းသား စောချစ်မှ အမှာစကားပြောကြားစဉ်}
ဖဲကြိုးဖြတ်မဖွင့်လှစ်မီမှာ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဌ စာရေးဆရာ လယ်တွင်းသား စောချစ် နဲ့ စာရေးဆရာ နေ၀င်းမြင့် တို့က အဖွင့်အမှာစကားပြောကြားပြီး စာရေးဆရာ မောင်ဖိုးစံ-ဒူးယား(ရဲအုပ် စံသိန်း) တို့က ကျေးဇူးတင်စကားပြောကြားခဲ့ကြပါတယ်။ စာရေးဆရာ လယ်တွင်းသား စောချစ် နဲ့ စာရေးဆရာ နေ၀င်းမြင့်တို့မှ အဖွင့်အမှာစကားပြောကြားသွားသည့်အနက် "တာချီလိတ်မြို့နယ်စာရေးဆရာအသင်းရုံးလို ခမ်းနားထည်ဝါမှုမျိုး ဘယ်မှာမှ မရှိသေးကြောင်း နဲ့ စာပေ၀ါသနာရှင်များအတွက် အကောင်းဆုံးဖြစ်အောင် စာကြည့်တိုက် အတွက် ဆောင်ရွက်စေလိုကြောင်း" ပြောကြားသွားတာကို ကြားသိခဲ့ရပါတယ်။
{စာရေးဆရာ နေ၀င်းမြင့် အမှာစကားပြောကြားစဉ်}
တာချီလိတ်မြို့နယ် စာရေးဆရာအသင်းရုံးကို ဆောက်လုပ်ရန်အတွက် ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ (၁၆) ရက်နေ့က စတင်ပန္နက်ရိုက်ခဲ့တာဖြစ်ပြီး၂၀၁၃ခုနှစ်ဇန်န၀ါရီလ(၁၆)ရက်နေ့မှာ ဆောက်လုပ်မှုပြီးစီး ခဲ့ရာ ကုန်ကျငွေမှာ ငွေကျပ်(၂၇၅)သိန်းကုန်ကျခဲ့ကြောင်း သိရပါတယ်။
တာချီလိတ်အွန်လိုင်းစာမျက်နှာ