Thursday, February 14, 2013

တပ်မတော်မှ နောက်ဆုတ်ထားသော ရှေ့တန်းစခန်းတခုကို KIA ပြန်လည်နေရာယူ

0 comments
Photo: တပ်မတော်မှ နောက်ဆုတ်ထားသော ရှေ့တန်းစခန်းတခုကို KIA ပြန်လည်နေရာယူ
==================================

မြန်မာအစိုးရတပ်မှ တိုက်ခိုက်သိမ်းပိုက်ထားသော ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)၏ ရှေ့တန်း တပ်စ ခန်း တစ်ခုဖြစ်သော် ဂျော်မော် (Jaw Maw)စခန်းကို အစိုးရတပ်ဖက်မှ ဆုတ်ခွာသွားသောကြောင့် ဖေဖော် ဝါရီလ ၁၀ ရက်နေ့ က KIA တပ်ရင်း (၂၅)မှ ပြန်လည်နေရာယူလိုက်ကြောင်း သိရသည်။

KIA တပ်မဟာ (၅) အောက် တပ်ရင်း (၂၅) နယ်မြေရှိ (KIA) ဂျော်မော် (Jaw Maw) ရှေ့တန်းတပ် စခန်း ကို အစိုးရတပ်ဖက်မှ ရိက္ခာပြတ်လပ်မှုကြောင့် ဆုတ်ခွာသွားခြင်းဖြစ်သည်ဟု တပ်မဟာ (၅) အရာရှိတဦး KNG ကချင်သတင်းဌာနသို့ ပြောသည်။

“အဲဒီတပ်တွေက ငတ်ပြတ်တာ အရမ်းကြာနေပြီ။ အဲဒါကြောင့် ရွာဖက်ကို ပြည်သူ လူထုတွေ၊ စီးပွားရေး သမားေ တွဆီက ပိုက်ဆံတောင်းစား ဖို့အတွက် ဆုတ်သွားတာ။ ပစ္စည်းသေးသေးတောတောတွေ ချန်ထား တယ်။ သူတို့ကြောက်လည်း နည်းနည်းတော့ ကြောက်တဲ့သဘောပဲ။ အဲဒီမှာရှိတဲ့ ကြိတ်ဆုံတွေကို မီးရှို့ ထား တယ်။ ပြီးတော့ ဗုံးတွေထောင် ထားကြတယ်။”

အဆိုပါ အစိုးရတပ်သည် ယခုချိန် မုန်လိုင်ခကျေးရွာ (Munglai Hka) အနီးရှိ နန်အီ (Nang I) ဘက်သို့ ဆုတ် သွားကြောင်း သိရသည်။

၎င်း KIA ဂျော်မော် (Jaw Maw) ရှေ့တန်းစခန်းကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အစိုးရတပ် ခမရ (၄၃၈၊ ၃၂၀) မှ စုပေါင်းအင်အား ၂၀၀ ခန့်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းကြောင့် KIA တပ်မှ ၁ ဦးကျကာ ၃ ဦးဒဏ် ရာ ရှိပြီးနောက် ဆုတ်လိုက်သည့် စခန်းဖြစ်သည်။

အစိုးရတပ်သည် KIA တပ်ရင်း (၂၅) နယ်မြေအတွင်း ဆက်လက်လှုပ်ရှားနေဆဲဖြစ်ကြောင်း သိရသည်။

၎င်းစခန်းသည် မဟာဗျူဟာ ကျသည့် စခန်းမဟုတ်သော်လည်း ကချင်လွတ်မြောက် တပ်ဖွဲ့၏ အချက်အချာ ကျသည့် နေရာတခုဖြစ်ကြောင်းလည်းသိရသည်။

ယခုချိန် အစိုးရနှင့် KIO ဒီတကြိမ်တွေ့ဆုံဆွေးနွေးမှုတွင် စစ်ပြေငြိမ်းရေးကို နှစ်ဘက်ရှေ့တန်း စခန်းများ တွင် လေ့လာကြည့်ရှုဆောင်ရွက်သွားရန် သဘောတူခဲ့ပြီးနောက် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ် ပွားခြင်း မရှိေ သာ် လည်း လဂျားယန် (Lajayang) အနီးဝန်းကျင်ရှိ အစိုးရတပ်သည် အချိန်ကန့်သတ်မရှိ သေနတ် များဖြင့် ရမ်းတန်းပစ်လျက်ရှိကြောင်း သိရသည်။
by KNG news

လူမနေသည့် စခန်းကို သိမ်းလဲ လေသံက မပြောင်းလဲသေး။ ငြိမ်းချမ်းရေး ဆိုသည့် ကာလတွင် နောင်ဖြစ် လာမည့် ပြဿနာများကား ရင်လေးဖွယ်ပင်။

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here